Connect with us

China

တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ရှေးဟောင်းအမွေအနှစ်နေရာတွင် ချင်မင်းဆက်မတိုင်မီက သင်္ချိုင်းအုတ်ဂူပေါင်း ၃,၂၂၈ ခု တွေ့ရှိ

ရှအယ်ရာမာခပု ရှေးဟောင်းအမွေအနှစ်နေရာ ဧရိယာ A ရှိ သင်္ချိုင်းအုတ်ဂူတည်ရှိရာပုံအား တွေ့ရစဉ် (ဓာတ်ပုံ - အင်တာဗျူးဖြေဆိုသူ)

ရှီးနင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှအယ်ရာမာခပု ရှေးဟောင်းအမွေအနှစ်နေရာ၏ သုတေသန လုပ်ငန်းများတွင် တိုးတက်မှုအသစ်များ ရရှိခဲ့ကြောင်း၊ ရှေးဟောင်းသုတေသန ပူးတွဲအဖွဲ့က စုံစမ်းစစ်ဆေးမှု၊ လေ့လာမှုစူးစမ်းမှုနှင့် တူးဖော်မှုများ ပြုလုပ်ခဲ့ရာတွင် အဆိုပါနေရာရှိ သင်္ချိုင်း သုသာန် ၃ ခုတွင် အုတ်ဂူပေါင်း ၃,၂၂၈ ခု တွေ့ရှိရကြောင်း ချင်းဟိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် သုတေသနဌာန၏ ဩဂုတ် ၂၈ ရက် ပြောကြားချက်များအရ သိရသည်။ ၎င်းမှာ လက်ရှိ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင် ချင်မင်းဆက်မတိုင်မီ အုတ်ဂူများကို တစ်စုတစ်ဝေးတည်း တွေ့ရှိမှု အများဆုံး ဖြစ်သည်ဟု ရှေးဟောင်းသုတေသီများက ယူဆကြသည်။

ရှအယ်ရာမာခပု ရှေးဟောင်းအမွေအနှစ်နေရာ ဧရိယာ A ရှိ သင်္ချိုင်းမှ တူးဖော်တွေ့ရှိသော ကြေးရုပ်တုအား တွေ့ရစဉ် (ဓာတ်ပုံ – အင်တာဗျူးဖြေဆိုသူ)

ရှအယ်ရာမာခပု ရှေးဟောင်းအမွေအနှစ်နေရာသည် တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်ရှီး မွန်ဂိုလူမျိုး၊ တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တိုးလန်ခရိုင် ပါးလုန်ကျေးရွာတွင် တည်ရှိသည်။ ၎င်းမှာ လူနေထိုင်မှုနှင့်သုသာန်သင်္ချိုင်းရှိရာ နော့မုဟုန် ယဉ်ကျေးမှု အခြေချသည့်နေရာ ဖြစ်ပြီး နှစ်ကာလအားဖြင့် ဘီစီ ၁,၅၀၀ မှ ဘီစီ ၁၀၀၀ ဝန်းကျင်၊ တရုတ်နိုင်ငံ ကျုံးယွမ်ဒေသ၏ ဆန်းမင်းဆက်နှင့် ကျိုးမင်းဆက် ခေတ်ကာလက ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်မှစ၍ ချင်းဟိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် သုတေသနဌာနနှင့် အနောက်မြောက်ပိုင်းတက္ကသိုလ် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာဌာနတို့ ပူးတွဲ၍ ရှအယ်ရာမာခပု ရှေးဟောင်းအမွေအနှစ်နေရာတွင် သုတေသနပြု တူးဖော်ခဲ့ခြင်း ဖြစ်သည်။

ရှအယ်ရာမာခပု ရှေးဟောင်းသုတေသန တူးဖော်ရေး စီမံကိန်း တာဝန်ခံ သုဝေက ၂၀၂၃ ခုနှစ်တွင် စတုရန်းမီတာ ၅၀၀ ရှိသော ဧရိယာကို တူးဖော်တွေ့ရှိခဲ့ပြီး စူးစမ်းလေ့လာမှုနှင့် စမ်းသပ်တူးဖော်မှုများမှတစ်ဆင့် ယင်းနေရာ၏ စုစုပေါင်း ဧရိယာနှင့် သက်ဆိုင်ရာ လုပ်ငန်းဆောင်တာ ဧရိယာခွဲခြားမှုများကို အတည်ပြုနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လူနေဧရိယာ စုစုပေါင်း စတုရန်းမီတာ ၇၀၀၀၀ ခန့်ရှိပြီး ကျောက်နံရံများ၊ လူနေအဆောက်အဦ၏အုတ်မြစ်၊ ကြေးသွန်းပစ္စည်း စသည်တို့ကို တွေ့ရှိရကြောင်း သိရသည်။

ရှေးဟောင်းသုတေသန ပူးတွဲအဖွဲ့က ယင်းနေရာတွင်ပင် သင်္ချိုင်းသုသာန် ၃ ခုကို တွေ့ရှိခဲ့ပြီး ၎င်း၏ စုစုပေါင်း ဧရိယာမှာ ၁၂၀,၀၀၀ စတုရန်းမီတာ ၊ အုတ်ဂူပေါင်း ၃,၂၂၈ ခု ရှိကာ ယခု တူးဖော်ပြီးသော အုတ်ဂူ ၅၂ ခု ရှိပြီဖြစ်ကြောင်း သိရသည်။

“အခုက မြေထည်၊ ကြေးထည်၊ ကျောက်စိမ်းပစ္စည်း၊ အရိုးပစ္စည်း၊ သစ်သားပစ္စည်း၊ ဇာထိုးပန်းထိုးပစ္စည်းနဲ့ လူအရိုး၊ တိရစ္ဆာန်အကြွင်းအကျန်ပစ္စည်း အများအပြားကို တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ဒါက နော့မုဟုန် ယဉ်ကျေးမှု သုတေသနအတွက် လက်တွေ့အထောက်အပံ့တွေ ဖြစ်တယ်” ဟု သုဝေက ပြောကြားခဲ့သည်။

နော့မုဟုန် ယဉ်ကျေးမှုသည် ချင်းဟိုင်၏ ဒေသထူးခြားမှုရှိသည့် ကြေးခေတ်ရှေးဟောင်းယဉ်ကျေးမှု ဖြစ်ရာ အဓိကအားဖြင့် တရုတ်နိုင်ငံ ချိုင်တာမု ချိုင့်ဝှမ်းနှင့် ၎င်းအနီးဝန်းကျင် ဒေသများ တည်ရှိသည်။ ရှအယ်ရာမာခပု ရှေးဟောင်းအမွေအနှစ်နေရာသည် နော့မုဟုန်ယဉ်ကျေးမှု၏ ကိုယ်စားပြုအနေဖြင့် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ ပေါကြွယ်ဝသလို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခြင်းကြောင့် ရှာဖွေတူးဖော်ရာတွင် အထူးတန်ဖိုးရှိသည်။ (Xinhua)

………………………………..
(Chinese Version)
中国青海夏尔雅玛可布遗址发现3228座先秦墓葬
新华社西宁8月28日电(记者白玛央措、耿辉凰)记者28日从中国青海省文物考古研究院获悉,中国夏尔雅玛可布遗址考古发掘取得新进展,联合考古队通过考古调查、勘探和发掘,发现该遗址三片墓地共有3228座墓葬。考古专家认为,这是目前中国西北地区先秦时期墓葬数量最多的墓葬群。
夏尔雅玛可布遗址位于青海省海西蒙古族藏族自治州都兰县巴隆乡,是一处既有居址又有墓地的诺木洪文化大型聚落,年代为公元前1500年至公元前1000年左右,相当于中国中原地区的商周时期。
自2021年起,青海省文物考古研究院联合西北大学文化遗产学院对夏尔雅玛可布遗址进行考古发掘。该遗址考古发掘项目负责人杜玮介绍,2023年度发掘面积500平方米,结合勘探和试掘,确认了遗址的总面积和功能区划。居址区总面积约7万平方米,发现有石(城)墙、房屋建筑基址、(铜)冶铸遗存等重要遗迹。
此外,联合考古队在该遗址发现三片墓地,总面积12万平方米,共有墓葬3228座,现已发掘52座。“目前已发现大量陶器、铜器、石(玉)器、骨器、木器、编织物和人骨、动植物遗存,为诺木洪文化研究提供了大量的实物资料。”杜玮说。
诺木洪文化是带有青海本土特色的青铜时代考古学文化,主要分布在中国柴达木盆地及其周边地区。夏尔雅玛可布遗址作为诺木洪文化的典型代表,遗物丰富且保存较好,具有很高的发掘价值。
1. 夏尔雅玛可布遗址A区墓葬分布图。受访者供图
2. 夏尔雅玛可布遗址A区墓地出土铜牛。受访者供图