Connect with us

China

ယခုနှစ် အဲ့လျန်ဟူးဟော့ရထားလမ်း နယ်စပ်ဂိတ်မှ ဖြတ်သန်းသွားလာသော တရုတ်-ဥရောပ ရထားအစီးရေ ၂,၀၀၀ ကျော် ရှိပြီဖြစ်

တရုတ်နိုင်ငံ အဲ့လျန်ဟူးဟာ့ ရထားလမ်း နယ်စပ်ဂိတ်မှ တရုတ်-ဥရောပ ရထားတစ်စင်း မောင်းနှင်သွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - China Railway Hohhot Bureau Group Co., Ltd)

အဲလျန်ဟူးဟော့၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဟမ်းဗတ်မြို့သို့ ဦးတည်မောင်းနှင်သည့် တရုတ်-ဥရောပ ရထားကြီးသည် ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ အဲ့လျန်ဟူးဟော့ ရထားလမ်း နယ်စပ်ဂိတ်မှ ဖြတ်သန်းသွားခဲ့သည်။ ၎င်းမှာ ယခုနှစ်အတွင်း အဲ့လျန်ဟူးဟော့ရထားလမ်း နယ်စပ်ဂိတ်မှ ဖြတ်သန်းသွားသော တရုတ်-ဥရောပ ရထားအစီးရေ ၂,၀၀၀ ကျော် ရှိလာခဲ့ခြင်း ဖြစ်သည်။

တရုတ်-မွန်ဂိုလီးယား နှစ်နိုင်ငံနယ်စပ်၏ အကြီးဆုံး ရထားလမ်း နယ်စပ်ဂိတ်နှင့် တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေးစင်္ကြံ၏ အရေးကြီးသော လမ်းပန်းဆက်သွယ်ရေး အချက်အချာနေရာ တစ်ခုဖြစ်သည့် အဲ့လျန်ဟူးဟော့ ရထားလမ်း နယ်စပ်ဂိတ်သည် “စုစည်းခြင်း၊ စီမံ ဆောင်ရွက်ခြင်း ၊ ချိတ်ဆက်လွှဲပြောင်းခြင်းများကို ကောင်းမွန်အောင် ဖော်ဆောင်ခြင်း” ဟူသော သယ်ယူပို့ဆောင်ရေးမူ နှင့် “ဒစ်ဂျစ်တယ် ဂိတ်” စမတ်အသွင်ပြောင်း ပလက်ဖောင်း၏ အားသာချက်ကို အပြည့်အဝ အသုံးချမှုကို အခြေခံခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်ဝင်၊ပြည်ထွက် တရုတ်-ဥရောပရထား၏ ခရီးလမ်းတွင် လည်ပတ်ပုံနှင့် ကုန်ပစ္စည်းအမျိုးအစား အခြေအနေကို ကြိုတင် သိရှိခြင်းဖြင့် တိကျစွာ လမ်းညွှန်ဖော်ဆောင်နိုင်သလို သယ်ယူပို့ဆောင်ရေးအစီအမံများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး တရုတ်-ဥရောပရထား၏ အကောက်ခွန် ရှင်းလင်းရေးနှင့်သယ်ယူပို့ဆောင်ရေးကို ထိရောက်စွာ မြှင့်တင်နိုင်ခဲ့ရာ တရုတ်-ဥရောပ ရထား လည်ပတ်မှု အစွမ်းကုန် ပံ့ပိုးနိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်မှစ၍ တရုတ်-ဥရောပ ရထားများကို ပြေးဆွဲခဲ့ရာတွင် အဲ့လျန်ဟူးဟော့ ရထားလမ်းနယ်စပ်ဂိတ်မှ ဖြတ်သန်းသွားလာသော တရုတ်-ဥရောပ ရထား အစင်းရေ စုစုပေါင်း ၁၃,၀၀၀ ကျော် ၊ သက်ဆိုင်ရာ ခရီးစဉ် လမ်းကြောင်း ၆၉ ခု အထိ တိုးလာခဲ့ပြီး ဂျာမနီ၊ ပိုလန်စသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှ ဒေသ ၆၀ ကျော်နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။ (Xinhua)

……………………………
(Chinese Version)
今年以来二连浩特铁路口岸出入境中欧班列突破2000列
8月18日上午,随着一列驶往德国汉堡的中欧班列在二连浩特铁路口岸货场缓缓开动,今年以来二连浩特铁路口岸出入境中欧班列突破2000列。
作为中蒙边境最大的铁路口岸和中蒙俄经济走廊上的重要交通节点,二连浩特铁路口岸以“优先组织、优先办理、优先交接”为运输原则,在充分利用“数字口岸”智能化平台优势的基础上,提前掌握出入境中欧班列在途运行和货物品类结构情况,实行精准调度指挥,优化运输组织管理,有效提高了中欧班列的通关和运输效率,全力保障中欧班列高效开行。
自2013年开行首趟中欧班列以来,经二连浩特铁路口岸出入境中欧班列累计开行数量突破13000列,相关线路已增至69条,辐射国内中欧班列大部分首发车站,连接德国、波兰等10余个国家的60多个地区。
1. 图为一列驶出二连浩特铁路口岸的中欧班列。(中国铁路呼和浩特局集团有限公司供图)