Connect with us

China

တရုတ်နိုင်ငံ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး အာဂျစ်ဒိုဗယ်လ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး အာဂျစ်ဒိုဗယ်လ် တို့ ဇူလိုင် ၂၄ ရက်က ဂျိုဟန်နာဘတ်စ်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဂျိုဟန်နာဘတ်စ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး အာဂျစ်ဒိုဗယ်လ် (Ajit Doval) နှင့် ဇူလိုင် ၂၄ ရက်က ဂျိုဟန်နာဘတ်စ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ဗဟုအသွင်ပြောင်းမှု ဖြစ်စဉ်၏ အင်အားကြီးနှစ်ရပ် ဖြစ်ရာ နှစ်နိုင်ငံအနေဖြင့် ခေတ်ကာလ ရေစီးကြောင်းနှင့်အညီ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်အောင် မှန်ကန်စွာ ကိုင်တွယ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် မိုဒီတို့သည် ဘာလီကျွန်းတွင် တရုတ်-အိန္ဒိယ ဆက်ဆံရေး တည်ငြိမ်မှုရှိစေရန် သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ “အပြန်အလှန် ခြိမ်းခြောက်မှုမဟုတ်သည့် အပြန်အလှန် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်း”အဖြစ်ထားရှိရေး ဟူသော မဟာဗျူဟာ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ရန် သဘောတူညီချက်များကို မူဝါဒဖြင့် မှန်ကန်စွာ အကောင်အထည်ဖော်ပြီး ဌာနအသီးသီး ကဏ္ဍအသီးသီးတွင် တစ်ပြေးညီ ဖော်ဆောင်ရန် ပြောင်းလဲရမည် ဖြစ်ကြောင်း၊ မဟာဗျူဟာအပြန်အလှန် ယုံကြည်မှု တိုးမြှင့်လာရန် ၊ သဘောတူညီချက်များကို စုစည်း၍ ပူးပေါင်းဆောင်ရွက်ရန်၊ အနှောင့်အယှက်အခက်အခဲများကို ကျော်လွှား၍ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရန် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အာဂျစ်ဒိုဗယ်လ်က အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ရှေးဟောင်းယဉ်ကျေးမှုကြီးနှစ်ခု၊ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံနှင့် ကမ္ဘာတွင် လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံဖြစ်ရာ ကမ္ဘာ့အခင်းအကျင်းပြောင်းလဲမှုအပေါ် သက်ရောက်မှုရှိကြသည့် အင်အားကြီး နှစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် လူသားမျိုးနွယ်တို့၏ရှေ့ရေးနှင့် ကမ္ဘာ့အနာဂတ်အပေါ် ထားရှိသည့် သဘောထားအမြင်များမှာ များစွာ တူညီမှု ရှိသလို ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများရှိကြောင်း ၊ နှစ်နိုင်ငံ၏ ကံကြမ္မာသည် နီးကပ်စွာ ယှက်နွယ်လျက်ရှိရာ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုကို ပြန်လည်တည်ဆောက်၍ အတူဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းသင့်ပါကြောင်း၊ အိန္ဒိယနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှုကို အခြေပြု၍ ရေရှည်အမြော်အမြင်ဖြင့် နယ်စပ်အခြေအနေ ဖြေရှင်းရေး အခြေခံနည်းလမ်းကို ရှာဖွေသွားမည် ဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေး အမြန်ဆုံး တိုးတက်ဖွံ့ဖြိုးကောင်းမွန်လာအောင် တွန်းအားပေးဆောင်ရွက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ထိန်းသိမ်းရန် အကျိုးဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)

(国际)王毅会见印度国家安全顾问多瓦尔
新华社约翰内斯堡7月24日电(记者谢江)7月24日,中央外办主任王毅在约翰内斯堡会见印度国家安全顾问多瓦尔。
王毅表示,中印是多极化进程中的两大力量,双方应顺应时代发展潮流,正确把握两国关系发展方向。去年底,习近平主席和莫迪总理在巴厘岛达成稳定中印关系的重要共识。双方要坚持两国领导人“互不构成威胁、互为发展机遇”的战略判断,真正将稳定双边关系的共识落实到具体政策,转化为各部门、各领域协同一致的行动,增进战略互信,聚焦共识合作,克服干扰困难,推动两国关系早日重回健康稳定发展轨道。
多瓦尔表示,印中作为两大古老文明、两大邻国和世界上人口最多的两个国家,是影响世界格局演变的两大力量。两国对人类前途和世界未来有着诸多相同看法,拥有广泛共同利益。双方的命运紧密相连,应当重建战略互信,谋求共同发展。印方愿同中方本着相互理解、相互尊重精神,着眼大局和长远,寻找解决边境事态的根本途径,推动两国关系尽快改善发展,为维护世界和平与繁荣作出积极贡献。(完)
1. 7月24日,中央外办主任王毅(左二)在约翰内斯堡会见印度国家安全顾问多瓦尔。新华社记者 张誉东 摄