Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က ၃၁ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ် နွေရာသီ အားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာ ဧည့်သည်တော်များအား ကြိုဆိုဧည့်ခံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က ၃၁ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ် နွေရာသီ အားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာ ဧည့်သည်တော်များအား စီချွမ်းပြည်နယ် မြို့တော် ချိန်တူးရှိ ကျင်းနျိုဧည့်ဂေဟာ၌ ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းက ကြိုဆိုဧည့်ခံရာတွင် ဧည့်သည်တော်များနှင့်စုပေါင်းအမှတ်တရ ဓါတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ချိန်တူး၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်သည် ၃၁ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ် နွေရာသီ အားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာ ဧည့်သည်တော်များအား စီချွမ်းပြည်နယ် မြို့တော် ချိန်တူးရှိ ကျင်းနျိုဧည့်ဂေဟာတွင် ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းက ကြိုဆိုဧည့်ခံခဲ့သည်။

အဆိုပါ အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို၊ မော်ရီတေးနီးယားနိုင်ငံ သမ္မတ Mohamed Ould Ghazouani ၊ ဘူရွန်ဒီနိုင်ငံ သမ္မတ Evariste Ndayishimiye ၊ ဂိုင်ယာနာနိုင်ငံ သမ္မတ Irfaan Ali ၊ ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Irakli Garibashvili နှင့် နိုင်ငံတကာ တက္ကသိုလ် အားကစား အဖွဲ့ချုပ်(FISU) ယာယီဥက္ကဋ္ဌ Leonz Eder တို့ တက်ရောက်ခဲ့ကြသည်။

သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ဧည့်သည်တော်များနှင့်အတူ ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်၍ စုပေါင်းအမှတ်တရ ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အခမ်းအနားတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား ၃၁ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ် နွေရာသီ အားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာ ဧည့်သည်တော်များအား နွေးထွေးစွာ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ချိန်တူးမြို့၌ ကမ္ဘာ့တက္ကသိုလ် အားကစားပွဲဖွင့်ပွဲအခမ်းအနားအား ယနေ့ ညပိုင်းတွင် စတင်ကျင်းပတော့မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ရိုးရှင်း၊ လုံခြုံ၍ စည်ကားသိုက်မြိုက်သော ပြိုင်ပွဲ ကျင်းပရေးဟူသော အမြင်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ စသည့် သက်ရောက်မှုများကို ကျော်လွှားကာ ကတိကဝတ်အတိုင်း အားကစားပွဲကြီး ချိန်တူးမြို့တွင် အောင်မြင်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတကာ လူငယ်လူရွယ်များ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးသစ်ကို ဆောင်ကြဉ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ တက္ကသိုလ် အားကစားပွဲသည် စတင်သည့် အချိန်မှစ၍ လူငယ်များ၏ပွဲတော်၊ စည်းလုံးညီညွတ်မှု၏ပွဲတော်၊ ချစ်ကြည်ရေးပွဲတော်အဖြစ် အစဉ်အမြဲတည်ရှိနေကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ကမ္ဘာတစ်ဝန်း လူငယ်များ အတူလက်တွဲ၍ လူငယ်အင်အားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ချိန်တူး၌ ကျင်းပသော ဤအားကစားပွဲကြီးကို တရုတ်နိုင်ငံ၏ဝိသေသလက္ခဏာ ၊ ခေတ်ကာလ၏အငွေ့အသက်နှင့် လူငယ်တို့၏ဟန်ပန်ရှိသော နိုင်ငံတကာ အားကစားပွဲကြီး အဖြစ် ကျင်းပရမည် ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းဒေသအသီးသီးရှိ လူငယ်မိတ်ဆွေများက ဤအားကစားပွဲမှတစ်ဆင့် ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုများ တိုးပွားလာပြီး လူသားမျိုးနွယ် တိုးတက်ရေးအတွက် အင်အားသစ်များ မြှင့်တင်နိုင်ရန်အတွက် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဤအားကစားပွဲ၏ ရည်ရွယ်ချက်များကို ကျယ်ပြန့်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်၊ နိုင်ငံတကာအသိုက်အဝန်းအတွက် အပြုသဘောဆောင်သည့် စွမ်းအင်များကို စုစည်းရန်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် သာယာလှပသော အနာဂတ်ကို ဖန်တီးရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ မိမိတို့သည် ဖလှယ်မှုဖြင့် အပြန်အလှန်လေ့လာသင်ယူမှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ရာ ကွဲလွဲမှုများကို သဘောထားကြီးစွာ လက်ခံ၍ သင့်မြတ်စွာ နေထိုင်ကြသော မိသားစုဥယျာဉ်ကြီးကို တည်ဆောက်ရမည် ဖြစ်ကြောင်း၊ တန်ဖိုးထားမှု၊ အပြန်အလှန် သင်ယူမှု၊ အပြန်အလှန်လေ့လာမှုဖြင့် များပြားလှသော ယဉ်ကျေးမှုများကို ရှုမြင်ရကာ လူသားမျိုးနွယ်တို့၏ ဘုံစံတန်ဖိုးကို မြှင့်တင်၍ လူသားမျိုးနွယ်တို့၏ အေးအတူ ပူအမျှ အသိုက်အဝန်း ကဏ္ဍသစ် ရေးဆွဲရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ချိန်တူးမြို့သည် သမိုင်းဝင်ယဉ်ကျေးမှု နာမည်ကျော်မြို့ ဖြစ်သလို တရုတ်နိုင်ငံ၏ တက်ကြွမှုနှင့်ချမ်းမြေ့သာယာမှု အရှိဆုံး မြို့များအနက် တစ်ခု ဖြစ်ရာ မိတ်ဆွေများအနေဖြင့် ချိန်တူးမြို့ လမ်းများသို့ ကိုယ်တိုင် သွားရောက်လည်ပတ်၍ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်း၏ ခံစားမှုကို လေ့လာရန် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ချိုက်ချီ၊ တင်းရွှဲရှန်၊ ဝမ်ရိ၊ လီကန့်ကျယ်၊ ဝမ်ရှောင်ဟုန်၊ စိန့်ရီချင်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကြိုဆိုဧည့်ခံပွဲမတိုင်မီ ဧည့်သည်တော်များက စီချွမ်းပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ပြသပွဲသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
习近平和彭丽媛为出席成都第31届世界大学生夏季运动会开幕式的国际贵宾举行欢迎宴会
新华社成都7月28日电(记者刘华、叶含勇)7月28日中午,国家主席习近平和夫人彭丽媛在四川省成都市金牛宾馆举行宴会,欢迎出席成都第31届世界大学生夏季运动会开幕式的国际贵宾。
他们是:印度尼西亚总统佐科和夫人伊莉亚娜、毛里塔尼亚总统加兹瓦尼、布隆迪总统恩达伊施米耶、圭亚那总统阿里、格鲁吉亚总理加里巴什维利以及国际大体联代理主席艾德。
习近平和彭丽媛同贵宾们一一亲切握手,互致问候并合影留念。
习近平发表致辞,代表中国政府和中国人民对来华出席成都第31届世界大学生夏季运动会开幕式的国际贵宾表示热烈欢迎。
习近平指出,成都大运会将于今晚正式开幕。中国秉持简约、安全、精彩的办赛理念,克服新冠疫情等不利因素影响,认真兑现庄严承诺,确保成都大运会顺利举办,为国际青年体育事业发展作出新贡献。
习近平强调,世界大学生运动会自诞生以来,就一直是青春的盛会、团结的盛会、友谊的盛会。我们要携手世界青年,以青春的活力促进世界和平与发展,把成都大运会办成一届具有中国特色、时代气息、青春风采的国际体育盛会,让来自世界各地的青年朋友因成都大运会相聚相知,增进理解,为促进人类进步事业提供新动力。我们要弘扬大运会宗旨,以团结的姿态应对全球性挑战,为国际社会汇聚正能量,合作开创美好未来。我们要深化交流互鉴,以包容的胸怀构建和而不同的精神家园,用欣赏、互学、互鉴的态度对待多种文化,弘扬全人类共同价值,谱写推动构建人类命运共同体新篇章。
习近平指出,成都是历史文化名城,也是中国最具活力和幸福感的城市之一。欢迎大家到成都街头走走看看,体验并分享中国式现代化的万千气象。
蔡奇、丁薛祥、王毅、李干杰、王小洪、谌贻琴等出席活动。
欢迎宴会开始前,贵宾们欣赏了四川非物质文化遗产展示。

1. 7月28日中午,国家主席习近平和夫人彭丽媛在四川省成都市金牛宾馆举行宴会,欢迎出席成都第31届世界大学生夏季运动会开幕式的国际贵宾。这是习近平和彭丽媛同贵宾们合影留念。 新华社记者 张领 摄