Connect with us

China

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ဖနွမ်းပင်မြို့တွင် ဩဂုတ် ၁၃ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ဖနွမ်းပင်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဖနွမ်းပင်မြို့တွင် ဩဂုတ် ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဟွန်ဆန်က တရုတ်-ကမ္ဘောဒီးယား ဆက်ဆံရေးအပေါ် သမ္မတ ရှီကျင့်ဖိန်၏ အထူးအလေးထားမှုကို ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲအပြီးတွင် ပထမဆုံး ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်းနှင့် တရုတ်နိုင်ငံ၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားသို့ လာရောက်ရန် စေလွှတ်ခြင်းသည် တရုတ်နိုင်ငံ၏ ကမ္ဘောဒီးယားအပေါ် ခိုင်မာသော ထောက်ခံအားပေးမှုနှင့် ကမ္ဘောဒီးယား-တရုတ် အမာခံ ချစ်ကြည်ရေးကို အပြည့်အဝ ပြသလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် ရွေးကောက်ပွဲ ရလဒ်သည် ကမ္ဘောဒီးယားပြည်သူများ၏ မှန်ကန်သော ရွေးချယ်မှုနှင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ(CPP)အပေါ် ယုံကြည်ထောက်ခံမှုကို ပြသခြင်း ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံရေး ဦးတည်ချက်များ၏ တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်ရှိမှုကို ထိန်းသိမ်းရန် အဆင့်မြင့်အရာရှိ အလုပ်တာဝန် လွှဲပြောင်းမှုများကို စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံကို စစ်မှန်သော မဟာဗျူဟာ အပြန်အလှန် ယုံကြည်အားကိုးမှုနှင့် ခိုင်မာသော မဟာဗျူဟာ နောက်ခံပံ့ပိုးမှုအဖြစ် ရှုမြင်ရာ ကမ္ဘောဒီးယား-တရုတ် စည်းလုံးညီညွတ်စွာ ချစ်ကြည်ရေးကို ခိုင်မာနက်ရှိုင်းအောင် ဆောင်ရွက်မည့် သန္နိဋ္ဌာန်မှာ ခိုင်မာမြဲမြံကြောင်း ၊ ကမ္ဘောဒီးယား အစိုးရသစ်သည်လည်း တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှု အားကောင်းအောင် ၊ အစဉ်အလာချစ်ကြည်ရေး တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ အဖိုးတန် အားပေးမှုများအား ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘောဒီးယား-တရုတ် အတူတကွတည်ဆောက်သည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ”သည် ကမ္ဘောဒီးယားနိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းစေခဲ့ကြောင်း ၊ “diamond hexagon” ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို တရုတ်နိုင်ငံနှင့် လက်တွဲအတူ အကောင်အထည်ဖော်ရန် မျှော်လင့်လျက်ရှိကြောင်း ၊ “စက်မှုဖွံ့ဖြိုးတိုးတက်ရေး စင်္ကြံ”နှင့် “ငါးနှင့်ဆန်စပါး စင်္ကြံ”တည်ဆောက်ရေးကို တွန်းအားပေး၍ ကမ္ဘောဒီးယားနိုင်ငံ၏ ကိုယ်ထူကိုယ်ထ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ခြင်းစွမ်းရည်ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံ ခေါင်းဆောင်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား တစ်ဆင့်ပြောကြားခဲ့ရာတွင် ကမ္ဘောဒီးယား ပြည်သူ့ပါတီ(CPP) ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိမှုအပေါ် ဂုဏ်ပြုပါကြောင်း၊ နိုင်ငံပေါင်း ၆၀ ကျော် ကိုယ်စားလှယ်များ ဖွဲ့စည်းထားသော နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့က ယခုရွေးကောက်ပွဲသည် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ တရားဥပဒေနှင့်အညီ စည်းစနစ်ကျမှုရှိပြီး ရွေးကောက်ပွဲရလဒ်က ပြည်သူများ၏စိတ်ဆန္ဒ ၊ အချိန်အခါအခြေအနေနှင့်ကိုက်ညီမှုကို ဖော်ပြနိုင်သည်ဟု ယူဆကြကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်၏ ဦးဆောင်မှုအောက်တွင် ကမ္ဘောဒီးယားနိုင်ငံသည် စစ်မက်ဖြစ်ပွားသောအခြေအနေမှ ငြိမ်းချမ်းမှုသို့ လည်းကောင်း၊ ရှုပ်ထွေးသောအခြေအနေမှ တည်ငြိမ်မှုသို့ လည်းကောင်း၊ ဆင်းရဲနွမ်းပါးမှုမှ ဖွံ့ဖြိုးတိုးတက်မှုသို့လည်းကောင်း၊ ဒေသတွင်းမှ ကမ္ဘာသို့လည်းကောင်း လျှောက်လှမ်းနိုင်ခဲ့ရာ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှု ရလဒ်များက သိသာထင်ရှားစွာ တွေ့မြင်ခဲ့ရပါကြောင်း ၊ ပြည်ပ အင်အားစုအချို့၏ နှောင့်ယှက်သံများက ပြည်သူများ၏ ရွေးချယ်မှုရှေ့တွင် ချည့်နဲ့ပျောက်ဆုံးခဲ့ကြောင်း ၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယခင်လမ်းစဉ်မှ ခရီးစဉ်သစ်သို့ လျှောက်လှမ်းရာ အချိန်အခါသမယတွင် လာရောက်လည်ပတ်ခြင်းက ကမ္ဘောဒီးယားနိုင်ငံ၏အနာဂတ်အပေါ် အပြည့်အဝ ယုံကြည်မှု၊ တရုတ်-ကမ္ဘောဒီးယား ဆက်ဆံရေး၏အလားအလာအပေါ် ပို၍ ယုံကြည်မှုပြည့်ဝကြောင်းကို ဖော်ပြခြင်း ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် ဝန်ကြီးချုပ် ဟွန်ဆန်၏ သမိုင်းဝင် အကျိုးဆောင်မှုများကို အထူး အလေးအနက်ထားသလို နှစ်နိုင်ငံခေါင်းဆောင်များ တည်ဆောက်ခဲ့ကြသော မြင့်မားသည့် အပြန်အလှန် ယုံကြည်မှု၊ နက်ရှိုင်းသည့် ချစ်ကြည်ရေးအပေါ် တန်ဖိုးထားကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ယခင်အတိုင်း ရပ်တည်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ မိမိနိုင်ငံနှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်သို့ လျှောက်လှမ်းခြင်း၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းခြင်း၊ နိုင်ငံတကာနှင့်ဒေသရေးရာတွင် ပို၍ကြီးမားသော အခန်းကဏ္ဍမှပါဝင်ခြင်းကို ခိုင်မာစွာ ထောက်ခံကြောင်း ၊ တရုတ်-ကမ္ဘောဒီးယား အမာခံချစ်ကြည်ရေးသည် ကာလကြာရှည်လာသည့်နှင့်အမျှ ပို၍ ခိုင်မာမြဲမြံပြီး တရုတ်-ကမ္ဘောဒီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ပို၍ ပွင့်လန်းလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ အစိုးရသစ်နှင့်အတူ လက်တွဲ၍ အရည်အသွေးမြင့်၊ အဆင့်မြင့်၊ စံချိန်မြင့်ဖြစ်သော ခေတ်သစ် တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှအသိုက်အဝန်းကို အတူလက်တွဲတည်ဆောက်သွားလိုကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသဘောတူညီချက်များအား ထိရောက်စွာ ဖော်ဆောင်မှုကို တွန်အားပေး ဆောင်ရွက်၍ ပြည်သူများ၏ ရင်ဝယ်တွင် တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေး နက်ရှိုင်းရန် ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ယင်နေ့တွင် ဝမ်ရိသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန် သီဟာမိုနီနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ကမ္ဘောဒီးယားသို့ အလည်အပတ်ခရီးစဉ်တွင် ဝမ်ရိက ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်လောင်း ဟွန်မန်နက်၊ ဒုတိယဝန်ကြီးချုပ် Hor Namhong ၊ ဒုတိယ ဝန်ကြီးချုပ်လောင်း Sun Chanthol၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးလောင်း Sok Chenda Sopheaတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………….
(Chinese Version)
柬埔寨首相洪森会见王毅
新华社金边8月13日电(记者吴长伟)当地时间8月13日,柬埔寨首相洪森在金边会见到访的中共中央政治局委员、外交部长王毅。
洪森衷心感谢习近平主席高度重视中柬关系,在柬埔寨大选后第一时间发来贺电并派中国高级别代表团访柬,充分体现了中方对柬埔寨的坚定支持和柬中铁杆友谊。此次大选结果展现了柬埔寨人民的正确选择和对人民党的信任支持。我们将有序推进高层代际交接,保持柬大政方针的稳定和连续。柬埔寨视中方为真正的战略依靠和坚强的战略后盾,巩固深化柬中团结友好的决心坚定不移。柬埔寨新一届政府将继续同中方增强战略互信,弘扬传统友谊。感谢中国为柬埔寨发展建设提供的宝贵支持,柬中共建“一带一路”使柬埔寨获益良多,期待同中方携手落实“钻石六边”合作共识,推进“工业发展走廊”和“鱼米走廊”建设,加快提升柬自主发展能力。
王毅转达了中国领导人的亲切问候,祝贺柬人民党在大选中获得压倒性胜利,表示60多国代表组成的国际观察员团一致认为此次选举公正透明、依法合规,大选结果彰显了人心所向、大势所趋。在洪森首相领导下,柬埔寨从战乱走向和平,从动荡走向稳定,从贫穷走向繁荣,从地区走向世界,发展成就有目共睹。一些外部势力发出的杂音在人民的选择面前显得苍白无力。中方在柬埔寨继往开来、迈上新征程之际到访,就是要表明中方对柬埔寨的未来充满信心,对中柬关系的前景更充满信心。
王毅表示,中方高度赞赏洪森首相为中柬命运共同体建设作出的历史性贡献,珍视两国领导人建立的高度互信和深厚友谊,将一如既往同柬方站在一起,坚定支持柬埔寨走符合国情的发展道路,坚定支持柬维护好国家利益和民族尊严,坚定支持柬在国际和地区舞台上发挥更大作用。中柬铁杆友谊历久弥坚,中柬关系发展前景光明。我们愿同柬埔寨新政府一道,携手共建高质量、高水平、高标准的新时代中柬命运共同体,推进两国领导人重要共识落地见效,让中柬友好深入人心、世代相传。
同日,柬埔寨国王西哈莫尼会见王毅。
访柬期间,王毅还分别同柬埔寨候任首相洪玛奈、副首相贺南洪和候任副首相孙占托、副首相兼外交大臣布拉索昆、候任副首相兼外交大臣宋金达等会见会谈。(完)

1. 当地时间8月13日,柬埔寨首相洪森(右)在金边会见到访的中共中央政治局委员、外交部长王毅。 新华社发(戈格基 摄)