Connect with us

International Organizations

ယူကရိန်း ပြန်လည် ငြိမ်းချမ်းရေးအတွက် လိုအပ်သည်မှာ တွေ့ဆုံဆွေးနွေးရေးဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီက ယူကရိန်းအရေး အရေးပေါ် အစည်းအဝေးပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

ယူကရိန်း ပြန်လည် ငြိမ်းချမ်းရေးအတွက် လိုအပ်သည်မှာ တွေ့ဆုံဆွေးနွေးရေးဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဩဂုတ် ၁၇ ရက်တွင် ပြုလုပ်သော ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုအပေါ် လုံခြုံရေးကောင်စီ၏ စိစစ်သုံးသပ်မှု အစည်းအဝေး၌ ပြောကြားခဲ့သည်။

ကိန်းစွမ်က ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုအပေါ် လုံခြုံရေးကောင်စီအနေဖြင့် အကြိမ်ပေါင်းများစွာ စိစစ်သုံးသပ်ခဲ့ပြီးဖြစ်သလို တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ပြီး ဖြစ်ရာ အထူးသဖြင့် စစ်မြေပြင်သို့ အဆက်မပြတ် လက်နက်ပေးပို့ခြင်း၏ ဆိုးဝါးသော နောက်ဆက်တွဲ ဆိုးကျိုးများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် လက်နက်ပစ္စည်း အမြောက်အမြား စစ်မြေပြင်သို့ ဆက်လက် ဝင်ရောက်နေခြင်းသည် အန္တရာယ် ပြင်ပသို့ လျှံထွက်လာနိုင်ခြေ ပို၍များပြားစေသလို စစ်ပွဲရပ်တန့်မည့် မျှော်လင့်ချက်များက ပို၍ နည်းပါးလာစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြန်လည် ငြိမ်းချမ်းရေးအတွက် လိုအပ်သည်မှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ အချိန်အတိုင်းအတာ တစ်ခုတွင် ပိုမိုများပြားသောနိုင်ငံများက ဆင်ခြင်တုံတရားရှိသော စကားသံများ ထုတ်ဖော်ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး အဆိုပြုခဲ့ကြကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်း၏စကားသံကို သက်ဆိုင်ရာဘက်ပေါင်းစုံက အပြုသဘောတုံ့ပြန်ကြမည်ဟု တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း၊ တည်ငြိမ်စွာ ထိန်းထိန်းသိမ်းသိမ်းရှိခြင်း၊ အခြေအနေတင်းမာမှုမျိုးကို ရှောင်ရှားခြင်း၊ ထိတွေ့ဆက်ဆံမှုများကို မြှင့်တင်ခြင်း၊တူညီသည့်သဘောထားများကို စုစည်းခြင်းဖြင့် အကျပ်အတည်း၏နောက်ဆုံးဖြေရှင်းမှုကို ဖော်ဆောင်ရန် အခြေအနေများ ဖန်တီးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယူကရိန်းအရေးတွင် ငြိမ်းချမ်းရေးဘက်မှ၊ တွေ့ဆုံဆွေးနွေးရေးဘက်မှ အစဉ်အမြဲ ရပ်တည် သွားမည် ဖြစ်သလို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် အစဉ်အမြဲ အပြုသဘော တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ တရုတ်သည် 《ယူကရိန်းအကျပ်အတည်း နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးအပေါ် တရုတ်နိုင်ငံ၏ရပ်တည်ချက်》စာတမ်းကို အခြေခံ၍ ဘက်ပေါင်းစုံနှင့် ဆွေးနွေးဖလှယ်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယူကရိန်း အကျပ်အတည်း နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးကို တွန်းအားပေးရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
中国代表说在乌克兰恢复和平需要的是对话谈判
新华社联合国8月17日电中国常驻联合国副代表耿爽17日在安理会审议向乌克兰提供武器问题时发言说,在乌克兰恢复和平需要的是对话谈判。
耿爽指出,安理会已多次审议向乌克兰提供武器问题,中方也多次阐述立场主张,特别就不断向战场投放武器的严重后果表达忧虑和不安。当前,大量武器装备仍在持续流入战场,外溢影响不断扩大,让停火止战的希望更加渺茫。
耿爽说,恢复和平需要的是对话谈判。一段时间以来,越来越多的国家发出理性声音,提出和平倡议。中方期待有关方面积极回应国际社会呼声,保持冷静克制,避免加剧紧张,加强接触,凝聚共识,为危机的最终解决逐步创造条件。
耿爽表示,中方在乌克兰问题上始终站在和平一边、站在对话一边,始终积极劝和促谈。中方将继续在《关于政治解决乌克兰危机的中国立场》文件基础上,加强与各方对话交流,为推动乌克兰危机政治解决发挥建设性作用。
1. 2023年6月6日,在位于纽约的联合国总部,安理会紧急审议乌克兰问题。