Connect with us

International Organizations

ဆူဒန် ပဋိပက္ခဖြစ်ပွားသူများ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ကိုယ်စားလှယ် တိုက်တွန်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ ဧပြီ ၂၄ ရက်က ကျင်းပသော ကုလသမဂ္ဂပဋိညာဉ်စာချုပ်နှင့်နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးအား ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ၏ အခြေအနေ သုံးသပ်ရေး အရေးပေါ်အစည်းအဝေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဧပြီ ၂၅ ရက်တွင် ကျင်းပခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်းက အခြေအနေတင်းမာမှုများ ထပ်ဆင့်တိုးလာမှု ရှောင်ရှားနိုင်ရေးအတွက် ဆူဒန်ပဋိပက္ခဖြစ်ပွားသူများ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆူဒန်လက်နက်ကိုင် ပဋိပက္ခ ရုတ်တရက်ဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရမှုများနှင့် အခြေခံအဆောက်အဦပျက်စီးမှုများ အကြီးအကျယ် ဖြစ်ပေါ်စေခဲ့ကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။ ဆူဒန်နိုင်ငံ၏ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း အနေဖြင့် တရုတ်နိုင်ငံသည် ဆူဒန်နိုင်ငံ ပဋိပက္ခအခြေအနေပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် အလွန်ဝမ်းနည်းရကြောင်း၊ ပဋိပက္ခ ဖြစ်ပွားသော နှစ်ဖက်က နိုင်ငံနှင့်ပြည်သူ၏အကျိုးစီးပွားကို အလေးထားပြီး လူသားချင်းစာနာထောက်ထားမှုနှင့် အပစ်အခတ်ရပ်စဲရေးကို ထိရောက်စွာ ဆောင်ရွက်ရန်၊ အရပ်သားပြည်သူ၊ ဆူဒန်ရှိ နိုင်ငံခြားဌာနများ၊ နိုင်ငံခြားသားများနှင့်သံတမန်အဖွဲ့များ၏ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ရန် ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်မှုများနှင့် လူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးအတွက် လုံခြုံရေးအာမခံချက်နှင့်ထောက်ပို့ရေး အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာအသီးသီးက တရုတ်နိုင်ငံသားများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး အကူအညီနှင့် အဆင်ပြေချောမွေ့ရေး ဆောင်ရွက် ပေးခြင်းအတွက် တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။

အာဖရိက သမဂ္ဂ၊ IGAD၊ အာရပ်အဖွဲ့ချုပ်စသည့် ဒေသတွင်းအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဒေသတွင်းနိုင်ငံများ၏ ဆူဒန်အရေး၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်မှုကို တရုတ်နိုင်ငံက တန်ဖိုးထားအသိအမှတ်ပြုကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြုသလို ကုလသမဂ္ဂက ဒေသတွင်းနိုင်ငံများနှင့် ညှိနှိုင်းမှုများ ဆက်လက် ထိန်းသိမ်းကာ စုပေါင်းအင်အားဖော်ဆောင်မှုကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)
(国际)中国代表呼吁苏丹冲突双方尽快实现停火
新华社联合国4月25日电联合国安理会25日举行紧急会议审议苏丹局势。中国常驻联合国代表张军在会上呼吁苏丹冲突双方尽快实现停火,避免局势进一步升级。
张军表示,苏丹突发武装冲突,造成大量平民伤亡和基础设施损毁。作为苏丹的好朋友、好伙伴,中方对苏丹局势再陷动荡深感痛惜。张军呼吁冲突双方以国家和人民利益为重,确保人道停火执行到位,切实保护平民,保护在苏丹外国机构、人员和外交使团安全,为人道救援和人员撤离转移提供安全保障和后勤便利。中方感谢有关各方为中方人员撤离转移提供的帮助和便利。
张军指出,中方赞赏非盟、伊加特(东非政府间发展组织)、阿盟等地区组织和有关地区国家为应对苏丹局势发挥的关键作用。中方对联合国所作努力表示肯定,支持联合国继续同地区组织保持协调、形成合力。

1. 4月24日,在位于纽约的联合国总部,中国常驻联合国代表张军(前中)在安理会关于维护《联合国宪章》和多边主义公开辩论会上发言,呼吁各国践行真正的多边主义。新华社记者谢锷摄