Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံ ခေါင်းဆောင်များ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံ ခေါင်းဆောင်များ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှီးအန်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ရှီးအန်းမြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် မေ ၁၉ ရက်က အောင်မြင်စွာ ကျင်းပခဲ့သည်။ အစည်းအဝေးအပြီးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev၊ ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov၊ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon၊ တာ့ခ်မင်နစ္စတန် သမ္မတ Serdar Berdimuhamedov၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyevတို့နှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံ ခေါင်းဆောင်များ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံ ခေါင်းဆောင်များ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံ ခေါင်းဆောင်များ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သမ္မတ ရှီကျင့်ဖိန်က မကြာသေးမီကပင် မိမိနှင့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံမှ ခေါင်းဆောင်များက တရုတ်-အလယ်အာရှ ထိပ်သီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မိမိတို့အတူ တရုတ်-အလယ်အာရှ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး သမိုင်းကို ပြန်လည်ကြည့်ရှုခဲ့ကြသလို နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို သုံးသပ်ပြီး အောင်မြင်မှုအတွေ့အကြုံများကို အနှစ်ချုပ်ကာ သဘောတူညီချက်သစ်များ စုစည်းနိုင်ခဲ့ကြကြောင်း ၊ 《တရုတ်-အလယ်အာရှ ထိပ်သီး အစည်းအဝေး ရှီးအန်းကြေညာချက်》ကို မိမိတို့အတူ လက်မှတ်ရေးထိုး၍ ထိပ်သီးအစည်းအဝေး၏ ရလဒ်များကို အတည်ပြုပြီး အနာဂတ် တရုတ်-အလယ်အာရှ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲခဲ့ကြကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ရာစုနှစ်အပြောင်းအလဲကို ရင်ဆိုင်ရာတွင် နိုင်ငံအသီးသီး၏ အခြေခံအကျိုးစီးပွားနှင့် ထွန်းလင်းတောက်ပသည့် အနာဂတ်ကို ရှေးရှု၍ စိန်ခေါ်မှုများကို မိမိတို့အတူ တက်ညီလက်ညီ ရင်ဆိုင်ပြီး ပိုမို နီးကပ်မှုရှိသော တရုတ်-အလယ်အာရှ အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်ကာ လူသားမျိုးနွယ်တို့၏ ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်းတည်ဆောက်ရေးအတွက် ပါဝင်အကျိုးဆောင် တွန်းအားပေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
(中国-中亚峰会)习近平同中亚五国元首共同会见记者
新华社西安5月19日电(记者杨一苗、曹嘉玥)5月19日,中国-中亚峰会在西安国际会议中心成功举行,国家主席习近平同哈萨克斯坦总统托卡耶夫、吉尔吉斯斯坦总统扎帕罗夫、塔吉克斯坦总统拉赫蒙、土库曼斯坦总统别尔德穆哈梅多夫、乌兹别克斯坦总统米尔济约耶夫共同会见记者。
习近平指出,刚才,我同中亚五国元首成功举行中国-中亚峰会。我们回顾了中国中亚友好交往历史,梳理了双方合作成果,总结了成功经验,凝聚了新的共识。我们共同签署了《中国-中亚峰会西安宣言》,通过了峰会成果清单,擘画了未来中国-中亚关系发展蓝图。
习近平强调,面对百年未有之大变局,着眼各国人民的根本利益和光明未来,我们决心携手并肩,共迎挑战,构建更加紧密的中国-中亚命运共同体,为推动构建人类命运共同体贡献力量。
1. 5月19日,中国-中亚峰会在西安国际会议中心成功举行,国家主席习近平同哈萨克斯坦总统托卡耶夫、吉尔吉斯斯坦总统扎帕罗夫、塔吉克斯坦总统拉赫蒙、土库曼斯坦总统别尔德穆哈梅多夫、乌兹别克斯坦总统米尔济约耶夫共同会见记者。新华社记者 刘卫兵 摄