Connect with us

Africa & Middle East

အင်အားပြင်းငလျင်က တူရကီနှင့်ဆီးရီးယားရှိ လူပေါင်း ၂၃ သန်းအပေါ် ထိခိုက်မှုရှိရာ ဆီးရီးယားတွင် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

တူရကီနိုင်ငံ တောင်ပိုင်း ကာဟာမန်မာရတ်စ်(Kahramanmaras)မြို့လယ်တွင် ငလျင်လှုပ်ခတ်မှုအပြီး ရိုက်ကူးထားသော မြင်ကွင်းအား ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်း၌ ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တူရကီနှင့်ဆီးရီးယားရှိ လူပေါင်း ၂၃ သန်းအပေါ် ထိခိုက်မှုရှိခဲ့ရာ ဆီးရီးယားတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အရေးပေါ်စီမံခန့်ခွဲရေးနှင့်လှုပ်ရှားမှုဆိုင်ရာ အကြီးတန်းအရာရှိ Adelheid Marschangက ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။အင်အားပြင်းငလျင်ကြောင့် တူရကီနှင့် ဆီးရီးယား နှစ်နိုင်ငံတွင် သေဆုံးသူ ၅,၀၀၀ ကျော်၊ ဒဏ်ရာရသူ နှစ်သောင်း ကျော် ရှိခဲ့သည်။ ယင်းဖြစ်ရပ်ကို ရင်ဆိုင်ဖြေရှင်းရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၇ ရက်တွင် အထူးအစည်းအဝေးပြုလုပ်ခဲ့ရာ အစည်းအဝေးတက်ရောက်သူများက ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းမှုအဖြစ် ၁ မိနစ် ငြိမ်သက်ခဲ့သည်။

ဆီးရီးယားနိုင်ငံ ဟာမား(Hama)ပြည်နယ်တွင် ဒဏ်ရာရသူများအား သယ်ဆောင်နေသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ငလျင်ဒဏ်ကြောင့် လူပေါင်း ၂၃ သန်း ထိခိုက်မှုရှိခဲ့ပါတယ်။ဒီအထဲမှာ ထိလွယ်ရှလွယ်တဲ့ လူအုပ်စုက လူပေါင်း ၅ သန်း ရှိတယ်။ ငလျင်ဒဏ်သင့်ဒေသတွေမှာ အရပ်သုံး အခြေခံအဆောက်အအုံတွေနဲ့ ကျန်းမာရေးအခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တယ်။ အဓိကအားဖြင့် တူရကီနဲ့ ဆီးရီးယား အနောက်မြောက်ပိုင်းမှာပါ ”ဟု Adelheid Marschangက အစည်းအဝေးတွင် ပြောကြားခဲ့သည်။
WHOအနေဖြင့် လက်ရှိနှင့်နောက်ပိုင်းကာလများတွင် လိုအပ်ချက်မဖြည့်ဆည်းပေးနိုင်မှုများက ဆီးရီးယားတွင် စုပြုံလာနိုင်သည်ဟု ယူဆကြောင်း Adelheid Marschangက WHO အမှုဆောင်ဘုတ်အဖွဲ့ကို ပြောကြားခဲ့သည်။

“အခုငလျင်က အကျပ်အတည်းအထပ်ထပ်မှာ နောက်ထပ် အကျပ်အတည်း တစ်ခု ထပ်တိုးလာတာပါ”၊ “၁၂ နှစ် နီးပါးကြာ ရှုပ်ထွေးလှတဲ့အကျပ်အတည်းတွေရဲ့နောက်ဆက်တွဲတွေ အပြီးမှာ ဆီးရီးယားဒေသ အသီးသီးရဲ့လိုအပ်ချက်တွေက အထူးအရေးပေါ်အခြေအနေကို ရောက်ရှိနေပြီဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေက ဆက်တိုက်လျော့နည်းနေတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

တူရကီ၊ ဆီးရီးယား ကပ်ဘေးဒဏ်သင့်ဒေသများတွင် နောက်ဆက်တွဲ ငလျင်များ၊ အေးခဲသောရာသီဥတုများ ရှိနေဆဲဖြစ်ရာ ရှာဖွေကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများကို အစွမ်းကုန် ရှာဖွေလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က “အချိန်နဲ့အပြိုင် ကျွန်တော်တို့ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေကို စီမံနေပါတယ်၊ ဒဏ်ရာရသူများနဲ့ထိလွယ်ရှလွယ်မှုအရှိဆုံး လူအုပ်စုအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးနိုင်ဖို့ WHOအရေးပေါ် ဆေးအဖွဲ့ကွန်ရက်ကိုစတင်ထားပြီဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ (Xinhua)

—————————–
世卫:强震或致土叙2300万人受影响 叙利亚迫切需要援助
新华社北京2月8日电 世界卫生组织负责应急管理和行动的高级官员阿德尔海德•马尚7日说,土耳其南部6日发生的强烈地震可能导致土耳其和叙利亚大约2300万人受影响,叙利亚的人道主义援助需求非常急迫。
强震已致土耳其、叙利亚两国超过5000人死亡、两万余人受伤。世卫组织7日在瑞士日内瓦召开特别会议商讨应对举措,与会者为地震遇难者默哀1分钟。
“(地震)可能导致2300万人受灾,其中包括弱势群体500万人,”马尚在会上说,“受影响地区的民用基础设施和潜在卫生基础设施遭到破坏,主要涉及土耳其以及叙利亚西北部。”
马尚告诉世卫组织执行委员会,世卫组织认为,从目前和今后一段时期来看,未能满足的需求可能集中出现在叙利亚。
她说,这次地震是“叠加在多重危机上的一次危机”,“经历近12年旷日持久的复杂危机后,叙利亚各地需求达到最急迫水平,而人道主义资金继续减少”。
土叙受灾地区仍有余震、天气寒冷,搜救人员眼下正全力寻找幸存者。世卫组织总干事谭德塞说:“这是与时间的赛跑……我们正在调动应急物资、启动了世卫组织应急医疗队网络,为受伤人员和最脆弱人群提供基本医疗。”(包雪琳)
1.这是2月7日在土耳其南部卡赫拉曼马拉什市市中心拍摄的震后景象(无人机照片)。新华社发(穆斯塔法•卡亚摄)
2.2月6日,人们在叙利亚哈马省转运伤者。新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.