Connect with us

China

တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို ပြည်ပဝင်ရောက်စွက်ဖက် ခွင့်မပြုဟု တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်က ကျင်းပသော ၁၃ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ်(ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး ပြည်ပဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုဟု တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ဇူလိုင် ၁၄ ရက် ဂျကာတာမြို့၌ ကျင်းပသော ၁၃ ကြိမ်မြောက် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ် အလေးထားပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြား လက်ရှိအခြေအနေကို တရုတ်နိုင်ငံက တစ်ဖက်သတ်ပြောင်းလဲနေသည်ဟူသော နိုင်ငံအချို့၏ မှားယွင်းစွာ ပြောကြားနေမှုကို ၎င်းက အထက်ပါအတိုင်း ချေပပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဝမ်ရိက ထိုင်ဝမ်သည် တရုတ်နိုင်ငံ ပိုင်နက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ၎င်းမှာ သမိုင်း၏ဖြစ်ရပ်မှန်၊ နိုင်ငံတကာအသိုက်အဝန်း၏ တူညီသည့်သဘောထား ဖြစ်ရုံသာမက ထိုင်ဝမ်ရေလက်ကြား၏ လက်ရှိစစ်မှန်သော အနေအထား ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤအခြေအနေကို ပြောင်းလဲလိုသူမှာ ထိုင်ဝမ် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP)နှင့် “ထိုင်ဝမ်သီးခြားရပ်တည်ရေး”ကို ကြိုးပမ်းနေသော ၎င်းတို့အား ထောက်ခံအားပေးသည့် ပြည်ပ အင်အားစုများသာ ဖြစ်ကြောင်း ၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး”နှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးသည် ရေနှင့်မီးပမာ အတူယှဉ်ထား၍မရကြောင်း၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး”လုပ်ဆောင်မှုကသာ ထိုင်ဝမ်ရေလက်ကြားကို ဖျက်ဆီးသော အကြီးမားဆုံး အကြောင်းတရား ဖြစ်ကြောင်း ၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို အမှန်တကယ် ကာကွယ်ထိန်းသိမ်းမည်ဆိုလျှင် “ထိုင်ဝမ် သီးခြားရပ်တည်ရေး”ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ရန် လိုအပ်ကြောင်း ၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းစွာပေါင်းစည်းရေးကို စေတနာမှန်ဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဖြစ်သော်လည်း နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည့်စုံမှုကို ကာကွယ်သည့် သန္နိဋ္ဌာန်နှင့်စိတ်ပိုင်းဖြတ်မှုက မမှိတ်မသုန်ခိုင်မာ မြဲမြံကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
王毅:中国内政不容外来干涉
新华社雅加达7月14日电(记者余谦梁 孙磊)当地时间7月14日,中央外办主任王毅在雅加达出席第13届东亚峰会外长会,强调台湾问题是中国内政,不容外来干涉,驳斥了个别国家称中方单方面改变台海现状的错误论调。
王毅表示,台湾是中国领土的一部分。这是历史事实,也是国际共识,更是台海的真正现状。想要改变这一现状的恰恰是台湾民进党和支持纵容其谋求“台独”的外部势力。“台独”同台海和平水火不容,“台独”行径才是台海和平的最大破坏因素,要真正维护台海和平,就需要坚决反对“台独”。我们愿以最大诚意、尽最大努力争取和平统一前景,但捍卫国家主权和领土完整的决心和意志坚定不移。(完)

1. 7月14日,中央外办主任王毅(前)在印度尼西亚雅加达出席第13届东亚峰会外长会。新华社记者徐钦摄