Connect with us

Asia

အိန္ဒိယနိုင်ငံ ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၂၁ ဦး ရှိပြီဖြစ်

အိန္ဒိယနိုင်ငံ ဟီမာချယ်ပရာဒက်ရှ် ပြည်နယ် Mandi ခရိုင်တွင် Beas မြစ်ရေကြီးနေသည့် မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ်ပရာဒက်ရှ် ပြည်နယ်တွင် လွန်ခဲ့သည့် ၂၄ နာရီက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်မြေပြိုမှုများကြောင့် သေဆုံးသူ ၂၁ ဦး ရှိပြီဖြစ်ပြီး လူအများအပြား ပျောက်ဆုံးလျက်ရှိကြောင်း ယင်းပြည်နယ် ဝန်ကြီးချုပ် Sukhvind Singh Suku က ဩဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ဟီမာချယ်ပရာဒက်ရှ် ပြည်နယ် Mandi ခရိုင်တွင် Beas မြစ်ရေကြီးနေသည့် မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဟီမာချယ်ပရာဒက်ရှ် ပြည်နယ် Mandi ခရိုင်တွင် Beas မြစ်ရေကြီးနေသည့် မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြည်သူအများအနေဖြင့် မြစ်ချောင်းများ၊ ဘူမိဘေးအန္တရာယ်ဖြစ်ပွားရာ နေရာများနှင့် ရေဘေးဒဏ်သင့် ဒေသများမှ ဝေးဝေးတွင် နေကြရန် ၊ တစ်ချိန်တည်းတွင်ပင် ခရီးသွားများအနေဖြင့် ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်သို့ လတ်တလောတွင် ခရီးသွားလာမှုမပြုရန် ယင်းပြည်နယ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးလျက်ရှိသော Sukhvind Singh Sukuက ဒေသခံရုပ်မြင်သံကြားဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်ရှိ စာသင်ကျောင်းအားလုံး ပိတ်ထားခဲ့ရကြောင်း သိရသည်။

နှစ်စဉ် ဇွန်လမှ စက်တင်ဘာလသည် အိန္ဒိယနိုင်ငံ၏ မုတ်သုံမိုးရာသီကာလဖြစ်ရာ ယင်းကာလတွင် မိုးသည်းထန်စွာ ရွာသွန်းမှု များပြားခြင်းကြောင့် ရေကြီးရေလျှံခြင်း၊ ရွှံ့သဲကျောက်ရေ စီးဆင်းခြင်း၊ မြေပြိုခြင်း စသည့် ဆက်စပ်ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။ (Xinhua)

…………………………
(Chinese Version)
印度喜马偕尔邦暴雨已造成21人死亡
新华社新德里8月14日电印度北部喜马偕尔邦首席部长苏克温德•辛格•苏库14日说,在过去24小时,暴雨引发的洪涝和山体滑坡等灾害已造成该邦21人死亡、多人失踪。
正在灾区视察的苏库在接受当地电视台采访时呼吁人们远离河流和地质灾害多发地,同时要求游客暂时不要到该邦旅游。
当天,喜马偕尔邦所有学校因暴雨停课。
每年6月至9月是印度的季风雨季,其间暴雨天气频发,洪水、泥石流、山体滑坡等灾害时有发生。
1. 这是7月10日在印度喜马偕尔邦曼迪地区拍摄的涨水的比亚斯河。(新华社发)