Connect with us

China

တရုတ်အမျိုးသားဘောလုံးအသင်းက မြန်မာ၊ ပါလက်စတိုင်း အသင်းများနှင့်ဇွန်လတွင် ယှဉ်ပြိုင် ကစားသွားမည်

တရုတ် အမျိုးသား ဘောလုံးအသင်း၏ နည်းပြချုပ် Aleksandar Jankovic(ယာဘက် တတိယမြောက်)က ချစ်ကြည်ရေးပွဲစဉ်တစ်ခုမတိုင်မီ အားကစားသမားများအား လေ့ကျင့်ပေးနေသည်ကို ၂၀၂၃ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ် အမျိုးသား ဘောလုံးအသင်းသည် ယခုနှစ် ဇွန်လတွင် မြန်မာ၊ ပါလက်စတိုင်း အသင်းများနှင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း တရုတ်ဘောလုံးအသင်းချုပ်(CFA)၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“တရုတ်ဘောလုံးအသင်းချုပ် တရုတ်အသင်းနှင့် တာ့လျန် နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲ ၂၀၂၃ ”ဟု အမည်ပေးထားသော ယင်းပြိုင်ပွဲတွင် တရုတ်ဘောလုံးအသင်းသည် ဇွန် ၁၆ ရက်နှင့် ဇွန် ၂၀ ရက်များတွင် မြန်မာအသင်း၊ ပါလက်စတိုင်းအသင်းတို့နှင့် အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။ A အဆင့် နိုင်ငံတကာ ပြိုင်ပွဲဖြစ်သည့် ယင်းပြိုင်ပွဲကို တာ့လျန် စောယွီဝမ်း ပရောဖက်ရှင်နယ်ဘောလုံးကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်ဘောလုံးအသင်း၏နည်းပြချုပ်အဖြစ် Aleksandar Jankovic တာဝန်ယူပြီးနောက် ၎င်းသည် အသင်းကို ဦးဆောင်၍ နယူးဇီလန်အသင်းနှင့် နှစ်ကြိမ် ယှဉ်ပြိုင်ကစားခဲ့ရာတွင် တစ်ပွဲ သရေ၊ တစ်ပွဲ အရှုံးဖြစ်ခဲ့သည်။

ယခုအကြိမ် ပြိုင်ပွဲကို တရုတ်ဘောလုံးအသင်းချုပ်မှ ကြီးမှူးကျင်းပပြီး တာ့လျန်မြို့ အားကစားရေးရာ ဦးစီးဌာန၊ တာ့လျန် ဘောလုံးအသင်းချုပ်စသည့်တို့မှ တာဝန်ယူကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………..
(Chinese Version)
中国国家男足6月将战缅甸、巴勒斯坦队
新华社北京5月19日电 中国足协官网18日发布公告称,中国国家男足将于今年6月与缅甸、巴勒斯坦队进行友谊赛。

在这项名为2023中国足协中国之队•大连国际足球邀请赛的比赛中,中国队将分别于6月16日、20日与缅甸队、巴勒斯坦队交手。比赛为国际A级赛事,将在大连梭鱼湾专业足球场举行。
中国队主教练扬科维奇自上任后曾带队与新西兰队交手两次,战绩为1平1负。
本次赛事由中国足协主办,大连市体育局等单位承办,大连市足协等单位协办。
图为3月22日,中国男足主教练扬科维奇(右三)在一场友谊赛的赛前训练中。新华社记者 郭磊 摄