Connect with us

China

တရုတ်နိုင်ငံ ကန်းစုပြည်နယ်တွင် အစိမ်းရောင်စွမ်းအင်ဖွံ့ဖြိုးတိုးတက်လာမှုကို မြင်တွေ့ရ

လန်ကျိုး၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်း၊ ကန်းစုပြည်နယ်သည် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန် ကြိုးပမ်းနေသဖြင့် စွမ်းအင်အသစ်ဖော်ထုတ်မှုတိုးတက်လာသည်ကို မြင်တွေ့ရကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၃၀ရက် အထိ ကန်းစုပြည်နယ်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် ၇၀.၇၁ သန်း ကီလိုဝပ် သို့ရောက်ရှိခဲ့ပြီး၊ ယင်းတို့အနက် စွမ်းအင်သစ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းမှာ ၅၃.၈ ရာခိုင်နှုန်းရှိကြောင်း State Grid Gansu Electric Power ကုမ္ပဏီက မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ပထမ ၄ လတွင် ကန်းစုပြည်နယ်၌ စုစုပေါင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ ၆၅.၇ ဘီလီလီယံ ကီလိုဝပ်နာရီသို့ ရောက်ရှိခဲ့ပြီး၊ စွမ်းအင်သစ်ထုတ်လုပ်မှုပမာဏမှ ကီလိုဝပ်နာရီ ၂၀.၆ ဘီလီလီယံ ရှိကာ ၃၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကန်းစုပြည်နယ် သည် လေနှင့် နေစွမ်းအင် အရင်းအမြစ်များ ပေါကြွယ်သောကြောင့် မကြာသေးမီ နှစ်များအတွင်း စွမ်းအင်သစ်ဖော်ထုတ်မှုကို ဆောင်ရွက်လျက်ရှိသည်။

၂၀၂၃ ခုနှစ်တွင် ကန်းစုပြည်နယ်သည် တရုတ်နိုင်ငံ၏ မဟာဓာတ်အားလိုင်းကွန်ယက်စီမံကိန်း သို့ ချိတ်ဆက်ထားသော စွမ်းအင်သစ်၏ ထုတ်လုပ်နိုင်စွမ်းမှာ ကီလိုဝပ်၁၂ သန်းရှိကြောင်း သိရသည်။ (Xinhua)

…………………………………………..
(English Version)
China’s Gansu sees booming green energy development
LANZHOU, May 10 (Xinhua) — Northwest China’s Gansu Province is seeing a new energy development boom as the country seeks to reduce carbon emissions.
As of April 30 this year, Gansu’s installed power generation capacity had reached 70.71 million kW, of which the installed capacity of new energy power accounted for 53.8 percent, the State Grid Gansu Electric Power Company said on Wednesday.
In the first four months of this year, total electricity generation in the province reached 65.7 billion kWh, of which the new energy power generation output accounted for more than 30 percent at 20.6 billion kWh, the company added.
Gansu, rich in wind and solar energy resources, has stepped up new energy development in recent years.
In 2023, Gansu will increase the installed capacity of new energy power connected to China’s grid network by 12 million kW. ■