Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်၍ အိန္ဒိယနိုင်ငံ၌ ကျင်းပသော SCO နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည်

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် မေ ၂ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်၍ အိန္ဒိယနိုင်ငံသို့ သွားရောက်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရခြင်းမှာ အဓိကအနေဖြင့် မည်သည့်အရာများကို ထည့်သွင်း စဉ်းစားခြင်း ဖြစ်ပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

ထို့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရခြင်းမှာ သမ္မတရှီကျင့်ဖိန်၏ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရန်၊ စီးပွားရေး၊ လူမှုဘဝနေထိုင်ရေးစသည့် ကဏ္ဍများ၏ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ခြင်း၊ စီးပွါးရေးပြန်လည်ရှင်သန်ရေး၊ ပြည်သူ့နေထိုင်မှုဘဝ ကောင်းမွန်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဓိက စီစဉ်မှုများကို ပြောကြားပေးရန်နှင့် ယခုအကြိမ်အစည်းအဝေးအပေါ် တရုတ်နိုင်ငံအနေဖြင် မည်သို့ မျှော်လင့်ထားကြောင်း သတင်းထောက်က မေးမြန်းခဲ့သည်။

ထို့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ် မြို့တော် Panajiတွင် မေ ၄ ရက်မှ ၅ အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ၊ အစည်းအဝေးကာလတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက အခြားသော SCO အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ နိုင်ငံတကာနှင့်ဒေသရေးရာအခြေအနေ၊ SCO ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများအတွက် အမြင်သဘောထားချင်း ဖလှယ်သွားမည် ဖြစ်ပြီး ယခုနှစ် SCO ထိပ်သီးအစည်းအဝေးအတွက် ဘက်စုံအဆင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)

外交部发言人就秦刚访问缅甸并赴印度出席上合组织外长会答记者问
新华社北京5月2日电外交部发言人2日就国务委员兼外交部长秦刚5月2日至5日访问缅甸并赴印度出席上合组织外长会答记者问。
记者问:中方对秦刚国务委员兼外长此次访问缅甸的主要考虑是什么?
发言人说,秦刚国务委员兼外长此访旨在落实习近平主席2020年1月历史性访缅成果,深化经济、民生等领域务实合作,支持缅维护稳定、复苏经济、改善民生、实现可持续发展。
记者问:请简要介绍本次上海合作组织成员国外长会议的主要活动安排,中方对本次会议有何期待?
发言人说,上合组织成员国外长会议将于5月4日至5日在印度果阿邦首府帕纳吉市举行。会议期间,秦刚国务委员兼外长将同其他成员国外长就国际和地区形势、上合组织各领域合作等问题交换意见,为今年上合组织峰会做好全面准备。(完)