Connect with us

Media

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် နှင့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် တွေ့ဆုံဆွေးနွေး

ပဲရစ်၊ ဇွန် ၂၄ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် ဇွန် ၂၂ ရက် ညနေပိုင်းက ပြင်သစ်နိုင်ငံ Elysee နန်းတော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံဝန်ကြီးချုပ်လီချန်က သမ္မတ ရှီကျင့်ဖိန်၏နှုတ်ခွန်းဆက်စကားအား ပထမဦးစွာ ပြောကြားခဲ့သည်။ တရုတ်-ပြင်သစ် ၊ တရုတ်-ဥရောပသည် အားသာချက်အသီးသီးရှိကြရာ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးအားဖြည့်သွားရမည် ဖြစ်ကြောင်း၊ နျူကလီးယားစွမ်းအင် ၊ အာကာသနှင့်လေကြောင်း စသည့် သမာရိုးကျကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ကြသည့် တစ်ချိန်တည်းတွင်ပင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု၊ ခေတ်မီကုန်ထုတ်လုပ်မှုစသည့် ထွန်းသစ်စကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုအလားအလာများကိုလည်း ရှာဖွေသွားရမည် ဖြစ်ရာ အပြန်အလှန်အကျိုးရှိစေသော ဘုံအကျိုးစီးပွားကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် တရုတ် ကုမ္ပဏီလုပ်ငန်းများ ပြင်သစ်၌ ရင်းနှီးမြှုပ်နှံရန် အားပေးဆောင်ရွက်သွားမည် ဖြစ်သလို ပြင်သစ် ကုမ္ပဏီလုပ်ငန်းများကိုလည်း တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ မျှဝေခံစားရန် ကြိုဆိုကြောင်း လီချန်က ပြောကြားခဲ့သည်။

ပြင်သစ်-တရုတ် ဆက်ဆံရေးကို ပြင်သစ်နိုင်ငံအနေဖြင့် အထူးအလေးထားရာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ လက်ကိုင်ထားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ပြင်သစ်-တရုတ် မဟာဗျူဟာတွေ့ဆုံဆွေးနွေးမှု၊ အဆင့်မြင့် စီးပွားရေးနှင့်ဘဏ္ဍာရေး တွေ့ဆုံဆွေးနွေးမှု၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးအဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်သွားလိုကြောင်း၊ အာကာသနှင့်လေကြောင်း၊ နျူကလီးယားစွမ်းအင်၊ စိုက်ပျိုးရေးနှင့်စားသောက်ကုန် စသည့် ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် ကုမ္ပဏီလုပ်ငန်းများအနေဖြင့်လည်း ပြင်သစ်သို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ၊ အစိမ်းရောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စွမ်းအင်သစ် စသည့်ထွန်းသစ်စ ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်သွားရန် ဖိတ်ခေါ်ကြောင်း၊ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသော ကမ္ဘာတွင် ပြင်သစ်-တရုတ် နှစ်နိုင်ငံသည် ထိရောက်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်ကိုင်ထား၍ နိုင်ငံတကာအသိုက်အဝန်း စည်းလုံးရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြီးပြည့်စုံစေရေး မြှင့်တင်ဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေးကို တွန်းအားပေးဆောင်ရွက်သွားသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………………….
(Chinese Version)
(出访)李强会见法国总统马克龙
新华社巴黎6月22日电(记者郑明达 刘芳)当地时间6月22日下午,国务院总理李强在巴黎爱丽舍宫会见法国总统马克龙。
李强首先转达习近平主席对马克龙总统的亲切问候。
李强指出,中法、中欧各有优势,要进一步加强合作,在深化核能、航空航天等传统领域合作的同时,挖掘在环保、数字经济、人工智能、先进制造等新兴领域合作潜力,实现互利共赢。中方鼓励中国企业赴法投资。欢迎法国企业分享中国发展机遇。
李强表示,中法同为联合国安理会常任理事国,也是负责任大国,具有共同的战略观、大局观。中方愿同法方继续加强在国际事务上的沟通协调,支持对方有益倡议,共同应对全球性挑战,促进世界和平稳定。
马克龙愉快地回忆起他今年4月对中国的成功访问,请李强转达对习近平主席的诚挚问候和衷心感谢。马克龙欢迎李强访法并出席新全球融资契约峰会,表示法方高度重视法中关系,坚持一个中国政策,愿同中方通过法中战略对话、高级别经济财金对话、高级别人文交流机制加强协调,深化航空航天、核能、农食等领域合作。欢迎中国企业来法投资,拓展绿色环保、新能源等新兴领域合作。在充满挑战的世界上,法中应坚持有效的多边主义,促进国际社会团结,完善全球治理,推动解决全球性问题。