Connect with us

Europe

ရုရှားနိုင်ငံ နေရာအများအပြားတွင် ယူကရိန်း ဒရုန်းယာဉ်များကို ဖျက်ဆီးခဲ့

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရသော အဆောက်အဦတစ်ခုအား ၂၀၂၃ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

ယူကရိန်းက ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များစွာအား ဒရုန်းယာဉ်ဖြင့် ဩဂုတ် ၂၉ ရက် ညဉ့်နက်ပိုင်းနှင့် ဩဂုတ် ၃၀ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ယင်းဒရုန်းယာဉ်များကို နေရာအများအပြားတွင် ရုရှားက ဖျက်ဆီးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနှင့် သက်ဆိုင်ရာဌာန၏ သတင်းများအရ သိရသည်။

ဩဂုတ် ၂၉ ရက် ညဉ့်နက်ပိုင်းတွင် ယူကရိန်း ဒရုန်းယာဉ်က Pskov လေဆိပ်ကို တိုက်ခိုက်ခဲ့ကြောင်း၊ ကနဦးအချက်အလက်များအရ တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူ မရှိခဲ့ကြောင်း Pskov ပြည်နယ် အုပ်ချုပ်ရေးမှူး Vedernikov က ဩဂုတ် ၃၀ ရက် လူမှုကွန်ရက် စာမျက်နှာတွင် ပြောကြားခဲ့သည်။

ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် ယူကရိန်း ဒရုန်းယာဉ်များက ရုရှား ဗဟိုဖက်ဒရယ်ခရိုင်ကို အကြီးအကျယ်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြောင်း ၊ ၎င်းတို့အနက် မော်စကိုမြို့သို့ ပျံသန်းရန် ကြိုးပမ်းနေသည့် ဒရုန်းယာဉ်ကို မော်စကို ပြည်နယ် Ruzsky ခရိုင် အထက်ကောင်းကင်တွင် ဖျက်ဆီးနိုင်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် လူသေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sergey Sobyanin က လူမှုကွန်ရက် စာမျက်နှာတွင် ပြောကြားခဲ့သည်။

ထို့ပြင်Bryansk၊ Kaluga၊ Oryol နှင့် Ryazan ပြည်နယ်များကိုလည်း အခြား ဒရုန်းယာဉ် ၇ စင်းက ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်က ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။ (Xinhua)

…………………………..
(Chinese Version)
俄罗斯在多个地区摧毁乌克兰无人机
新华社莫斯科8月30日电据俄罗斯国防部和有关部门消息,29日深夜到30日凌晨,乌克兰企图利用无人机对俄境内目标发动大规模袭击,这些无人机在多个地区被摧毁。
普斯科夫州州长韦杰尔尼科夫30日在社交媒体上发文说,29日深夜,乌克兰无人机对普斯科夫机场发动袭击,初步信息显示,袭击没有造成人员伤亡。
莫斯科市市长索比亚宁在社交媒体上发文说,30日凌晨,乌克兰企图利用无人机对俄中央联邦区发动大规模袭击,其中一架试图飞往莫斯科市的无人机在莫斯科州鲁斯基区上空被俄防空部队摧毁,袭击没有造成人员伤亡和财产损失。
据俄国防部消息,当地时间30日凌晨,另有7架无人机分别在布良斯克州、卡卢加州、奥廖尔州和梁赞州被俄防空系统摧毁。
1. 这是7月30日在俄罗斯莫斯科拍摄的被无人机袭击的建筑。