Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တို့ ဇူလိုင် ၁၃ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဇူလိုင် ၁၃ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ပြီးခဲ့သည့်လတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်စဉ်ကာလအတွင်း တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အရေးကြီးသော မဟာဗျူဟာနှင့် လမ်းညွှန်သဘောထားများကို သမ္မတ ရှီကျင့်ဖိန်က အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ နှစ်ဦးနှစ်ဖက် နက်ရှိုင်းပွင့်လင်းစွာ ဆွေးနွေးခဲ့ရာတွင် သဘောတူညီချက် အချို့ ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် အရေးကြီးဆုံးတစ်ခုမှာ ဘာလီကျွန်း၌ တွေ့ဆုံဆွေးနွေးထားသောအစီအစဉ်များကို ပြန်လည် ဖော်ဆောင်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး သင်္ဘောကြီး လမ်းကြောင်းမှန်သို့ ဦးတည်သွားမည့် အရေးကြီးသော ခြေလှမ်းတစ်ရပ်ကို လျှောက်လှမ်းခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် အရေးကြီးသည်မှာ လက်တွေ့ဆောင်ရွက်မှုဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး အကျပ်အတည်း ဖြစ်စေသည့် အကြောင်းတရားကိုလည်း ပြန်လည် စဉ်းစားသုံးသပ်ရန် လိုအပ်သလို နှစ်နိုင်ငံ ခေါင်းဆောင်များ ဘာလီကျွန်းဆွေးနွေးပွဲ သဘောတူညီချက်များကို အသေးစိတ်လက်တွေ့ဖော်ဆောင်မှုအဖြစ် ပြောင်းလဲရန် လိုအပ်ပြီး သမ္မတ ဘိုင်ဒန် ကြိမ်ဖန်များစွာ ပြောကြားခဲ့သည့် ကတိကဝတ်များကိုလည်း လက်တွေ့ဆောင်ရွက်ရန် ပို၍ လိုအပ်ကြောင်း ဝမ်ရိ ပြောကြားခဲ့သည်။

ဝမ်ရိက နှစ်နိုင်ငံအနေဖြင့် လက်တွေ့အသေးစိတ်ကိစ္စရပ်များကို စတင်ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ “ဖြစ်နိုင်ခြေများပြီး အန္တရာယ် သက်ရောက်မှုကြီးမားနိုင်သော ကိစ္စရပ်များ”ကို ခိုင်မာစွာ တားဆီးခြင်း၊ “ဖြစ်နိုင်ခြေနည်းပြီး အန္တရာယ်သက်ရောက်မှုကြီးမားနိုင်သော ကိစ္စရပ်များ”ကို သင့်လျော်စွာ စီမံခြင်း၊ “ရှေ့သို့လျှောက်လှမ်းရာ၌ ကြုံတွေ့မည့် ဆူးခလုတ်များ”ကို ရှင်းလင်းဖယ်ရှားခြင်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ တည်ငြိမ်မှုအကြောင်းတရားများကို စုစည်း၍ အနှောင့်အယှက်များကို ဖယ်ရှားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အနေဖြင့် ဆင်ခြင်တုံတရားနှင့် ဓမ္မဓိဋ္ဌာန်ကျစွာ တရုတ်နိုင်ငံနှင့် ဦးတည်ချက်တူ လျှောက်လှမ်းသင့်ရာ တရုတ်-အမေရိကန် ဆက်ဆံရေး လမ်းညွှန်မှုဆိုင်ရာ အခြေခံမူ ဆွေးနွေးပွဲအား တွန်းအားပေးရန်၊ သံတမန်ရေးနှင့်လုံခြုံရေးဆက်သွယ်မှု လမ်းကြောင်းများကို တိုးချဲ့ရန်၊ ဆွေးနွေးညှိနှိုင်းရေး လက်တွေ့ထိရောက်မှုများကို မြှင့်တင်ရန်၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးအား အဆင်ပြေချောမွေ့အောင် ထားရှိရန် ဝမ်ရိက ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးအပေါ် တရုတ်နိုင်ငံ၏ လေးနက်သည့်ရပ်တည်ချက်ကို ပြောကြားရာတွင် ဝမ်ရိက အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို စိတ်ထင်တိုင်း ဝင်မစွက်ဖက်ရန် ၊ တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို မထိပါးရန် ၊ တရုတ်နိုင်ငံ၏ ကုန်သွယ်စီးပွားနှင့်သိပ္ပံနည်းပညာအပေါ် ဖိနှိပ်မှုကို ရပ်တန့်ရန်၊ တရုတ်နိုင်ငံအပေါ် တရားမဝင် အကြောင်းမဲ့ ပိတ်ဆို့အရေးယူမှုကို ဖျက်သိမ်းရန် ပြောကြားခဲ့သည်။ အဓိကကျ၍ ဩဇာကြီးမားသော နိုင်ငံများအနေဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ဒေသတွင်းနိုင်ငံများ၏ ကြိုးပမ်းမှုကို လေးစားသင့်ပြီး အာဆီယံ ဗဟိုပြုရပ်တည်မှုကို ထောက်ခံသင့်ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် အငြင်းပွားမှုနှင့်ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခြင်းကို ရှောင်ရှားရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ယခုအကြိမ် တွေ့ဆုံမှုတွင် နှစ်ဖက်အနေဖြင့် အာရှ-ပစိဖိတ်၊ ရေကြောင်းရေးရာ ဆွေးနွေးမှု စသည်တို့ကို တက်ကြွစွာ ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးမှုများသည် ပွင့်လင်းမှု၊ လက်တွေ့ကျမှု၊ အပြုသဘောဆောင်မှုရှိကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ထိန်းသိမ်းရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………
(Chinese Version)
(国际)王毅会见美国国务卿布林肯
新华社雅加达7月13日电(记者余谦梁 汪奥娜)当地时间7月13日,中央外办主任王毅在雅加达应约会见美国国务卿布林肯。
王毅说,国务卿先生上个月访华时,习近平主席就稳定和发展中美关系提出了重要战略性、指导性意见。双方通过深入坦诚沟通,达成一些共识,最重要的一条就是重回巴厘岛议程,朝着校准中美关系这艘巨轮的航向迈出重要一步。下步的关键就是拿出实际行动,争取两国关系重回正确轨道。美方需要反思导致中美关系陷入严重困难的症结所在,需要把两国元首巴厘岛会晤共识真正转化为具体行动,更需要把拜登总统多次作出的一系列承诺切实落到实处。
王毅表示,双方要从具体事情做起,坚决阻止“灰犀牛”,妥善处理“黑天鹅”,彻底搬掉“拦路虎”,为中美关系的稳定积累条件、排除干扰。美方应采取理性务实态度,同中方相向而行,推进中美关系指导原则磋商,拓展外交安全沟通渠道,提升沟通实效,畅通人文交往。
王毅阐述了中方在台湾问题上的严正立场,要求美方不得肆意干涉中国内政,不得损害中国主权和领土完整,停止对华经贸和科技打压,取消对华非法无理制裁。作为具有重要影响力的大国,中美应尊重地区国家努力,支持东盟中心地位,避免将争议和复杂因素引入区域合作。
双方还就开展亚太、海上事务磋商等进行了积极探讨。认为此次会晤是坦诚、务实、建设性的,同意继续保持沟通。(完)
7月13日,中央外办主任王毅(左三)在印度尼西亚雅加达应约会见美国国务卿布林肯。新华社记者 徐钦 摄