Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် နှင့် ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeier တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် ဂျာမနီနိုင်ငံသမ္မတ Frank-Walter Steinmeierတို့ ဇွန် ၁၉ ရက် နံနက်ပိုင်းက ဘာလင်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ဘာလင်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeierနှင့် ဇွန် ၁၉ ရက် နံနက်ပိုင်းက ဘာလင်မြို့ သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဂျာမနီ သမ္မတ Frank-Walter Steinmeierကို သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား တစ်ဆင့် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်သည် တရုတ်-ဂျာမနီ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၅၀ ပြည့်ဖြစ်ပြီး သမ္မတ ရှီကျင့်ဖိန်နှင့်အဆွေတော်သမ္မတတို့ ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့၍ ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြရာတွင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ လမ်းညွှန်ပံ့ပိုးပေးခဲ့ပါကြောင်း ၊ တရုတ်နိုင်ငံသည် တရုတ်-ဂျာမနီဆက်ဆံရေးကို အစဉ်အမြဲအလေးထားကြောင်း၊ မိမိ၏ ယခုအကြိမ် ဂျာမနီသို့ အလည်အပတ်ခရီးစဉ် လာရောက်၍ ဝန်ကြီးချုပ် Olaf Scholz နှင့်အတူ သတ္တမအကြိမ်မြောက် တရုတ်-ဂျာမနီ အစိုးရ တွေ့ဆုံဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံခေါင်းဆောင်များ၏သဘောတူညီချက်ကို ဖော်ဆောင်ရန်၊ သံသယများကင်းရှင်း၍ ယုံကြည်ချက်များထပ်တိုးစေရန်၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန်၊ တရုတ်-ဂျာမနီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအနက်အဓိပ္ပါယ်ကို ပြည့်စုံစေရန်၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည် ရှင်သန်ရေး အထောက်အကူဖြစ်စေရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeierက တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်မှတစ်ဆင့် သမ္မတ ရှီကျင့်ဖိန်အား ရင်းနှီးစွာ နှုတ်ခွန်းဆက်သကြောင်း ပြောကြားခဲ့ရာ ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖြစ် ဆောင်ရွက်သွားလိုပြီး ကုန်သွယ်ရေးလွတ်လပ်မှုကို ကာကွယ်ထိန်းသိမ်း၍ ဥတုရာသီပြောင်းလဲမှုစသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းသွားလိုကြောင်း ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံသည် ကွင်းဆက်ဖြတ်တောက်မှုကို ဆန့်ကျင်သလို အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်သော မည်သည့်ပုံစံမျိုးကိုမဆို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံနှင့်ဆွေးနွေးညှိနှိုင်းမှုများ အားဖြည့်ဆောင်ရွက်၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်အတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ယူကရိန်းအကျပ်အတည်း စသည့် ဘုံဂရုပြုကြသော နိုင်ငံတကာနှင့်ဒေသရေးရာ ကိစ္စရပ်များအား အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(出访)李强会见德国总统施泰因迈尔
新华社柏林6月19日电(记者郑明达 田帆)当地时间6月19日上午,国务院总理李强在柏林总统府会见德国总统施泰因迈尔。
李强首先转达习近平主席对施泰因迈尔总统的亲切问候。李强表示,去年是中德建交50周年,习近平主席同总统先生互致贺电并通电话,为双边关系健康稳定发展提供战略引领。中国始终高度重视中德关系。我此次访德并同朔尔茨总理共同主持第七轮中德政府磋商,就是为了落实两国元首共识,持续增信释疑,挖掘双边合作新机遇,充实中德全方位战略伙伴关系内涵,助力两国发展和全球经济复苏。
施泰因迈尔请李强转达对习近平主席的诚挚问候,表示德国愿做中国可信任的合作伙伴,共同维护贸易自由化,应对气候变化等挑战。德方反对脱钩,反对任何形式的阵营对抗,愿同中方加强沟通,共同为促进世界和平与发展作出努力。
双方还就乌克兰危机等共同关心的国际和地区问题交换了意见。
1. 当地时间6月19日上午,国务院总理李强在柏林总统府会见德国总统施泰因迈尔。新华社记者 丁海涛 摄