Connect with us

China

တရုတ်နိုင်ငံက အာကာသလက်တွေ့စမ်းသပ်မှုဂြိုဟ်တုသစ် လွှတ်တင်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-25 လက်တွေ့စမ်းသပ်မှုဂြိုဟ်တု တင်ဆောင်ထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၃ ခုနှစ် ဇွန် ၂၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အာကာသလက်တွေ့စမ်းသပ်မှုဂြိုဟ်တုသစ်တစ်စင်းကို Long March-6 သယ်ဆောင်ရေးဒုံးပျံဖြင့် ဇွန် ၂၀ ရက်က အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-25 လက်တွေ့စမ်းသပ်မှုဂြိုဟ်တု တင်ဆောင်ထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၃ ခုနှစ် ဇွန် ၂၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-25 လက်တွေ့စမ်းသပ်မှုဂြိုဟ်တု တင်ဆောင်ထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၃ ခုနှစ် ဇွန် ၂၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-25 လက်တွေ့စမ်းသပ်မှုဂြိုဟ်တု တင်ဆောင်ထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၃ ခုနှစ် ဇွန် ၂၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

Shiyan-25 လက်တွေ့စမ်းသပ်မှုဂြိုဟ်တု တင်ဆောင်ထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို ပေကျင်းစံတော်ချိန် နံနက် ၁၁:၁၈ နာရီက နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂြိုဟ်တုသည် သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

၎င်းဂြိုဟ်တုကို ကမ္ဘာမြေလေ့လာရေးနည်းပညာ လက်တွေ့စမ်းသပ်မှုအသစ်များ ဆောင်ရွက်ရာ၌ အဓိကအသုံးပြုသွားမည်ဖြစ်သည်။
ယခုအကြိမ်လွှတ်တင်မှုသည် Long March ဒုံးပျံစီးရီး၏ ၄၇၇ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
China launches new space experiment satellite
TAIYUAN, June 20 (Xinhua) — China on Tuesday launched a Long March-6 carrier rocket to place a new experiment satellite in space.
The rocket carrying the Shiyan-25 experiment satellite lifted off at 11:18 a.m. (Beijing Time) from the Taiyuan Satellite Launch Center in the northern province of Shanxi. The satellite successfully entered the preset orbit.
This satellite will mainly be used to carry out new Earth-observation technology experiments.
This was the 477th flight mission of the Long March rocket series.
Photo 1-4: A Long March-6 carrier rocket carrying the Shiyan-25 experiment satellite blasts off from the Taiyuan Satellite Launch Center in north China’s Shanxi Province, June 20, 2023. The satellite successfully entered the preset orbit. (Photo by Zheng Bin/Xinhua)