Connect with us

China

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်(GSI) အဆိုပြုပြီး တစ်နှစ်ကြာကာလ ရလဒ်များအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းအား ၂၀၂၃ ခုနှစ် ဧပြီ ၂၁ ရက်က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဧပြီ ၂၁ ရက်သည် သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်(GSI)ကို အဆိုပြုခဲ့သော တစ်နှစ်ပြည့်နှစ် ဖြစ်သည်။ ဤတစ်နှစ်တာကာလတွင် တရုတ်နိုင်ငံက အဆိုပြုချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ရလဒ်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက မိတ်ဆက် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက နိုင်ငံအသီးသီးနှင့်အတူ ဘုံလုံခြုံရေး၊ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ လက်ကိုင်ထားပြီး သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေးစိန်ခေါ်မှုများကို ဟန်ချက်ညီစွာ ကိုင်တွယ်ဖြေရှင်းကာ လူသားမျိုးနွယ်တို့၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဟူသော မြင့်မြတ်သည့်လုပ်ငန်းစဉ်အား လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြောင်းလဲရှုပ်ထွေးနေသည့် နိုင်ငံတကာ လုံခြုံရေးအခြေအနေကို ရင်ဆိုင်ရာတွင် သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်(GSI)ကို အလေးအနက်ထား အဆိုပြုခဲ့ပါကြောင်း၊ စည်းလုံးညီညွတ်စွာဖြင့် နက်ရှိုင်းစွာ ပြောင်းလဲလာသော နိုင်ငံတကာအခင်းအကျင်းတွင် လိုက်လျောညီထွေ ဖြစ်စေရန်၊ ဘုံအကျိုးဖြစ်ထွန်းစေလိုမှုဖြင့် ရှုပ်ထွေးနေသော လုံခြုံရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အဆိုပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းမှာ နိုင်ငံတကာပဋိပက္ခ၏အရင်းအမြစ်ကို ဖယ်ရှားရန်၊ ကမ္ဘာ့လုံခြုံရေး စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်လာစေရန်၊ နိုင်ငံတကာအသိုက်အဝန်းအတူလက်ချင်းချိတ်ဆွဲ၍ မတည်မငြိမ် ပြောင်းလဲနေသည့်ခေတ်ကာလတွင် ပို၍ တည်ငြိမ်မှုနှင့်သေချာရေရာမှုများကို ဖြည့်တင်းပြီး ကမ္ဘာ၏ စဉ်ဆက်မပြတ် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်ရေးကို ရည်သန်ခြင်း ဖြစ်ကြောင်း ဝမ်ဝန်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါ အရေးကြီးအဆိုပြုချက်သည် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုနှင့် နွေးထွေးစွာ လက်ခံမှုကို ရရှိခဲ့ရာတွင် နိုင်ငံပေါင်း ၈၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများစွာ၏ နှစ်သက်စွာ အားပေးထောက်ခံမှုကို ရရှိခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၏ အဆိုပြုသူ ဖြစ်သလို ဒီအရေးကြီးအဆိုပြုချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသူလည်း ဖြစ်တယ်”ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဘုံ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို လက်ကိုင်ထား၍ နိုင်ငံအသီးသီးနှင့်အတူ လုံခြုံရေးအတွေးအခေါ်ဖလှယ်မှု၊ နိုင်ငံရေးမူဝါဒ ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်ကာ လက်နက်မှ ငြိမ်းချမ်းရေးအသွင်၊ လုံခြုံရေး အေးအတူပူအမျှအသွင်သို့ တွန်းအားပေး ဆောင်ရွက်ခဲ့ပါကြောင်း ၊ မကြာသေးမီက တရုတ်နိုင်ငံမှထုတ်ပြန်သော 《ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်(GSI)အယူအဆ စာတမ်း》ကို ထုတ်ပြန်ခဲ့ရာတွင် အဆိုပြုချက်၏ အဓိကအတွေးအခေါ်နှင့်မူဝါဒများ၊ အဓိကပူးပေါင်းဆောင်ရွက်မှု ဦးတည်ချက်၊ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းနှင့်ယန္တရားများကို ထပ်ဆင့် ရှင်းလင်းဖော်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် သံတမန်ရေး ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုများကို တက်ကြွစွာ ဆောင်ရွက်ခဲ့ရာတွင် အီရန်နျူကလီးယားအရေး၊ ကိုရီးယားကျွန်းဆွယ်၊ ဆီးရီးယား ၊ပါလက်စတိုင်းစသည့် ဂရုပြုကြသော ပြဿနာများတွင် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး တွန်းအားပေးမှုတွင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် 《ယူကရိန်းအကျပ်အတည်း နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးအပေါ် တရုတ်နိုင်ငံ၏ရပ်တည်ချက်》၊ 《အာဖဂန်နစ္စတန်အရေး တရုတ်နိုင်ငံ၏ ရပ်တည်ချက်》စာတမ်းများကို ထုတ်ပြန်ခဲ့သလိုပင် ငြိမ်းချမ်းရေးဘက်မှ ခိုင်မာစွာ ရပ်တည်သွားမည် ဖြစ်ကြောင်း ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ မကြာသေးမီက ဆော်ဒီအာရေဗျနှင့် အီရန် နိုင်ငံတို့၏ ပေကျင်းမြို့၌တွေ့ဆုံမှုသည် ကြီးမားသော ရလဒ်များ ရရှိခဲ့ကြရာ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် နှစ်နိုင်ငံအတူ ကြေညာခဲ့ကြကြောင်း၊ ၎င်းမှာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)၏ လက်တွေ့အောင်မြင်မှုတစ်ရပ်ဖြစ်သလို ဒေသတွင်းနိုင်ငံများအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် ပဋိပက္ခကွဲလွဲမှုများကို ဖြေရှင်းရေး၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဆက်ဆံရေး ဖော်ဆောင်မှု၏ စံနမူနာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ဝန်ပင်းက တရုတ်နိုင်ငံသည် နိုင်ငံတကာလုံခြုံရေးကဏ္ဍ ဖလှယ်မှုများကို တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်ခဲ့သလို အာဖရိကဒေသ နိုင်ငံများ ပထမအကြိမ် “တရုတ်-အာဖရိက ဦးချိုဒေသ” ငြိမ်းချမ်းရေးအစည်းအဝေးကို တွန်းအားပေးဆောင်ရွက်ခဲ့ရာတွင် ဒေသငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့်စီမံခန့်ခွဲရေးကဏ္ဍများတွင် အရေးကြီးသဘောတူညီချက်များကို မြှင့်တင်မှု၊ အာဖရိကလုံခြုံရေးနှင့်တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရာတွင် အပြုသဘောစွမ်းအားဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံက “ဒုတိယအကြိမ် အရှေ့အလယ်ပိုင်း လုံခြုံရေးဖိုရမ်”ကိုလည်း အောင်မြင်စွာ ကြီးမှူးကျင်းပနိုင်ရာ နိုင်ငံတကာ အသိုက်အဝန်းအတူ အရှေ့အလယ်ပိုင်း လုံခြုံရေးမူဘောင်သစ်တည်ဆောက်ရေးအတွက် အကြုံပြုချက် ၄ ရပ် အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
“မိမိတို့အနေနဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၊ အာရှ အပြန်အလှန်ညှိနှိုင်းရေးနှင့်ယုံကြည်မှုတည်ဆောက်ရေးညီလာခံ(CICA)၊ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားစတဲ့ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံပလက်ဖောင်းတွေမှာ လုံခြုံရေးကဏ္ဍဖလှယ်ရေးကို တွန်းအားပေးဆောင်ရွက်ခဲ့သလို နိုင်ငံတကာအသိုက်အဝန်းက လုံခြုံရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ သဘောတူညီမှုနှင့်စုပေါင်းအင်အားကို စုစည်းခဲ့ပါတယ်”ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။

ကပ်ရောဂါတိုက်ဖျက်ရေး၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ ဇီဝကဏ္ဍ၊ အင်တာနက်ကွန်ရက်၊ စားနပ်ရိက္ခာ၊ ရာသီဥတုပြောင်းလဲမှုစသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍ တွင် တရုတ်နိုင်ငံက နိုင်ငံအသီးသီးနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံသည် G20 မူဘောင်အောက်တွင် အပြည်ပြည်ဆိုင်ရာစားနပ်ရိက္ခာဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်ကို အဆိုပြုခဲ့သလို 《BRICနိုင်င့များ စားနပ်ရိက္ခာဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ》ကို တွန်းအားပေး၍ လက်ရှိ စားနပ်ရိက္ခာအကျပ်အတည်း ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံ၏ နည်းလမ်းများကို ပံ့ပိုးပေးခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။

“တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ ကပ်ရောဂါကာကွယ်ရေးနှင့်လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစင်တာကို ဒီနှစ်ဖေဖော်ဝါရီလမှာ တရားဝင် စတင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့အဆိုပြုချက်မူဘောင်အောက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သမားရိုးကျမဟုတ်သော လုံခြုံရေးစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းမှာ အားကောင်းတဲ့ ကူညီပံ့ပိုးမှုနောက်ထပ်တစ်ခု ဖြစ်ပါတယ်”ဟု ဝမ်ဝန်ပင်းက ဆိုသည်။

“ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)က နိုင်ငံတကာ ပြည်သူ့ထုတ်ကုန်ဖြစ်ပြီး ကမ္ဘာ့ပြည်သူများရဲ့အေးချမ်းသာယာရေးကို စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံအသီးသီးနှင့်အတူ ဘုံလုံခြုံရေး၊ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ လက်ကိုင်ထားပြီး သမားရိုးကျနဲ့ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးစိန်ခေါ်မှုများကို ဟန်ချက်ညီစွာ ကိုင်တွယ်ဖြေရှင်းကာ လူသားမျိုးနွယ်တို့ရဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ မြင့်မြတ်တဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားရန် အသင့်ရှိတယ်”ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………….
(Chinese Version)
外交部发言人介绍全球安全倡议提出一周年成果
新华社北京4月21日电(记者马卓言)4月21日是习近平主席提出全球安全倡议一周年,外交部发言人汪文斌介绍了一年来中方推进落实倡议的措施及成果。他表示,中方愿同各方一道,秉持安全共同体理念,坚持真正的多边主义,协力应对各种传统和非传统安全挑战,共同推进人类和平发展的崇高事业。
汪文斌在例行记者会上说,面对变乱交织的国际安全形势,习近平主席郑重提出全球安全倡议,倡导以团结精神适应深刻调整的国际格局,以共赢思维应对复杂交织的安全挑战,旨在消弭国际冲突根源、完善全球安全治理,推动国际社会携手为动荡变化的时代注入更多稳定性和确定性,实现世界持久和平与发展。这一重大倡议得到国际社会的广泛赞誉和积极响应,已有80多个国家和一些国际组织对倡议表示赞赏、支持。
“中国是全球安全倡议的提出者,更是落实这一重大倡议的行动派。”汪文斌说,中方秉持共同、综合、合作、可持续的安全观,同各方深入开展安全理念交流和政策沟通,推动铸剑为犁、安危与共。不久前,中方发布《全球安全倡议概念文件》,进一步阐释了倡议的核心理念与原则、重点合作方向及合作平台和机制。
汪文斌说,中方积极开展斡旋外交,为推动伊朗核、朝鲜半岛、叙利亚、巴勒斯坦等热点问题的政治解决不懈努力。我们发布了《关于政治解决乌克兰危机的中国立场》《关于阿富汗问题的中国立场》文件,坚定站在和平一边。不久前,沙特和伊朗在北京对话取得重大成果,两国宣布恢复外交关系,这是全球安全倡议的一次成功实践,为地区国家通过对话协商化解矛盾分歧、实现睦邻友好树立了典范。
汪文斌说,中方积极推进国际安全对话交流,推动非洲地区国家举办首届“中国-非洲之角”和平会议,就促进地区和平、发展和治理达成重要共识,为维护非洲安全稳定注入正能量;成功主办第二届中东安全论坛,就国际社会共同推动构建中东安全新架构提出四点建议。“我们还在上海合作组织、亚洲相互协作与信任措施会议、东亚合作各机制等多边平台积极推动各方开展安全领域交流合作,汇聚国际社会应对安全挑战共识与合力。”
汪文斌说,中方积极致力于同各方开展抗疫、反恐、生物、网络、粮食、气候变化等非传统安全领域合作。中方在二十国集团框架下提出国际粮食安全合作倡议,推动通过《金砖国家粮食安全合作战略》,为解决当前粮食危机提供中国方案。“中国-太平洋岛国防灾减灾合作中心已于今年2月正式启用,这是我们在倡议框架下帮助发展中国家应对非传统安全挑战的又一有力行动。”
“全球安全倡议是国际公共产品,守护的是全世界人民的幸福安宁。中方愿同各方一道,秉持安全共同体理念,坚持真正的多边主义,协力应对各种传统和非传统安全挑战,共同推进人类和平发展的崇高事业。”汪文斌说。(完)