Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်၍ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သည့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov တို့ ရှီးအန်းမြို့တွင် မေ ၁၈ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ရှီးအန်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်၍ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သည့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarovနှင့် ရှီးအန်းမြို့တွင် မေ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်၍ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သည့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov တို့ ရှီးအန်းမြို့တွင် မေ ၁၈ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်က ကာဂျစ္စတန် သမ္မတ Sadyr Japarovကို တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ခြင်းနှင့် နိုင်ငံတော် အလည်အပတ် ခရီးစဉ် လာရောက်ခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က မိမိတို့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-ကာဂျစ္စတန် ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများတွင် အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ကြောင်း ၊ ယင်းသဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည်ဖော်လျက်ရှိရာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းသည့် တွန်းအား ဖြစ်စေခဲ့ကြောင်း၊ အဆွေတော် သမ္မတ ရာထူးတာဝန်ထမ်းဆောင်ပြီးနောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ လူနေမှုဘဝကောင်းမွန်စေရန်၊ နိုင်ငံရေးအင်အားစုများအကြား ရင်ကြားစေ့ရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ရာတွင် ကာဂျစ္စတန် ပြည်သူများ၏ အားပေးထောက်ခံမှုကို ရရှိခဲ့ကြောင်း ၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် ကာဂျစ္စတန်နိုင်ငံ၏ လုပ်ငန်းကဏ္ဍအသီးသီးသည် အောင်မြင်မှုရလဒ်များ အဆက်မပြတ် ရရှိလာလိမ့်မည်ဟု ယုံကြည်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်-ကာဂျစ္စတန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု သမိုင်းသည် ၃၁ နှစ်ကြာရှိပြီဖြစ်ရာ တရုတ်နိုင်ငံ အနေဖြင့် ကာဂျစ္စတန်နိုင်ငံနှင့်အတူ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး၊ သာယာဝပြောရေးကိုမျှဝေသော တရုတ်-ကာဂျစ္စတန် အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်ကာ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့် ဆောင်ရွက်သွား လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(Chinese Version)
习近平同吉尔吉斯斯坦总统扎帕罗夫会谈
5月18日,国家主席习近平在西安同来华出席中国—中亚峰会并进行国事访问的吉尔吉斯斯坦总统扎帕罗夫会谈。
习近平指出,欢迎扎帕罗夫总统来华出席中国—中亚峰会并进行国事访问。去年我们两度会面,就中吉关系和两国各领域合作达成重要共识。这些共识正在得到有效落实,为两国关系发展注入强劲动力。你就职以来励精图治,发展经济,改善民生,推动各派政治力量和解,得到广大吉尔吉斯斯坦人民拥护和支持。相信在你领导下,吉尔吉斯斯坦各项事业一定会不断取得新成就。

中吉关系已经走过31年发展历程,中方愿同吉方构建睦邻友好、共享繁荣的中吉命运共同体,开展全方位合作,助力两国发展振兴。

1. 5月18日上午,国家主席习近平在西安同来华出席中国-中亚峰会并进行国事访问的吉尔吉斯斯坦总统扎帕罗夫会谈。