Connect with us

China

တရုတ်နိုင်ငံအတွင်းမွန်ဂိုလီးယားတွင် တချိန်ကမျိုးသုဉ်းသွားခဲ့သော ကျူးလစ်ပင်များပြန်လည်ရှာဖွေတွေ့ရှိ

တရုတ်နိုင်ငံမြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချစ်ဖုန်း မြို့ရှိ Gogestai Khan Uul National Nature Reserve ရှိ ကျူးလစ်မွန်ဂိုလီကာ အပင်ကို ၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက် ကတွေ့ရစဉ် (ဓာတ်ပုံ-- Zhao Liqing/Inner Mongolia University/Handout via Xinhua)

ဟူးဟော့၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်းအတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သုတေသီများက ဒေသတွင်း၌ နှစ်ပေါင်း ၄၀ ကျော်တိုင်အောင် မတွေ့မမြင်ခဲ့သည့် မျိုးစိတ်ဖြစ်သော ကျူးလစ်မွန်ဂိုလီကာပင်များ (Tulipa monlica) အလေ့ကျပေါက်ရောက်နေမှုကို တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံမြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချစ်ဖုန်း မြို့ရှိ Gogestai Khan Uul National Nature Reserve ရှိ ကျူးလစ်မွန်ဂိုလီကာ အပင်ကို ၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက် ကတွေ့ရစဉ် (ဓာတ်ပုံ– Zhao Liqing/Inner Mongolia University/Handout via Xinhua)

မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်သာပျံ့နှံ့စွာပေါက်ရောက်လျက်ရှိသော အဝါရောင်တောက်ပနေသည့် ပန်းမျိုးစိတ်များကို ၁၉၇၉ ခုနှစ်တွင် နောက်ဆုံးနမူနာယူပြီးနောက် မျိုးသုဉ်းသွားဖွယ်ရှိကြောင်း သိရသည်။

ယင်းအပင်များကို ချစ်ဖုန်း မြို့၊ Gogestai Khan Uul National Nature Reserve ရှိ တစ်ဟက်တာအကျယ်အဝန်းတွင် ယခုလအစောပိုင်းကတွေ့ရှိခဲ့ဖြစ်ကြောင်း အတွင်းမိုဂိုလီးယား တက္ကသိုလ်မှ ရုက္ခဗေဒပညာရှင် Zhao Liqing က ပြောကြားခဲ့သည်။
ယခုတွေ့ရှိမှုသည် တရုတ်နိုင်ငံ၏ ဂေဟစနစ် ကာကွယ်ရေးနှင့် နိုင်ငံ၏ မျိုးသုဉ်းလနီးပါးအပင်များကို လေ့လာခြင်းအတွက် အလွန်အရေးကြီးကြောင်း Zhao က ပြောကြားခဲ့သည်။

ကျူးလစ်မိုဂိုလီကာ သည် ၁၀-၂၅ စင်တီမီတာ မြင့်သော နှစ်ရှည်အပင်ဖြစ်ပြီး ဘဲဥပုံသဏ္ဍာန်နှင့် အဝါရောင် perianth အပိုင်းများပါရှိကြောင်း ၎င်းကို တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် ကာကွယ်မှုအဖြစ်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)

…………………………………….
(English Version)
Once-extinct tulips rediscovered in China’s Inner Mongolia
HOHHOT, May 18 (Xinhua) — Researchers in north China’s Inner Mongolia Autonomous Region have found wild plants of Tulipa mongolica, a species that had not been sighted for more than 40 years in the region.
The bright yellow flowers, distributed solitarily in Inner Mongolia, were believed to be functionally extinct after the species was last sampled in 1979.
They were found earlier this month in a one-hectare land in the Gogestai Khan Uul National Nature Reserve under the city of Chifeng, said Zhao Liqing, a botanist at the Inner Mongolia University.
Zhao said the discovery is of great significance to China’s ecological protection and studies on the country’s endangered plants.
Tulipa mongolica is a perennial herb 10-25 cm tall, featuring an ovate bulb and yellow perianth segments. It is placed under state protection in China. ■
(1) (2) Plants of Tulipa mongolica are pictured in the Gogestai Khan Uul National Nature Reserve under the city of Chifeng, north China’s Inner Mongolia Autonomous Region, May 14, 2023. (Zhao Liqing/Inner Mongolia University/Handout via Xinhua)