Connect with us

Politics, Law & Military

ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် (အတွဲ ၄) ကို ဘာသာစကားများစွာဖြင့် ပုံနှိပ်ထုတ်ဝေ

ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် (အတွဲ ၄) တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ စာအုပ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

မကြာသေးမီ ကာလက ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် (အတွဲ ၄) ကို ပြင်သစ်၊ ရုရှား၊ အာရဗီ၊ စပိန်၊ ပေါ်တူကီ၊ ဂျာမနီ၊ ဂျပန်နှင့် တရုတ်(ရိုးရာစာလုံး)စသည့် ဘာသာစကားများဖြင့် ပုံနှိပ်ထုတ်ဝေ၍ ပြည်တွင်းပြည်ပသို့ ဖြန့်ချိခဲ့သည်။အဆိုပါစာအုပ်ကို တရုတ်နိုင်ငံ ဗဟို ပြန်ကြားရေးဌာန(နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး)နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့်စာပေသုတေသနဌာန၊ တရုတ်နိုင်ငံ နိုင်ငံခြားဘာသာစကားဖြင့် ထုတ်ဝေရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန(CICG) တို့မှ တည်းဖြတ်ခြင်း ဖြစ်သည်။

ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် (အတွဲ ၄) တွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၂၀၂၂ ခုနှစ် မေ ၁၀ ရက်အတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ ပြောကြားခဲ့သော အရေးကြီး အဆိုအမိန့်များ၊ အမှာစကားများ၊ လမ်းညွှန်ချက်များ၊ ဂုဏ်ပြုလွှာများစသည့်အကြောင်းအရာ ၁၀၉ ပုဒ် အပါအဝင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ မှတ်တမ်းဓါတ်ပုံများ ပါဝင်ကြောင်း သိရသည်။

ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် (အတွဲ ၄) တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ စာအုပ်များကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပုံနှိပ်ထုတ်ဝေခဲ့ရာ ပြည်တွင်းပြည်ပ၏ ကောင်းမွန်သောတုံ့ပြန်မှုများ ရရှိခဲ့သည်။

ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် (အတွဲ ၄) ကို ဘာသာစကားများစွာဖြင့် ပုံနှိပ်ထုတ်ဝေခြင်းသည် နိုင်ငံတကာအသိုက်အဝန်းက သမ္မတရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်အတွေးအခေါ် နောက်ဆုံး တိုးတက်မှု၊ တရုတ်ကွန်မြူနစ်ပါတီက ရရှိခဲ့သော အောင်မြင်မှု အကြောင်းအရင်း၊ အနာဂတ်တွင် ဆက်လက်အောင်မြင်ရေး ဆောင်ရွက်မှုများ အပေါ် အချိန်နှင့်အညီ သိရှိနိုင်ရန် အထောက်အကူဖြစ်စေသလို တရုတ်နိုင်ငံ၏လမ်းစဉ်၊ တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု၊ တရုတ်နိုင်ငံ၏သဘောတရားကို ပို၍နားလည်လာအောင် ဆောင်ရွက်ရာ၌ လေးနက်သောအဓိပ္ပါယ်ရှိကြောင်း သိရသည်။ (Xinhua)

————————–

《习近平谈治国理政》第四卷多语种版出版发行
新华社北京6月11日电《习近平谈治国理政》第四卷法文、俄文、阿拉伯文、西班牙文、葡萄牙文、德文、日文及中文繁体等8个文版,近日由外文出版社出版,面向海内外发行。
《习近平谈治国理政》第四卷由中央宣传部(国务院新闻办公室)会同中央党史和文献研究院、中国外文局编辑,收录了习近平总书记在2020年2月3日至2022年5月10日期间的重要讲话、谈话、演讲、致辞、指示、贺信等109篇,还收入习近平总书记2020年1月以来的图片45幅。
《习近平谈治国理政》第四卷中、英文版自2022年7月出版发行以来,在国内外反响热烈。《习近平谈治国理政》第四卷多语种版的出版发行,对于帮助国际社会及时了解习近平新时代中国特色社会主义思想的最新发展,增进对中国共产党过去为什么能够成功、未来怎样才能继续成功的认识,加深对中国之路、中国之治、中国之理的理解,具有重要意义。(完)
1. 这是《习近平谈治国理政》第四卷中英文版的精装版和平装版。新华社记者 张玉薇 摄