Connect with us

Europe

စပိန်နိုင်ငံတွင် တရုတ်ကား တင်သွင်းမှု ၂၀၂၂ ခုနှစ်အတွင်း အဆ ၂၀ တိုးတက်လာ

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ပြုလုပ်သော Swedish eCarExpo 2023 တွင် MG လျှပ်စစ်ကားအား ကြည့်ရှုနေကြသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘာစီလိုနာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယမ်နိုင်ငံ အန့်တွပ်မြို့ Wilrijk မော်တော်ယာဉ် ပြခန်းတွင် တရုတ်နိုင်ငံမှ တင်သွင်းလာသော Aiways လျှပ်စစ်ကားများကို ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် မြို့တော် ချိန်တူးတွင် Chengdu Motor Show 2022တွင် Lynk & Co မော်တော်ယာဉ်အား ကြည့်ရှုနေကြသည်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်အမှတ်တံဆိပ်မော်တော်ကားများသည် စပိန်ဈေးကွက်တွင် အခြေကျနေပြီဖြစ်ရာ ၂၀၂၂ ခုနှစ်က စပိန်နိုင်ငံသို့ တင်ပို့သောပမာဏမှာ အဆ ၂၀ တိုးတက်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် စပိန်နိုင်ငံ၌ တရုတ်မော်တော်ယာဉ်ရောင်းချမှုမှာ ယူရိုငွေ ၁.၃၉ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁.၅၁ ဘီလီယံ)ရှိခဲ့ရာ ပြီးခဲ့သည့်နှစ် ယူရိုငွေ ၆၈ သန်းမှ မြင့်မားလာခဲ့ခြင်းဖြစ်ကြောင်း စပိန်မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း(ANFAC)၏ ယခုလ ထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ဤကဲ့သို့ ရောင်းအားပမာဏ များစွာ မြင့်တက်လာခြင်းမှာ တရုတ်နိုင်ငံက ဗြိတိန်နိုင်ငံနေရာတွင် အစားထိုး၍ ဂျာမနီ၊ ပြင်သစ် ၊ ချက်စသည့်နိုင်ငံများပြီးလျှင် စပိန်နိုင်ငံသို့ မော်တော်ယာဉ်တင်ပို့သော စတုတ္ထအကြီးဆုံး နိုင်ငံ ဖြစ်လာခဲ့ဖြစ်သည်။

“လာမယ့်နှစ်တွေမှာ တရုတ်အမှတ်တံဆိပ်တွေရဲ့ဈေးကွက်နေရာယူမှုက ပိုများလာမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ ဒါက စပိန်ဈေးကွက်တင် မဟုတ်ပါဘူး ၊ ဥရောပ ဈေးကွက်မှာလည်း ဒီလိုပါပဲ။ တခြား ဈေးကွက်တွေမှာလည်း ဒီလိုပါပဲ။ ဥပမာ တောင်အမေရိကမှာဆို တရုတ်အမှတ်တံဆိပ်တွေက အဓိက နေရာယူနေပါတယ်” ဟု Faconauto၏ ဆက်သွယ်ရေး ဒါရိုက်တာ Raul Moralesက ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(English Version)
Spanish imports of Chinese cars 20 times higher in 2022

BARCELONA, Spain, March 31 (Xinhua) — Chinese car brands are gaining a strong foothold in the Spanish market, with exports to Spain 20 times higher in 2022.

Figures published this month by the Spanish association of automobile manufacturers (ANFAC) show that Chinese vehicles worth 1.39 billion euros (1.51 billion U.S. dollars) were sold in Spain in 2022, up from 68 million euros a year before.
This huge rise in sales means China replaced the United Kingdom as the fourth-largest exporter of cars to Spain, behind Germany, France and the Czech Republic.
“In the next few years we can expect the market share of Chinese brands to rise significantly, not only in the Spanish market but also in the European market. This has happened in other markets such as South America, where right now Chinese brands predominate,” said Raul Morales, director of communications at Faconauto.
1. People look at an MG electric vehicle at the Swedish eCarExpo 2023 in Stockholm, Sweden, on Feb. 3, 2023. (Photo by Wei Xuechao/Xinhua)
2. Visitors learn about Aiways electric cars imported from China at a showroom of an automobile market in Wilrijk of Antwerp, Belgium, July 8, 2021. (Xinhua/Zheng Huansong)
3. Visitors view a Lynk & Co concept car at the Chengdu Motor Show 2022 in Chengdu, capital of southwest China’s Sichuan Province, Aug. 26, 2022. (Xinhua/Shen Bohan)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.