China
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel တွေ့ဆုံဆွေးနွေး

ပဲရစ်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelနှင့် ဇွန် ၂၂ ရက် ညပိုင်းက ပဲရစ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် လီချန်က ယခုနှစ်သည် တရုတ်-ဥရောပသမဂ္ဂ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်သည့် နှစ် ၂၀ ပြည့်ကြောင်း၊ တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂနှင့်အတူ တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးသစ် ကျင်းပရန် ကောင်းမွန်စွာ ဆောင်ရွက်သွားမည် ဖြစ်ပြီး အစိမ်းရောင်ကဏ္ဍ၊ ကုန်သွယ်စီးပွား၊ ဒစ်ဂျစ်တယ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ကာ တရုတ်-ဥရောပ ဆက်ဆံရေး အလားအလာသစ်တစ်ရပ်အား ဖွင့်လှစ်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် အန္တရာယ်မဟုတ်ဘဲ ကမ္ဘာအတွက် အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးခြင်း ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်း ထောက်ပို့ရေးကွင်းဆက်ကို ရိုက်ခတ်ခြင်းမဟုတ်သော တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးအပေါ် ဥရောပသမဂ္ဂက ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ပြီး တရုတ်နိုင်ငံနှင့်အတူ တရုတ်-ဥရောပသမဂ္ဂ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်သော အခြေအနေကို ထိန်းသိမ်းစေလိုကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ဥရောပသမဂ္ဂနှင့်အတူ တရုတ်-ဥရောပသမဂ္ဂ ကုန်သွယ်စီးပွားဆက်ဆံရေးများအပေါ် ယုံကြည်မှု၊ တည်ငြိမ်မှုများကို အားဖြည့်ကာ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း လီချန်က ပြောကြားခဲ့သည်။
Charles Michelက ဥရောပသမဂ္ဂသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ လက်ကိုင်ထားမည် ဖြစ်ပြီး တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းဖလှယ်မှုများ၊ အလွှာစုံ ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း၊ ဥရောပသမဂ္ဂ-တရုတ် ဆက်ဆံရေး ခိုင်မာအားကောင်းအောင် တွန်းအားပေးဆောင်ရွက်သွားပြီး ရာသီဥတု၊ ကျန်းမာရေးစသည့် ကဏ္ဍများဖြစ်သော ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို အတူ ဖြေရှင်းသွားလိုကြောင်း၊ ပွင့်လင်း၍ ဗဟုအသွင်ဆောင်သော ကမ္ဘာကို တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဥရောပသမဂ္ဂနှင့်ကမ္ဘာအတွက် အကျိုးဖြစ်ထွန်းစေရာ ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားလိုသောဆန္ဒမရှိကြောင်း၊ “စစ်အေးတိုက်ပွဲ”နှင့် ဘက်ရွေးရပ်တည်ရေးကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဥရောပသမဂ္ဂ-တရုတ် ခေါင်းဆောင်များ အစည်းအဝေးတွင် အပြုသဘော အကျိုးရလဒ်များ ရရှိသွားမည် ဟု မျှော်လင့်ကြောင်း Charles Michelက ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ယူကရိန်းအကျပ်အတည်းအရေးနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………………………………
(English Version)
李强会见欧洲理事会主席米歇尔
新华社巴黎6月22日电(记者邢建桥 唐霁)当地时间6月22日晚,国务院总理李强在巴黎会见欧洲理事会主席米歇尔。
李强表示,今年是中国和欧盟建立全面战略伙伴关系20周年。中方愿同欧方一道,办好新一次中欧领导人会晤,加强绿色、经贸、数字等领域合作,为中欧关系发展打开新空间。中国发展给世界带来的是机遇而不是风险,给全球产业链供应链带来的是稳定而不是冲击。希望欧方客观理性看待对华合作,同中方共同维护中欧务实合作的良好局面。中方愿同欧方共同努力,增强中欧经贸关系的可靠性、稳定性,更好实现互利共赢。
米歇尔表示,欧盟坚持一个中国政策,愿同中方加强沟通交流,发展多层面合作关系,推动欧中关系巩固和加强,共同解决气候、卫生健康等领域的全球性问题,构建开放、多极化的世界。中国的发展有利于欧盟和世界,欧盟无意阻遏中国发展,反对“新冷战”和选边站队,希望新一次欧中领导人会晤取得积极成果。
双方还就乌克兰危机交换了意见。
1. 当地时间6月22日晚,国务院总理李强在巴黎会见欧洲理事会主席米歇尔。新华社记者 丁海涛 摄