Connect with us

Africa & Middle East

တရုတ်-အီရတ် သံတမန်ဆက်ဆံရေး ထူထောင်သည့် ၆၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ ကျင်းပသည် တရုတ်-အီရတ် သံတမန် ဆက်ဆံရေး ထူထောင်သည့် ၆၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် အီရတ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချွေးဝေးနှင့် အီရတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mohammed Hussein Bahr Al-Uloom တို့ ကိတ်မုန့်လှီးနေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်-အီရတ် သံတမန်ဆက်ဆံရေး ထူထောင်သည့် ၆၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အီရတ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးနှင့် အီရတ် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အတူ ဩဂုတ် ၂၇ ရက်က ဘဂ္ဂဒက်မြို့တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို အီရတ်နိုင်ငံခြားရေးဝန်ကြီး Fuad Hussein ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mohammed Hussein Bahr Al-Uloom ၊ အီရတ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချွေးဝေးတို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Mohammed Hussein Bahr Al-Uloom က အမှာစကား ပြောကြားရာတွင် အီရတ်-တရုတ် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးသမိုင်းသည် ကြာရှည်သလို နှစ်နိုင်ငံစလုံးသည် ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံများ ဖြစ်ပြီး လူသားမျိုးနွယ် သမိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး အကျိုးဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၆၅ နှစ်တာကာလတွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် အပြန်အလှန်လေးစားမှု ၊ တန်းတူညီတူ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို အခြေခံ၍ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု အဆက်မပြတ်တိုးမြင့်လာသလို ကဏ္ဍစုံ ပူးပေါင်းဖလှယ်မှုများသည် အဆက်မပြတ် အပြုသဘော တိုးတက်မှုများ ရရှိခဲ့ရာ အီရတ်-တရုတ် ဆက်ဆံရေးသည် တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်သည့် အရှိန်အဟုန်ရှိလာကြောင်း ၎င်းက ပြောကြားခဲ့သည်။

ချွေးဝေးက သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် နှစ်နိုင်ငံသည် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ အားပေးမှု အစဉ်အမြဲရှိခဲ့ခြင်းကြောင့် နှစ်ဖက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုများက အဆင်ပြေချောမွေ့ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက်အောက်တွင် တရုတ်လုပ်ငန်းများက အီရတ်၏ ရေနံ၊ လျှပ်စစ်ဓာတ်အား၊ စာသင်ကျောင်း စသည့် ကဏ္ဍစုံ တည်ဆောက်မှုများ၌ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ခဲ့ရာတွင် အီရတ်ပြည်သူများ၏ စားဝတ်နေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးများစွာ ပြုနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အီရတ်နိုင်ငံနှင့်အတူ တရုတ်-အီရတ် အစဉ်အလာ ချစ်ကြည်ရေးကို ရှေ့ဆက်၍ တရုတ်-အီရတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုသာယာလှပသော မနက်ဖြန်သို့ လက်တွဲအတူ ဖွင့်လှစ်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
中国和伊拉克举行建交65周年庆祝活动
新华社巴格达8月27日电(记者董亚雷)中国驻伊拉克大使馆和伊拉克外交部27日在首都巴格达共同举办活动,庆祝中伊建交65周年。伊拉克外长侯赛因、副外长穆罕默德•侯赛因•巴赫尔•阿卢卢姆、中国驻伊拉克大使崔巍等出席活动。
阿卢卢姆在致辞中表示,伊中友好关系源远流长,两国同属文明古国,为全人类历史发展作出了杰出贡献。建交65年来,两国关系在相互尊重和平等互利的基础上取得长足发展。今年,两国政治互信不断增强,各领域合作交流不断取得积极进展,伊中关系呈现积极的发展势头。
崔巍在致辞中表示,建交以来,两国始终相互理解、相互信任、相互支持,双边关系发展顺利。在“一带一路”倡议引领下,中国企业广泛参与伊拉克石油、电力、学校等各领域建设,为伊改善民生、发展经济作出巨大贡献。中方愿同伊方共同努力,赓续中伊传统友谊,携手开辟中伊战略伙伴关系更加美好的明天。
1. Chinese Ambassador to Iraq Cui Wei and Iraqi Deputy Minister for bilateral relations Mohammed Hussein Bahr Al-Uloom cut a cake prepared on the occasion of the 65th anniversary of the diplomatic ties between China and Iraq in Baghdad, Iraq, on August 27, 2023. (Xinhua/Khalil Dawood)