Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အလယ်အာရှဒေသ တည်ဆောက်မှုဆိုင်ရာ ယူဆချက် ၄ ရပ်အား အဆိုပြု ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်အစိုးရနှင့်ပြည်သူများကိုယ်စား အလယ်အာရှ နိုင်ငံအသီးသီးမှလာရောက်ကြသော ခေါင်းဆောင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားနေသည်ကို မေ ၁၈ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ရှီးအန်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့ရာ အလယ်အာရှတည်ဆောက်မှုဆိုင်ရာ ယူဆချက် ၄ ရပ်အား အဆိုပြု ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က လက်ရှိ ရာစုနှစ်တစ်ခု အရှိန်အဟုန်ဖြင့် ဆင့်ကဲပြောင်းလဲလာမှုများတွင် ကမ္ဘာကြီး၏ ပြောင်းလဲမှု၊ ခေတ်ကာလ၏ ပြောင်းလဲမှု၊ သမိုင်း၏ ပြောင်းလဲမှုများက ယခင်ကမကြုံခဲ့ရဖူးသော ပုံစံဖြင့် ဖြစ်ပွားလျက်ရှိကြောင်း၊ အလယ်အာရှသည် ယူရေးရှားကုန်းမြေ၏ ဗဟိုချက်ဖြစ်ပြီး အရှေ့-အနောက် ချိတ်ဆက်ရာ တောင်-မြောက် ဖြတ်သန်းရာ လမ်းဆုံတွင် တည်ရှိကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာကြီးအနေဖြင့် တည်ငြိမ်မှုရှိသော အလယ်အာရှဒေသကို လိုအပ်ကြောင်း၊ အလယ်အာရှဒေသ နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ လွတ်လပ်စွာရပ်တည်မှု၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး အလယ်အာရှဒေသ ပြည်သူများ ကိုယ်ပိုင်ရွေးချယ်သော ဖွံ့ဖြိုးရေးလမ်းစဉ်ကို လေးစားရမည် ဖြစ်ကြောင်း ၊ အလယ်အာရှ ဒေသ၏ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး၊ အေးချမ်းသာယာရေးအတွက် ကြိုးပမ်းမှုများကို အားပေးထောက်ခံရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ကမ္ဘာကြီးအနေဖြင့် စည်ပင်သာယာဝပြောသော အလယ်အာရှဒေသကို လိုအပ်ကြောင်း ၊ တက်ကြွလှုပ်ရှားမှုရှိပြီး ပို၍တိုးတက်မှုရှိသော အလယ်အာရှဒေသသည် ဒေသတွင် နိုင်ငံ အသီးသီးရှိပြည်သူများ၏ သာယာလှပသော နေထိုင်မှုဘဝ မျှော်မှန်းချက်များကို ဖော်ဆောင်နိုင်မည်ဖြစ်သလို ကမ္ဘာစီးပွားရေး ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာမှုအတွက် အားကောင်းသော တွန်းအာ ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ကမ္ဘာကြီးအနေဖြင့် သင့်မြတ်မှုရှိသော အလယ်အာရှဒေသကို လိုအပ်ကြောင်း၊ “ညီအစ်ကိုရင်းချာ ချစ်ကြည်ရေးက ဥစ္စာဓနအလုံးစုံထက် သာလွန်”ကြောင်း၊ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးအငြင်းပွားမှု ၊ ယဉ်ကျေးမှုကွာဟချက်က အလယ်အာရှဒေသ၏ မဏ္ဍိုင်မဟုတ်ဘဲ စည်းလုံးညီညွတ်ခြင်း၊ အားလုံးပါဝင်မှုကို သဘောထားကြီးစွာ လက်ခံခြင်း၊ သင့်မြတ်ခြင်းကသာ အလယ်အာရှဒေသ ပြည်သူများ၏ လိုလားသောအရာ ဖြစ်ပါကြောင်း၊ မည်သူကမျှ အလယ်အာရှဒေသတွင် သဘောထားကွဲလွဲမှု၊ ထိပ်တိုက်ရင်ဆိုင်မှုများကို ဖန်တီးခွင့်မရှိသလို ထိုအဖြစ်အပျက်များမှ နိုင်ငံရေးအကျိုးအမြတ်ထုတ်ခြင်းကို ပို၍ မလုပ်ဆောင်သင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ကမ္ဘာကြီးအနေဖြင့် ဆက်သွယ်ချိတ်ဆက်မှုရှိသော အလယ်အာရှဒေသကို လိုအပ်ကြောင်း၊ အလယ်အာရှဒေသသည် တစ်မူထူးခြားသော ပထဝီအနေအထားအားသာချက် ရှိရာ ကမ္ဘာ့ကုန်စည်ဖလှယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်ရန် ယူရေးရှားကုန်းမြေ၏ အဓိကကျသော အပြန်အလှန်ဆက်သွယ်ချိတ်ဆက်ရာ အချက်အချာနေရာအဖြစ် ဖော်ဆောင်မည့် အခြေခံ၊ အခြေအနေနှင့် စွမ်းရည် ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(Chinese Version)
习近平就建设一个什么样的中亚提出“四点主张”
5月19日上午,国家主席习近平在陕西省西安市国际会议中心主持中国—中亚峰会,在主旨讲话中就建设一个什么样的中亚提出“四点主张”。
习近平指出,当前,百年变局加速演进,世界之变、时代之变、历史之变正以前所未有的方式展开。中亚是亚欧大陆的中心,处在联通东西、贯穿南北的十字路口。
世界需要一个稳定的中亚。中亚国家主权、安全、独立、领土完整必须得到维护,中亚人民自主选择的发展道路必须得到尊重,中亚地区致力于和平、和睦、安宁的努力必须得到支持。
世界需要一个繁荣的中亚。一个充满活力、蒸蒸日上的中亚,将实现地区各国人民对美好生活的向往,也将为世界经济复苏发展注入强劲动力。
世界需要一个和谐的中亚。“兄弟情谊胜过一切财富”。民族冲突、宗教纷争、文化隔阂不是中亚的主调,团结、包容、和睦才是中亚人民的追求。任何人都无权在中亚制造不和、对立,更不应该从中谋取政治私利。
世界需要一个联通的中亚。中亚拥有得天独厚的地理优势,有基础、有条件、有能力成为亚欧大陆重要的互联互通枢纽,为世界商品交换、文明交流、科技发展作出中亚贡献。
1. 5月18日晚,这是习近平发表欢迎致辞,代表中国政府和中国人民热烈欢迎中亚各国元首。新华社记者 黄敬文 摄