Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဇွန် ၁၉ ရက် ညနေပိုင်းက ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာသည် ဖွံ့ဖြိုးတိုးတက်လျက်ရှိသလို ခေတ်ကာလသည်လည်း ပြောင်းလဲလျက်ရှိကြောင်း၊ ကမ္ဘာကြီးသည် ယေဘုယျအားဖြင့် တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးကို လိုအပ်သလို နှစ်နိုင်ငံ မှန်ကန်သော ဆက်ဆံရေး ရှိခြင်း၊မရှိခြင်းသည် လူသားမျိုးနွယ်တို့၏ အနာဂတ်ကံကြမ္မာနှင့် သက်ဆိုင်ကြောင်း အလေးထား ပြောကြားခဲ့သည်။

ကျယ်ပြောလှသော ကမ္ဘာမြေကြီးသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ ကိုယ်စီဖွံ့ဖြိုးတိုးတက်ရန်၊ အတူတကွ စည်ပင်ဝပြောရန် အပြည့်အဝ လက်ခံနိုင်ကြောင်း၊ တရုတ်ပြည်သူများသည် အမေရိကန် ပြည်သူများကဲ့သို့ပင် ဂုဏ်သိက္ခာရှိသော၊ ယုံကြည်ချက်ရှိသော၊ ကိုယ့်အားကိုယ်ကိုးသော ပြည်သူများ ဖြစ်ကြရာ သာယာလှပသောဘဝကို ပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းသည့် အခွင့်အရေးရှိကြောင်း၊ နှစ်နိုင်ငံအကြား တည်ရှိသော ဘုံအကျိုးစီးပွားကို အလေးထားသင့်ကြောင်း ၊ ကိုယ်စီအောင်မြင်မှုရရှိခြင်းသည် မိမိတို့ နှစ်နိုင်ငံအတွက် အပြန်အလှန်အားဖြင့် အခွင့်အလမ်းဖြစ်ပြီး ခြိမ်းခြောက်မှုမဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတကာ အသိုက်အဝန်းက တရုတ်-အမေရိကန် ဆက်ဆံရေး မျက်မှောက်အခြေအနေအပေါ် စိုးရိမ်ပူပန်ကြပြီး နှစ်နိုင်ငံအကြား ပဋိပက္ခနှင့်ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခြင်းကို မမြင်တွေ့လိုသလို တရုတ်- အမေရိကန် အကြား ဘက်ရွေး မရပ်တည်လိုဘဲ တရုတ်-အမေရိကန် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကိုသာ မျှော်လင့်ကြကြောင်း ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးထမ်းဆောင်ရန်၊ အပြောင်းအလဲများဖြင့် ရောယှက်ရှုပ်ထွေးလျက်ရှိသော ကမ္ဘာကြီးအတွက် တည်ငြိမ်မှု၊ သေချာရေရာမှု၊ အပြုသဘောဆောင်မှုများကို ဖြည့်တင်းပေးရန်အတွက် မိမိတို့နှစ်နိုင်ငံ အနေဖြင့် သမိုင်း၊ ပြည်သူနှင့်ကမ္ဘာအပေါ် တာဝန်ယူမှုရှိစွာ တရုတ်-အမေရိကန် ဆက်ဆံရေးကို ကောင်းမွန်အောင် စီမံသင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က နိုင်ငံကြီးများအားပြိုင်ခြင်းသည် ခေတ်ရေစီးကြောင်းနှင့်ကိုက်ညီမှုမရှိသလို အမေရိကန်နိုင်ငံ၏ပြဿနာနှင့် ကမ္ဘာတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ပို၍ပင် ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အမေရိကန်၏ အကျိုးစီးပွားကို လေးစားသလို အမေရိကန်ကို စိန်ခေါ်ပြီး အစားထိုးမည်မဟုတ်ကြောင်း၊ အလားတူပင် အမေရိကန်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံကို လေးစားရန်၊ တရုတ်နိုင်ငံ၏ တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွားကို ထိခိုက်အောင် မလုပ်ဆောင်ရန် ၊ မည်သည့်ဘက်ကမျှ မိမိ၏သဘောဆန္ဒအလျောက် အခြားတစ်ဘက်ကို ပုံစံသွင်းရန် လုပ်ဆောင်၍မရသလို အခြားတစ်ဘက်၏ ဖွံ့ဖြိုးတိုးတက်ခွင့် တရားဝင် အကျိုးစီးပွားကို လုယူ၍မရကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်မှု ရှိရန် အစဉ်အမြဲမျှော်လင့်ကြောင်း၊ နိုင်ငံကြီးနှစ်နိုင်ငံက အခက်အခဲများကို ဖယ်ရှား၍ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုရှိသော မှန်ကန်သည့်ဆက်ဆံရေးနည်းလမ်းကို ရှာဖွေတွေ့ရှိမည်ဟု ယုံကြည်ကြောင်း ၊ အမေရိကန်အနေဖြင့် ဓမ္မဓိဋ္ဌာန်ကျမှု၊ လက်တွေ့ကျမှု ရှိစွာ တရုတ်နိုင်ငံနှင့်အတူ ရှေ့သို့ လျှောက်လှမ်း ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ် ကောင်းမွန်လာအောင် မိမိနှင့် သမ္မတ ဘိုင်ဒန်၏ ဘာလီကျွန်းတွေ့ဆုံဆွေးနွေးမှုသဘောတူညီချက်များကို လက်ကိုင်ထား၍ တက်ကြွစွာ ဖော်ပြပြောဆိုနေသည့် သဘောထားများကို လက်တွေ့ဖော်ဆောင်စေလိုကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က သမ္မတ ဘိုင်ဒန်၏နှုတ်ခွန်းဆက်စကားကို သမ္မတ ရှီကျင့်ဖိန်အား ပြောကြားခဲ့ရာတွင် သမ္မတ ဘိုင်ဒန်အနေဖြင့် တရုတ်-အမေရိကန်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်အောင် စီမံရန် တာဝန်ဝတ္တရားရှိသည်ဟု ယုံကြည်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအတွက်သာမက ကမ္ဘာကြီး၏ အကျိုးစီးပွားနှင့် လျော်ညီကြောင်း ပြောကြားခဲ့သည်။

အမေရိကန် အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ဘာလီကျွန်းတွေ့ဆုံဆွေးနွေးမှု၌ အတည်ပြုထားသော အစီအစဉ်များကို ပြန်လည် အားထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် သမ္မတ ဘိုင်ဒန်၏ ကတိကဝတ်များကို လိုက်နာသွားမည်ဖြစ်ရာ “စစ်အေးတိုက်ပွဲ”ကို ရှာဖွေမည်မဟုတ်သလို တရုတ်နိုင်ငံ၏စနစ်ကိုပြောင်းလဲရန်၊ မဟာမိတ်ဆက်ဆံရေး အားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် တရုတ်ကို ဆန့်ကျင်ရန် ကြိုးပမ်းမည်မဟုတ်ကြောင်း၊ “ထိုင်ဝမ် လွတ်လပ်ရေး”ကို အားပေးမည်မဟုတ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့်ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားရန် ဆန္ဒမရှိကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်ဆက်ဆံရေးများ ဆွေးနွေးညှိနှိုင်းမှုများ ထားရှိကာ တာဝန်ယူမှုရှိစွာဖြင့် ကွဲလွဲများအား စီမံထိန်းချုပ်ရန်၊ တွေ့ဆုံဆွေးနွေးဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ဘလင်ကန်မှတစ်ဆင့် သမ္မတ ဘိုင်ဒန်အား နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဝမ်ရိ၊ ချင်ကန်း တို့ လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………….
(Chinese Version)
(外事)习近平会见美国国务卿布林肯
新华社北京6月19日电(记者刘华)6月19日下午,国家主席习近平在北京会见美国国务卿布林肯。
习近平强调,世界在发展,时代在变化。世界需要总体稳定的中美关系,中美两国能否正确相处事关人类前途命运。宽广的地球完全容得下中美各自发展、共同繁荣。中国人民和美国人民一样,都是自尊自信自强的人民,都拥有追求美好生活的权利,两国之间存在的共同利益应该得到重视,各自取得成功对彼此都是机遇而非威胁。当前,国际社会普遍对中美关系现状感到担忧,不希望看到两国冲突对抗,不愿在中美之间选边站队,期盼中美和平共处、友好合作。两国应该本着对历史、对人民、对世界负责的态度,处理好中美关系,为全球和平与发展作出贡献,为变乱交织的世界注入稳定性、确定性、建设性。
习近平指出,大国竞争不符合时代潮流,更解决不了美国自身的问题和世界面临的挑战。中国尊重美国的利益,不会去挑战和取代美国。同样,美国也要尊重中国,不要损害中国的正当权益。任何一方都不能按照自己的意愿塑造对方,更不能剥夺对方正当发展权利。中方始终希望中美关系能够健康稳定,相信两个大国能够排除万难,找到相互尊重、和平共处、合作共赢的正确相处之道。希望美方采取理性务实态度,同中方相向而行,共同努力,坚持我同拜登总统巴厘岛会晤达成的共识,把有关积极表态落实到行动上,让中美关系稳下来、好起来。
布林肯转达拜登总统对习近平主席的问候,表示,拜登总统相信美中两国有责任和义务管理好双边关系,这符合美国、中国乃至世界的利益。美方致力于重回两国元首巴厘岛会晤确定的议程。美方遵守拜登总统作出的承诺,不寻求“新冷战”、不寻求改变中国制度、不寻求通过强化盟友关系反对中国、不支持“台湾独立”、无意同中国发生冲突,期待同中方开展高层交往,保持畅通沟通,负责任地管控分歧,寻求对话交流合作。
习近平请布林肯转达对拜登总统的问候。
王毅、秦刚等参加会见。(完)