Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ ၂၀၂၃ ခုနှစ် မေ ၉ ရက်က ဘာလင်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဘာလင်၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbockနှင့် မေ ၉ ရက်က ဘာလင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ အား ဘာလင်မြို့ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၃ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက တရုတ်-ဂျာမနီ နှစ်နိုင်ငံလုံးသည် ကမ္ဘာပေါ်တွင် သက်ရောက်မှုရှိသော နိုင်ငံကြီးများ ဖြစ်ကြောင်း ၊ လက်ရှိ ပြောင်းလဲရှုပ်ထွေးနေသော နိုင်ငံတကာ အခြေအနေတွင် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် (၇)ကြိမ်မြောက် တရုတ်-ဂျာမနီ အစိုးရ ဆွေးနွေးညှိနှိုင်းပွဲကို အတူတကွ ကောင်းမွန်စွာ ပြင်ဆင်သင့်ပါကြောင်း၊ အစီအစဉ်ရေးဆွဲမှုနှင့်ရလဒ်များကို စုစည်းရမည် ဖြစ်ကြောင်း၊ အနာဂတ်ကာလ နှစ်ဖက်ကဏ္ဍအသီသီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအတွက် ဘက်စုံ အစီအစဉ် ရေးဆွဲရမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပြဿနာနှင့်စိန်ခေါ်မှုများကို ရင်ဆိုင်ရန် လိုအပ်သည်မှာ နိုင်ငံအသီးသီး ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်သည့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး အပြန်အလှန်အပြစ်တင်မှုမဟုတ်သော အပြန်အလှန်လေးစားမှု ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-ဂျာမနီ နှစ်နိုင်ငံသည် တရားမျှတမှုကို လက်ကိုင်ထားသင့်ပြီး “စစ်အေး ခေတ်သစ်”၊ “ကွင်းဆက်ဖြတ်တောက်ခြင်း”ကို ဆန့်ကျင်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်စည်ပင်သာယာဝပြောရေးအတွက် ယုံကြည်ချက်နှင့် တွန်းအား ပေးရမည် ဖြစ်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbockက ဂျာမနီနိုင်ငံအနေဖြင့် နှစ်နိုင်ငံ အဆင့်မြင့်ဆက်ဆံရေးနှင့်ကဏ္ဍအသီးသီး ပူးပေါင်းဖလှယ်မှုများကို အထူးအလေးထားကြောင်း၊ ၇ ကြိမ်မြောက် ဂျာမနီ-တရုတ် အစိုးရ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ၎င်းမှာ ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အော့ဖ်လိုင်းတွေ့ဆုံမှု ဖြစ်လာမည် ဖြစ်သလို နှစ်နိုင်ငံ အစိုးရသစ်၏ ပထမဆုံး တွေ့ဆုံဆွေးနွေးခြင်းလည်း ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ စဉ်ဆက်မပြတ် လက်တွေ့အလေးထားဆောင်ရွက်ကာ တွေ့ဆုံဆွေးနွေးမှုတွင် အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်အသွင်ပြောင်းရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝရေး၊ လူငယ်ကဏ္ဍဖလှယ်မှုများတွင် အပြုသဘောရလဒ်များ ရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ နှစ်ဖက် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။ ထို့အပေါ် ချင်ကန်းက တရုတ်နိုင်ငံ၏ သဘောထားကို ပြောကြားရာတွင် တရုတ်နိုင်ငံသည် အစဉ်အမြဲထားရှိသည့်ရပ်တည်ချက်က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းတွင် ဖြစ်နိုင်ခြေအရှိဆုံးသော နိုင်ငံရေးနည်းလမ်းဖြင့် အကျပ်အတည်းဖြေရှင်းရေးကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကြိုးပမ်းမှုများ ပြန်လည်ရရှိအောင် ဥရောပနိုင်ငံများအနေဖြင့် အကျပ်အတည်း၏ဇစ်မြစ်မှ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး အကျပ်အတည်း၏အပြင်ပန်းအသွင်အပြင်နှင့်ပြဿနာရပ်၏ဇစ်မြစ်ကို အတူကုစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(Chinese Version)
秦刚同德国外长贝尔伯克举行会谈
新华社柏林5月9日电当地时间5月9日,国务委员兼外长秦刚在柏林同德国外长贝尔伯克举行会谈。
秦刚表示,中德都是有世界影响力的大国,在当今变乱交织的国际形势下,应该加强对话与合作。双方应共同筹备好第七轮中德政府磋商,做好设计、积累成果,为未来一个时期双方各领域务实合作做出全面规划。面对各种全球性问题和挑战,各国需要合作而不是对抗,需要相互尊重而不是相互指责。中德应坚持正道,共同反对“新冷战”、反对“脱钩断链”,为世界和平繁荣注入信心和动力。
贝尔伯克表示,德方高度重视双方高层交往和各领域交流合作,期待举行德中第七轮政府磋商。这将是疫情后首次线下磋商,也是两国新一届政府首轮磋商,愿同中方以共同、可持续、行动为重点,推动磋商取得积极成果,特别是促进两国在气候变化、能源转型、生物多样性、青年交流等领域合作。
双方就乌克兰问题交换了意见。秦刚阐述了中方看法,强调中方一以贯之的立场就是劝和促谈,推动国际社会形成政治解决危机的最大公约数。欧洲国家应从危机根源入手,标本兼治,为回归和平与安全做出努力。(完)
1.5月9日,在德国柏林,中国国务委员兼外长秦刚(左)同德国外长贝尔伯克举行会谈。新华社记者任鹏飞摄
2.5月9日,在德国柏林,中国国务委员兼外长秦刚(左)同德国外长贝尔伯克共同会见记者。 新华社记者杜哲宇摄