Connect with us

China

RCEPတွင် ဟောင်ကောင်ပါဝင်ရေး အာဆီယံနိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရယူ၍ ဟောင်ကောင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို တိုးမြှင့်သွားမည်ဟုဆို

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ မြို့ပြမြင်ကွင်းအား ၂၀၂၃ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး လီကျားချောင်း (John Lee) နှင့် ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်သော ခရီးစဉ်ကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက စတင်ခဲ့သည်။ ယခုအကြိမ် အလည်အပတ်ခရီးစဉ်တွင် ယင်းဒေသရှိ ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်သလို ဒေသကုမ္ပဏီလုပ်ငန်းများနှင့်အဆောက်အဦများကို သွားရောက်လေ့လာပြီး ဟောင်ကောင်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံသည် ဟောင်ကောင်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သလို ကမ္ဘာ့ ပဥ္စမအကြီးဆုံး စီးပွားရေးအစုအဖွဲ့ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှုအလားအလာ ကြီးမားကြောင်း လီကျားချောင်းက ဆိုသည်။ ဟောင်ကောင်နှင့် အာဆီယံသည် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်ရာ နှစ်ဖက်အနေဖြင့် အလွန်ကောင်းမွန်သော အခြေခံရှိကြောင်း၊ ယခုအကြိမ် အလည်အပတ်ခရီးစဉ်တွင် ဟောင်ကောင်၏အကြောင်းနှင့် ဟောင်ကောင်၏အခွင့်အလမ်းများကို မိတ်ဆက်ပြောကြားရန်၊ စီးပွားရေးအခွင့်အလမ်းများကို တိုးချဲ့ရန်၊ ဟောင်ကောင်ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများပိုမို ကြီးမားလာစေရေး မြှင့်တင်ဆောင်ရွက်ရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအကြိမ် ခရီးစဉ်သည် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို တိုးမြှင့်နိုင်မည်ဟု မျှော်လင့်သလို ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်တွင် ဟောင်ကောင်ပါဝင်ရေး အာဆီယံနိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း လီကျားချောင်းက ပြောကြားခဲ့သည်။ ဟောင်ကောင်သည် ဘက်ပေါင်းစုံ အားသာချက်များကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ “ဗဟိုအချက်အချာ ၈ ခု”တိုးတက်ရေးနှင့်တကွ မူဝါဒ အမြောက်အမြားက ဟောင်ကောင်၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအကြိမ် ၇ ရက်ကြာ လည်ပတ်ရေးခရီးစဉ်တွင်ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ ဌာနဆိုင်ရာများမှ အတွင်းရေးမှူး ၅ ဦးနှင့်အတူ ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဥပဒေရေးရာ စသည့် လူမှုအဖွဲ့အစည်းရှိ ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ် ၃၀ ဦး ပါဝင်ကြောင်းသိရသည်။ (Xinhua)

…………………………
(Chinese Version)
李家超:推广香港发展机遇 争取东盟国家支持香港加入RCEP
新华社香港7月23日电(记者梁文佳)香港特区行政长官李家超23日上午率团前往新加坡、印尼和马来西亚,此次访问将与当地领导人见面,考察当地企业及设施,推广香港发展机遇。
李家超表示,东盟是香港的第二大贸易伙伴,也是世界第五大经济体,发展潜力相当庞大。香港与东盟已签署自由贸易协定,双方有非常良好的基础。此次出访将利用每个机会介绍香港的所有机遇,说好香港故事,开拓商机,推广香港,令香港的发展机遇更大。
李家超说,希望此行能与东盟国家开拓更多合作和互惠共赢的空间,也希望争取东盟国家支持香港加入《区域全面经济伙伴关系协定》(RCEP)。他表示,香港正在发展多方面优势,“八大中心”定位以及很多政策均可增加香港的竞争力。
此次访问为期7天,访问团成员包括香港特区政府的五位司局长,以及30位来自金融、投资、工商、创新科技、运输物流、法律等社会各界的代表。
1. 这是5月5日拍摄的香港城市风光。 新华社记者 陈铎 摄