Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနိုင်ငံရှိ အီရန်သံရုံး၏ လုပ်ငန်းများပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasser Kanaani အား အီရန်နိုင်ငံ မြို့တော် တီဟီရန်၌ ဧပြီ ၁၇ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ မေ ၂ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်မြို့နှင့် ဂျက်ဒါးမြို့ရှိ အီရန်နိုင်ငံခြားရေးရာဌာနများ၏ လုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasser Kanaaniက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းမှာ အီရန်နိုင်ငံခြားရေးဌာနများ လုပ်ငန်းပြန်လည်စတင်ခြင်း၏ ပထမအဆင့်သာ ဖြစ်ကြောင်း၊ ဤဌာနများသည် သတ်မှတ်ကာလအတွင်း ဘက်စုံ လုပ်ငန်းများ အမြန်ဆုံး ပြန်လည် စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း Nasser Kanaaniက ဆိုသည်။

အဆိုပါနိုင်ငံခြားရေးဌာန ၃ ခုမှာ ရီယက်ဒ်အခြေစိုက် အီရန်သံရုံး၊ ဂျက်ဒါးအခြေစိုက် အီရန် ကောင်စစ်ဝန်ချုပ်ရုံးနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ဆိုင်ရာ အီရန်ကိုယ်စားလှယ်ရုံးတို့ ဖြစ်ကြောင်း Nasser Kanaaniက မေ ၁ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျ နှင့် အီရန်သည် ၂၀၁၆ ခုနှစ်က သံတမန်အဆက်အသွယ်ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ထောက်ခံပံ့ပိုးမှုဖြင့် ဆော်ဒီအာရေဗျ-အီရန် နှစ်နိုင်ငံ ကိုယ်စားလှယ်များက ယခုနှစ် မတ် ၆ မှ ၁၀ ရက်အထိ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တရုတ်-ဆော်ဒီအာရေဗျ-အီရန် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ဆော်ဒီအာရေဗျ-အီရန် သံတမန်ဆက်ဆံရေး ပြန်လည်ထားရှိရန် ကြေညာခဲ့သလို “ပေကျင်း သဘောတူညီချက်” ရရှိခဲ့ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံတကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို မြှင့်တင်ရန် သုံးနိုင်ငံ အတူတကွကြိုးပမ်းဆောင်ရွက်သွားရန် အလေးထားပြောကြားခဲ့သည်။
ဧပြီ ၆ ရက်တွင် ဆော်ဒီအာရေဗျနှင့်အီရန် နှစ်နိုင်ငံသည် ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းနေ့တွင်ပင် သံတမန်ဆက်ဆံရေး ပြန်လည်ထားရှိကြောင်း ကြေညာခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)
伊朗外交部:伊朗驻沙特阿拉伯使领馆已恢复工作
新华社德黑兰5月1日电(记者沙达提)伊朗外交部发言人卡纳尼5月1日说,伊朗驻沙特阿拉伯利雅得和吉达的三个外交机构已恢复工作。他表示,这只是伊朗外交机构恢复工作的第一阶段,希望这些机构能在早先规定的期限内开始全面工作。
卡纳尼在当天的记者会上说,这三个外交机构分别是伊朗驻利雅得大使馆、伊朗驻吉达总领事馆以及伊朗驻伊斯兰合作组织代表处。
沙特与伊朗2016年断交。在中方支持下,沙伊两国代表今年3月6日至10日在北京举行对话,中沙伊三方签署并发表联合声明,宣布沙伊双方同意恢复外交关系,达成“北京协议”,强调三方将共同努力,维护国际关系基本准则,促进国际地区和平与安全。
4月6日,沙伊双方签署联合声明,两国宣布即日起恢复外交关系。(完)

1. 4月17日,在伊朗首都德黑兰,伊朗外交部发言人卡纳尼在例行记者会上。新华社记者 沙达提 摄