Connect with us

China

တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဝမ်ဝန်ထောင်းနှင့် အမေရိကန်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဂျီနာ ရေမွန်ဒို တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဝမ်ဝန်ထောင်းသည် အမေရိကန်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာ ရေမွန်ဒို (Gina Raimondo) နှင့် ပေကျင်းမြို့တွင် ဩဂုတ် ၂၈ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဘာလီကျွန်း အရေးကြီး သဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ရန်၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆက်ဆံရေးနှင့် ဘုံဂရုပြုကြသော ကုန်သွယ်စီးပွားရေးရာကိစ္စရပ်များအပေါ် ဓမ္မဓိဋ္ဌာန်ကျမှု၊ ပွင့်လင်းမှု၊ အပြုသဘောဆောင်မှု ရှိစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ဝမ်ဝန်ထောင်းက ကုန်သွယ်စီးပွားဆက်ဆံရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ တည်ငြိမ်မှုအုတ်မြစ် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်သွယ်ရေးသည် နှစ်ဖက် စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေးအတွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း ဟူသော အခြေခံမူကို လက်ကိုင်ထား၍ နှစ်နိုင်ငံ စီးပွားရေးအသိုက်အဝန်းအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကောင်းမွန်သည့် မူဝါဒ ပတ်ဝန်းကျင်ကောင်းကို ကြိုးစားဖန်တီးကာ နှစ်ဖက်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ဝန်ထောင်းက အဓိကအားဖြင့် တရုတ်ကုန်စည်များအပေါ် ထားရှိသည့် အမေရိကန်၏ အခွန်စည်းကြပ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၁ ၊ တပိုင်းလျှပ်ကူးပစ္စည်း မူဝါဒ၊ နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်များ၊ ခွဲခြားဆက်ဆံမှုရှိသည့် ထောက်ပံ့ကြေး၊ တရုတ်လုပ်ငန်းများအပေါ် ပိတ်ဆို့ အရေးယူမှု စသည်တို့အပေါ် အထူးဂရုပြုစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ အမျိုးသား လုံခြုံရေးကို အကျယ်ချဲ့ခြင်းသည် ပုံမှန် ကုန်သွယ်စီးပွား သွားလာမှုအတွက် အကျိုးမရှိသလို တစ်ဖက်သတ် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ လုပ်ဆောင်ချက်များက ဈေးကွက် စည်းမျဉ်းစည်းကမ်းနှင့် တရားမျှတစွာ ယှဉ်ပြိုင်မှု အခြေခံမူများနှင့်ကိုက်ညီမှုမရှိကြောင်း၊ ၎င်းမှာ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းထောက်ပံ့ရေးကွင်းဆက် လုံခြုံတည်ငြိမ်မှုများကိုသာ ထိခိုက်စေကြောင်း၊ တရုတ်နိုင်ငံနှင့်ကွင်းဆက်ဖြတ်တောက်ရေး ဆောင်ရွက်မည်မဟုတ်ဟု အမေရိကန်အနေဖြင့် ကြိမ်ဖန်များစွာ ပြောကြားခဲ့ရာ ထိုပြောဆိုချက်ကို လက်တွေ့အကောင်အထည်ဖော်မည်ဟု မျှော်လင့်ကြောင်း ဝမ်ဝန်ထောင်းက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ဝမ်ဝန်ထောင်းနှင့် ဂျီနာ ရေမွန်ဒို တို့က တရုတ်-အမေရိကန်သည် ကုန်သွယ်စီးပွားကဏ္ဍတွင် ပွင့်လင်း၍ ထိရောက်မှုရှိသည့် တွေ့ဆုံဆွေးနွေးခြင်း၏ အရေးကြီးမှုကို သိရှိကြရာ နှစ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအကြား ညှိနှိုင်းဆွေးနွေးမှု လမ်းကြောင်းသစ်တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ အသေးစိတ် ကုန်သွယ်ရေးဆိုင်ရာပြဿနာများကို အဖြေရှာနိုင်ရန်အတွက် နှစ်ဖက်အနေဖြင့် ဒုတိယဝန်ကြီးအဆင့်နှင့် ဗျူရိုအဆင့် အရာရှိများ ၊ လုပ်ငန်းရှင် ကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ၊ လုပ်ငန်းအဖွဲ့သည် ဒုတိယဝန်ကြီးအဆင့်အစည်းအဝေးကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံဝန်ကြီးများအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ အမြဲထားရှိကာ နှစ်စဉ် အနည်းဆုံး တစ်ကြိမ် တွေ့ဆုံသွားမည်ကြောင်း၊ ထို့အပြင် ပို့ကုန် စီမံထိန်းချုပ်မှုစနစ်နှင့် ဆွေးနွေးညှိနှိုင်းမှု ယန္တရား ပိုမို ကောင်းမွန်စေရန် နှစ်ဖက်အနေဖြင့် ပို့ကုန် စီမံထိန်းချုပ်မှုဆိုင်ရာ အချက်အလက်ဖလှယ်မှု ယန္တရားကို စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………….
(Chinese Version)
商务部部长王文涛与美国商务部长雷蒙多举行会谈
新华社北京8月28日电 8月28日,商务部部长王文涛在京与来访的美国商务部长雷蒙多举行会谈。双方围绕落实中美元首巴厘岛会晤重要共识,就中美经贸关系和共同关心的经贸问题进行了理性、坦诚、建设性的沟通。
王文涛表示,经贸关系是中美关系的压舱石。两国的贸易对各自经济和世界经济都很重要。中方愿与美方共同努力,秉持相互尊重、和平共处、合作共赢的原则,为两国工商界合作创造良好政策环境,促进双边贸易和投资。
王文涛重点就美国对华301关税、半导体政策、双向投资限制、歧视性补贴、制裁中国企业等表达严正关切。王文涛表示,泛化国家安全不利于正常经贸往来,实施单边、保护主义措施不符合市场规则和公平竞争原则,只会损害全球产业链供应链安全稳定。美方多次表示不寻求与中方脱钩,希望美方将表态落在实处。
王文涛部长和雷蒙多部长认识到中美在经贸领域开展开放和富有成效对话的重要性,宣布在中美两国商务部之间建立新的沟通渠道。双方成立了一个工作组,由中美副部长级和司局级的政府官员组成,并有企业代表参加,以寻求解决具体商业问题的办法。工作组将每年举行两次副部级会议。两位部长同意经常性沟通,每年至少会见一次。此外,双方还启动了出口管制信息交流机制,作为解释各自出口管制制度和改善沟通的机制。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.