Connect with us

Europe

ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၃,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

ဂရိနိုင်ငံ Volos ဒေသတွင် မီးသတ်ရဟတ်ယာဉ်တစ်စီးက မီးငြှိမ်းသတ်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ Pyrenees-Orientales ပြည်နယ်တွင် ဩဂုတ် ၁၄ ရက် ညနေပိုင်းက တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းသည့် ဧရိယာ ဟက်တာ ၅၀၀ ခန့်ရှိပြီး ခရီးသွားဧည့်သည်များအပါအဝင် လူပေါင်း ၃,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရကြောင်း သိရသည်။

မီးလောင်ကျွမ်းရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင် ၅၀၀ ဦး ၊ လေယာဉ် ၁၃ စင်း၊ ရဟတ်ယာဉ် ၃ စင်း စေလွှတ်ထားပြီး ဖြစ်ကြောင်း၊ ဒေသခံနှင့်ခရီးသွားများအား မီးဘေးအန္တရာယ်သတိထားရန် နှိုးဆော်ထားကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး Gérald Darmanin က လူမှုကွန်ရက်မီဒီယာတွင် ဩဂုတ် ၁၄ ရက် ညပိုင်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နွေရာသီတွင် ပြင်သစ်နိုင်ငံ တောင်ပိုင်း Gironda ပြည်နယ်၌ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ သစ်ပင်ရှိသောဧရိယာ ဟက်တာ ၃၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။ တောမီးလောင်ကျွမ်းမှု အလွယ်တကူ ဖြစ်ပွားရခြင်းသည် ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် သက်ဆိုင်ကြောင်း ပညာရှင်များက ယူဆကြသည်။

၂၀၀၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ ပြင်သစ်နိုင်ငံတွင် တောမီးလောင်ကျွမ်းမှုပေါင်း ၄,၀၀၀ ကျော်၊ သစ်ပင်ရှိသော ဧရိယာ ဟက်တာ ၁၁,၀၀၀ ခန့် မီးလောင် ပျက်စီးခဲ့ကြောင်း ပြင်သစ်အစိုးရ၏ စာရင်းများအရ သိရသည်။ (Xinhua)

………………………….
(Chinese Version)
法国南部发生森林火灾3000多人被疏散
新华社巴黎8月14日电(记者乔本孝)据法国媒体报道,该国南部东比利牛斯省14日下午发生森林火灾,过火面积约500公顷,包括游客在内3000多人被疏散。
法国内政部长达尔马宁14日晚在社交媒体发文说,已派出超过500名消防员以及13架飞机、3架直升机赶赴火灾现场。他要求当地居民及度假者小心防范火灾。
去年夏季,法国南部吉伦特省发生森林火灾,3万多公顷植被被毁。专家认为,森林火灾易发与全球气候变暖有关。
据法国官方统计,2007年至2018年,法国平均每年发生约4000起森林火灾,约1.1万公顷植被被毁。(完)
1. 7月27日,消防直升机在希腊沃洛斯地区新安希亚洛斯灭火。新华社发(马里奥斯•罗洛斯摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.