Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်၍ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သည့် ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyevတို့ ရှီးအန်းမြို့တွင် မေ ၁၈ ရက်ညနေပိုင်းက တွေ့ဆုံစဉ်(ဆင်ဟွာ)

ရှီးအန်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်၍ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သည့် ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev နှင့် ရှီးအန်းမြို့တွင် မေ ၁၈ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်၍ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သည့် ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyevတို့ ရှီးအန်းမြို့တွင် မေ ၁၈ ရက်ညနေပိုင်းက တွေ့ဆုံစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်၍ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သည့် ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyevတို့ ရှီးအန်းမြို့တွင် မေ ၁၈ ရက်ညနေပိုင်းက တွေ့ဆုံစဉ်(ဆင်ဟွာ)

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်၍ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သည့် ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက မိမိအနေဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့ရာတွင် အဆွေတော်၏ ချစ်ကြည်ရင်းနှီးမှုရှိပြီး နွေးထွေးစွာကြိုဆိုခဲ့သည့်အပေါ် ယနေ့တိုင် အမှတ်တရ ရှိနေဆဲဖြစ်ကြောင်း ၊ မကြာသေးမီက ဥဇဘက်ကစ္စတန်တွင် လူထုဆန္ဒကောက်ယူပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို အတည်ပြုခဲ့ရာ ပြည်သူလူထုက အဆွေတော်သမ္မတအပေါ် ယုံကြည်မှု မြင့်မားခြင်းနှင့် စိတ်ရင်းမှန်ဖြင့် အားပေးထောက်ခံကြောင်းကို အပြည့်အဝ ပြသနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် ဥဇဘက်ကစ္စတန်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့် ပွင့်လင်းသောလမ်းသည် ပို၍ ကျယ်ပြန့်လာကာ “သစ်လွင်သော ဥဇဘက်ကစ္စတန်နိုင်ငံ” တည်ဆောက်ခြင်းသည် ပို၍ ကြီးမားသော အောင်မြင်မှုများ အဆက်မပြတ်ရရှိလာမည်ဟု ယုံကြည်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက မိမိတို့အတူ တရုတ်-ဥဇဘက်ကစ္စတန် နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်းကို ဖော်ဆောင်ရန် ကြေညာခဲ့ကြရာ နှစ်နိုင်ငံဆက်ဆံရေး အနေအထားအသစ်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ထဲထဲဝင်ဝင်ဆောင်ရွက်ကာ တရုတ်-ဥဇဘက်ကစ္စတန် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်သွားလိုကြောင်း သမ္မတ ရှီကျင့်ဖိန် ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(Chinese Version)

习近平同乌兹别克斯坦总统米尔济约耶夫会谈
5月18日下午,国家主席习近平在西安同来华出席中国—中亚峰会并进行国事访问的乌兹别克斯坦总统米尔济约耶夫会谈。
习近平指出,欢迎米尔济约耶夫总统来华出席中国—中亚峰会并进行国事访问。去年9月,我对贵国进行国事访问,受到你热情友好接待,至今记忆犹新。不久前,乌兹别克斯坦成功举行全民公投,通过了新宪法,充分表明贵国人民对总统先生的高度信任和衷心拥护。我向你表示祝贺。相信在你领导下,乌兹别克斯坦改革开放之路会越走越宽,“新乌兹别克斯坦”建设将不断取得更大成就。
去年9月,我们共同宣布在中乌双边层面践行命运共同体,确立了两国关系新定位。中方愿同乌方一道,深化全方位合作,构建中乌命运共同体。
1. 5月18日下午,国家主席习近平在西安同来华出席中国-中亚峰会并进行国事访问的乌兹别克斯坦总统米尔济约耶夫会谈。新华社记者 刘卫兵 摄