Connect with us

Africa & Middle East

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်သော ဇမ်ဘီယာ ဆိုလာစက်ရုံ တိုးချဲ့စီမံကိန်းက ဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ပြီဖြစ်

ဇမ်ဘီယာနိုင်ငံ Copperbeltပြည်နယ် Kitweမြို့ရှိ ဆိုလာစက်ရုံအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လုဆာကာ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

Sinohydro Corporation Limitedမှ တာဝန်ယူတည်ဆောက်သော ဇမ်ဘီယာ ဆိုလာစက်ရုံ တိုးချဲ့စီမံကိန်းသည် ဖေဖော်ဝါရီ ၁၅ ရက်က ဇမ်ဘီယာနိုင်ငံ Copperbelt ပြည်နယ် Kitweမြို့ရှိ ဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓါတ်အားထုတ်လွှတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ဇမ်ဘီယာနိုင်ငံ သမ္မတ Hakainde Hichilema တက်ရောက်ခဲ့သည်။

ဇမ်ဘီယာနိုင်ငံ Copperbeltပြည်နယ် Kitweမြို့ရှိ ဆိုလာစက်ရုံအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇမ်ဘီယာနိုင်ငံ Copperbeltပြည်နယ် Kitweမြို့တွင် ဆိုလာစက်ရုံတိုးချဲ့စီမံကိန်း လျှပ်စစ်ဓါတ်အား ထုတ်လွှတ်ခြင်း အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ကြသူများအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Hakainde Hichilemaက ဇမ်ဘီယာနိုင်ငံ Copperbelt စွမ်းအင်ကုမ္ပဏီ၏ မြစ်ကမ်းနံဘေး ဆိုလာစွမ်းအင် စီမံကိန်းကို ၃၄ မဂ္ဂါဝပ်အထိ တိုးချဲ့ တည်ဆောက်ပြီး ဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ခြင်းသည် အဓိပ္ပါယ်လေးနက်ကြောင်း၊ ဇမ်ဘီယာအနေဖြင့် လျှပ်စစ်ဓာတ်အားအကန့်အသတ်ဖြင့် သုံးစွဲရခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း ဒုက္ခများကို ဆက်ပြီး မခံစားလိုတော့ကြောင်း၊ ဤစီမံကိန်းက အနာဂတ်မျှော်မှန်းချက် အကောင်အထည်ဖော်မှုကို တွန်းအားပေးရာတွင် လျစ်လျူရှု၍မရသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ဇမ်ဘီယာနိုင်ငံ Copperbelt စွမ်းအင်ကုမ္ပဏီ၏ မြစ်ကမ်းနံဘေး ဆိုလာစီမံကိန်းသည် Copperbeltပြည်နယ် Kitweမြို့တွင် တည်ရှိပြီး ၃၁.၅ ဟက်တာရှိကြောင်း သိရသည်။ ဆိုလာစက်ရုံသည် မူလ ၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့်ပေါ်တွင် အခြေခံ၍ စက်တပ်ဆင်နိုင်စွမ်းအား ၃၃ မဂ္ဂါဝပ်နှင့် ဆက်စပ်ပစ္စည်းများတိုးချဲ့တည်ဆောက်ထားရာ နှစ်စဉ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏသည် ၅၆ ဂဂ္ဂါဝပ်နာရီ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)
………………………………….
(Chinese Version)
中企承建赞比亚光伏电站扩建项目并网发电
新华社卢萨卡2月16日电(记者彭立军)由中国水电建设集团国际工程有限公司承建的赞比亚光伏电站扩建项目15日在该国铜带省基特韦市并网发电,赞比亚总统希奇莱马出席发电仪式并为项目揭牌剪彩。
希奇莱马表示,赞比亚铜带能源公司河畔太阳能光伏项目扩建到34兆瓦并顺利并网发电意义重大,赞比亚不想继续承受拉闸限电之苦,该项目对实现这一愿景起到不可忽视的推动作用。
赞比亚铜带能源公司河畔太阳能光伏项目位于铜带省基特韦市区,占地31.5公顷,在光伏电站原有1兆瓦产能基础上扩建33兆瓦装机容量以及配套附属设施,年计划发电量5600余万度。(完)
1,2. 这是2月15日在赞比亚铜带省基特韦市拍摄的光伏电站。 新华社发(马丁•姆班圭塔摄)
3. 2月15日,人们在赞比亚铜带省基特韦市参加光伏电站扩建项目并网发电仪式。新华社发(马丁•姆班圭塔摄)