Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အလယ်အာရှနိုင်ငံမှခေါင်းဆောင်များကို သမိုင်းဝင်ထိပ်သီးအစည်းအဝေးအတွက် ရှေးဟောင်းပိုးလမ်းမမြို့တွင် ဧည့်ခံ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ဧည့်သည်တော်များအား ကြိုဆိုခြင်း ညစာစားပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကို ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရှေးဟောင်းပိုးလမ်းမ၏ သမိုင်းဝင်အစပြုနေရာဖြစ်သော ရှီးအန်းမြို့၌ စုဝေးရောက်ရှိနေကြသည့် ဧည့်သည်တော်များကို မေ ၁၈ ရက် ညနေပိုင်းက ညစာစားပွဲဖြင့် ကြိုဆိုဧည့်ခံခဲ့သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ဧည့်သည်တော်များအား ကြိုဆိုခြင်း ညစာစားပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကို ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က နိုင်ငံအနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ Ziyun မျှော်စင်ရှေ့တွင် ဧည့်သည်တော်များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မေ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပလျက်ရှိသော အဆိုပါ ထိပ်သီးအစည်းအဝေးသည် တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၃၁ နှစ်ကြာရှိသည့်အချိန်မှစ၍ ယင်းနိုင်ငံများ၏ ခေါင်းဆောင်များကြား ပထမဆုံး လူကိုယ်တိုင်တက်ရောက်ကြသော အစည်းအဝေးလည်း ဖြစ်သည်။

ထို့ပြင် သမ္မတ ရှီသည် မေ ၁၇ ရက်မှ ၁၈ ရက်အတွင်း ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev ၊ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon ၊ ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov ၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Serdar Berdimuhamedov တို့နှင့် တွေ့ဆုံခြင်း သို့မဟုတ် ဆွေးနွေးပွဲများ ကျင်းပခြင်း ပြုလုပ်ခဲ့သည်။
နိုင်ငံတကာ အခြေအနေများက ပြောင်းလဲနေသော်ငြားလည်း တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများအနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အစဉ်အမြဲ လေးစားလျက်၊ အိမ်နီးချင်းကောင်းဆက်ဆံရေးထားရှိလျက်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော မိတ်ဖက်အဖြစ် ဆောင်ရွက်လျက်၊ ဆက်ဆံရေးမြှင့်တင်ရာတွင် သမိုင်းဝင်ကြိုးပမ်းအားထုတ်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာတွင်လည်း အလယ်အာရှနိုင်ငံ ၅ နိုင်ငံမှ ဂန္ထဝင်တေးသီချင်းများကို ထည့်သွင်းဖျော်ဖြေခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
Xi hosts Central Asian leaders in historic Silk Road city for milestone summit
XI’AN, May 18 (Xinhua) — Chinese President Xi Jinping and his wife Peng Liyuan hosted a welcome banquet on Thursday evening for guests who gathered in Xi’an, the historical starting point of the ancient Silk Road, to attend the milestone China-Central Asia Summit.
The summit, which runs from Thursday to Friday, is the first in-person gathering among heads of state of China and five Central Asian countries since China established diplomatic ties with them 31 years ago.
From Wednesday to Thursday, Xi met or held talks with Kazakh President Kassym-Jomart Tokayev, Tajik President Emomali Rahmon, Kyrgyz President Sadyr Japarov, Uzbek President Shavkat Mirziyoyev and Turkmen President Serdar Berdimuhamedov.
Despite the changes in international circumstances, China and Central Asian countries have always respected each other, enjoyed good neighborliness, worked in partnership for mutual benefits, and continuously made historic strides in elevating relations, he added.
The gala also featured classic songs from the five Central Asian countries.
Photo 1, 2: Chinese President Xi Jinping addresses a welcome banquet in Xi’an, northwest China’s Shaanxi Province, May 18, 2023. (Xinhua/Huang Jingwen)
Photo 3: Chinese President Xi Jinping and his wife Peng Liyuan pose for a group photo with guests in front of Ziyun Tower in Xi’an, northwest China’s Shaanxi Province, May 18, 2023. (Xinhua/Ding Haitao)