Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ဘုရားကျောင်း အဆောက်အဦအတွင်းပိုင်း ပြိုကျမှုကြောင့် လူပေါင်း ၃၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ Indore မြို့ အချင်းဖြစ်ပွားရာဘုရားကျောင်းတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မဇ္ဈဒေသ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Indore မြို့ အချင်းဖြစ်ပွားရာဘုရားကျောင်းတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် Indoreမြို့ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခု မတ် ၃၀ ရက်က ပြိုကျမှု ဖြစ်ပွားရာ လူပေါင်း ၃၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

အချင်းဖြစ်ရပ်မှာ ဘုရားကျောင်းအတွင်းရှိ လှေကားခွင်ရေတွင်းအဖုံး ရုတ်တရက် ပြိုကျမှုကြောင့် အပေါ်တွင် မတ်တပ်ရပ်နေသူများ ရေတွင်းထဲသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က ၁၇ ဦး ကယ်ဆယ်ခဲ့တယ်။ ရုပ်အလောင်း ၃၆ ခု ကို ရှာတွေ့ခဲ့တယ်” ဟု ယင်းဒေသရှိ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ဆင်ဟွာကို ပြောသည်။ သေဆုံးသည့် အဓိက အကြောင်းအရင်းမှာ ရေနစ်၍ ဖြစ်ကြောင်း၊ လှေကားခွင်ရေတွင်းသည် ပေ ၆၀ (၁၈ မီတာ)နက်ပြီး အထဲတွင် ရေအများအပြားရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုသည် ဟိန္ဒူဘာသာဝင်များက ဘုရားကျောင်းတွင် ဘာသာရေးပွဲတော် ကျင်းပနေချိန်ဖြစ်ရာ ဘုရားကျောင်းအတွင်း လူ ၈၀ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း ဒေသခံအစိုးရအရာရှိတစ်ဦးက ဆိုသည်။
ဘုရားကျောင်းအတွင်း လှေကားခွင် ရေတွင်းအဖုံးသည် ဝန်ဖိအားများခြင်းကြောင့် ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း Madhya Pradesh ပြည်နယ်ဝန်ကြီး Shivraj Singh Chouhanက ပြောကြားခဲ့သည်။

အဆိုပါရေတွင်း၌ ရေအနက်ပမာဏ ၇.၅ မီတာခန့် ရှိကြောင်း၊ ရေတွင်းထဲ ပြုတ်ကျသေဆုံးသူအများအနက် အမျိုးသမီးများ၊ ကလေးငယ်များနှင့် ၁၈ လအရွယ် ကလေးငယ်တစ်ဦးအပါအဝင်ကြောင်း The Times of India သတင်းဖော်ပြချက်များအရ သိရသည်။

လှေကားခွင်ရေတွင်းသည် အိန္ဒိယ၌ တွေ့နေမြင်နေကျဖြစ်သလို ရှေးအိန္ဒိယယဉ်ကျေးမှု၏ အထင်ကရ အဆောက်အဦ ဖြစ်ပြီး အများအားဖြင့် နှစ်ပေါင်းရာချီသမိုင်းရှိရာ ရေသိုလှောင်ခြင်း၊ အအေးခံခြင်း စသည်တို့တွင် အသုံးပြုလေ့ရှိကာ လူအများက ထိုလှေကားမှတစ်ဆင့် မြေအောက် ရေလှောင်ကန်သို့ သွားနိုင်သည်။ (Xinhua)

………………………………..
(Chinese Version)
印度一寺庙内部塌陷 36人死亡
印度中央邦城市印多尔一座印度教寺庙3月30日发生塌陷事故,造成36人死亡、16人受伤,起因是寺内阶梯井的盖板突然塌陷,站在上面的人坠入井中。
当地高级警官马尼什•卡普里亚3月31日告诉法新社记者:“昨天17人获救。已找到36具遗体。”按照当地官员的说法,主要死因可能是溺水,因为阶梯井“有60英尺(约18米)深,而且里面有大量水”。
事故发生时,不少印度教教徒聚集在寺庙内庆祝一个宗教节日。当地官员估计,事发时寺庙内有80人。中央邦首席部长希夫拉杰•辛格•乔汉说,寺庙内遮盖阶梯井的盖板因“额外承重”而塌陷。
据《印度时报》报道,当时站在盖板上的人坠入约7.5米深的水中,包括多名女性、儿童以及一名18个月大的婴儿。
阶梯井在印度很常见,是古代印度文明的一个标志性建筑物,多有数百年以上历史,提供蓄水、纳凉等多种用途,人们可经由阶梯通往地下的蓄水池。
1.3月30日,在印度印多尔,人们在发生坍塌事故的寺庙内进行救援工作。新华社发