Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် မြေပြိုမှုကြောင့် သေဆုံးသူ ၂၇ ဦး အထိ တိုးလာ

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် လှေဖြင့်သွားလာနေကြသောသူများအား ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာရှ်ထရာပြည်နယ်တွင် ပြီးခဲ့သည့်ရက်များက ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် သေဆုံးသူ ၂၇ ဦးထိ တိုးမြင့်လာပြီး အခြားလူ ၇၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း အိန္ဒိယဒေသခံမီဒီယာများက ဇူလိုင် ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုများကြောင့် မဟာရာရှ်ထရာပြည်နယ် Raigad ခရိုင်ရှိ တောင်ပေါ်ကျေးရွာတစ်ရွာတွင် ဇူလိုင် ၁၉ ရက် ညပိုင်းက မြေပြိုမှု ဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အထိ သေဆုံးသူ ၂၇ ဦး၊ ပျောက်ဆုံးသူ ၇၈ ဦး၊ ဒဏ်ရာရသူ ၈ ဦး ရှိကြောင်း《The Indian Express》သတင်းက ဒေသဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန၏ ကိန်းဂဏန်းများကို ကိုးကားဖော်ပြထားသည်။

အိန္ဒိယ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အရေးပေါ်တပ်ဖွဲ့က အချင်းဖြစ်နေရာသို့ တပ်ဖွဲ့များအား စေလွှတ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မိုးများဆက်တိုက်ရွာသွန်းခြင်းနှင့်လမ်းများအဆင်ပြေချောမွေ့မှုမရှိခြင်းကြောင့် ကူညီကယ်ဆယ်ရေးတွင် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံအရာရှိတစ်ဦးက မီဒီယာများ၏တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

Raigad ခရိုင်အပါအဝင် မဟာရာရှ်ထရာပြည်နယ် ဝေးလံခေါင်သီသော ဒေသများတွင် ဇူလိုင် ၂၇ ရက်အထိ ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း အိန္ဒိယ မိုးဇလဌာနက ဇူလိုင် ၂၃ ရက်တွင် သတိပေးပြောကြားခဲ့သည်။

နှစ်စဉ် ဇွန်လမှ စက်တင်ဘာလသည် အိန္ဒိယနိုင်ငံ၏ မုတ်သုံမိုးရာသီကာလဖြစ်ရာ ယင်းကာလများအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်း၊ ရွံ့သဲကျောက်ရေစီးဆင်းခြင်း ၊ မြေပြိုခြင်း စသည့်ကပ်ဘေးများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ (Xinhua)

………………………..
(Chinese Version)
印度西部山体滑坡致死人数升至27人
新华社新德里7月23日电据印度媒体23日报道,该国西部马哈拉施特拉邦日前发生山体滑坡造成的死亡人数已升至27人,另有78人失踪。
因连日降雨,马哈拉施特拉邦赖戈德地区一山区村庄19日晚遭遇山体滑坡灾害。《印度快报》援引当地灾害管理局数据报道,截至22日下午6时30分,已有27人遇难,78人失踪,8人受伤。
印度全国救灾应急部队已派出多支救援队赶赴现场,救援行动仍在进行中。当地官员在接受媒体采访时表示,由于持续降雨及道路不畅等原因,救援行动遭遇困难。
印度气象部门23日对含赖戈德地区在内的马哈拉施特拉邦偏远地区发布强降雨预警,预计强降雨将持续至27日。
每年6月至9月是印度的季风雨季,其间暴雨天气频发,洪水、泥石流、山体滑坡等灾害时有发生。
1. 7月16日,人们在印度阿萨姆邦撑船前行。 新华社发