Connect with us

China

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ်သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း သွားရောက်ကြည့်ရှုလေ့လာ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ တို့ ပေကျင်းမြို့တွင် ဧပြီ ၁ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ကူမင်း၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ်သို့ မေ ၂ ရက်က သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ထိုသို့ သွားရောက်ရာတွင် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၏ လမ်းညွှန်မှုများကို အပြည့်အဝအကောင်အထည်ဖော်ရန်၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန် ၊ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး နယ်စပ်ရေးရာနှင့် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းများ၏အခင်းအကျင်းသစ်ကို ဆက်လက်ဖွင့်လှစ်ရန် ချင်ကန်းက အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ကျယ်ခေါင်ပြည်ဝင်ပြည်ထွက်ဂိတ်၊ ဝမ်တိန်ဂိတ်ရှိ မောင်မန်လမ်းကြောင်း၊ ရွှေလီ စမ်းသပ်ဇုန် ဘက်စုံပြပွဲစင်တာနှင့် “နှစ်နိုင်ငံ တစ်ကျေးရွာ”နယ်စပ်ဒေသသို့ မြေပြင်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ပြီး အခြေခံရုံးဌာနများနှင့် သက်ဆိုင်ရာလုပ်ငန်းများကို ရှေ့တန်းမှ လက်တွေ့ပါဝင်ဆောင်ရွက်နေသော ဝန်ထမ်းများ၏ သဘောထား၊အကြံပြုချက်များကို နားဆင်ခဲ့သည်။

ချင်ကန်းက ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံသို့မျက်နှာမူသောလုပ်ငန်းကို ဆောင်ရွက်ရာတွင် ရှေ့ပြေးဖြစ်ရာ တရုတ်-မြန်မာ ဆက်ဆံရေးတွင် တစ်မူထူးခြားသည့် အခန်းကဏ္ဍမှ ပါဝင်နေမှုကို မြှင့်တင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ တရားဥပဒေနှင့်အညီ နယ်စပ်စီမံအုပ်ချုပ်ရေးကို ခိုင်မာစွာ ဆောင်ရွက်ကာ နိမိတ်ဥပဒေ အသိပညာပေးနှင့်အကောင်အထည်ဖော်ဆောင်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပါတီနှင့်အစိုးရ၊ စစ်တပ်နှင့်ရဲတပ်ဖွဲ့၊ ပြည်သူလူထု အားလုံးစုပေါင်း၍ အားကောင်းသော နယ်စပ်ကာကွယ်ရေးစနစ်ကို ပြည့်စုံအောင် ဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများအား တိုက်ဖျက်နှိမ်နှင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နယ်စပ်စီမံအုပ်ချုပ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးများကို တစ်ပေါင်းတစ်စည်းတည်း စီမံကာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့်လူအသွားအလာ ပုံမှန်ဖြစ်အောင် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ နယ်စပ်ဂိတ်များကို ဖွင့်လှစ်နိုင်သမျှဖွင့်လှစ်ကာ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ခြင်းကို အရှိန်မြှင့်တင်ရမည် ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု၊ ဥယျာဉ်ဇုန် တည်ဆောက်မှုများကို အလေးထားပြီး တရုတ်-မြန်မာ စီးပွားရေး စင်္ကြံတည်ဆောက်မှုကို တွန်းအားပေး၍ နှစ်နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ကူညီဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင် ယူနန်၏ထူးခြားသော အားသာချက်ဖြင့် ဒေသန္တရ ပြည်ပရေးရာလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ဆောင်သွားရန်၊ နယ်စပ် အေးချမ်းသာယာရေးနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ကာကွယ်ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
秦刚在云南中缅边境调研
新华社昆明5月2日电5月2日,国务委员兼外长秦刚在云南中缅边境调研时强调,要切实贯彻党的二十大精神,维护中缅边境稳定,推进中缅友好合作,不断开创涉边、涉缅工作新局面。
秦刚实地查看了姐告国门、畹町口岸芒满通道、瑞丽试验区综合展示中心和“一寨两国”边境社区,听取基层单位和一线工作人员的意见建议。他表示,云南处于对缅工作的最前沿,在促进中缅关系中发挥着独特的作用。要坚持依法治边,加强对陆地国界法学习宣传和贯彻落实,完善党政军警民合力强边固防体系,维护边界清晰稳定,严厉打击跨境犯罪活动。要统筹边境管理、边贸发展、双边关系,促进中缅正常边贸和人员往来,口岸能开尽开,加快跨境经济合作区建设,以产能合作、园区建设为抓手推进中缅经济走廊建设,助力两国经济社会发展。要在党中央统一领导下,发挥云南独特优势,做好地方外事工作,维护边境和平安宁,维护中缅友好大局。(完)