Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ နှင့် အာရပ်လွှတ်တော် ဥက္ကဋ္ဌ Adel Al Asoomi တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အာရပ်လွှတ်တော် ဥက္ကဋ္ဌ Adel Al Asoomi တို့ ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အာရပ် လွှတ်တော် ဥက္ကဋ္ဌ Adel Al Asoomi နှင့် ပေကျင်းမြို့တွင် ဩဂုတ် ၂၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အာရပ်လွှတ်တော် ဥက္ကဋ္ဌ Adel Al Asoomi တို့ ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများနှင့်အတူ အပြန်အလှန်ထောက်ခံအားပေးမှုများကို ခိုင်မာအောင်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းအောင်၊ ယဉ်ကျေးမှု ဖလှယ်ရေးနှင့်အပြန်အလှန်သင်ယူလေ့လာမှုများ နီးကပ်အောင် ဆောင်ရွက်သွားလိုကြောင်း အီဂျစ်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု စသည့် နိုင်ငံတို့အနေဖြင့် BRICS ယန္တရားတွင် တရားဝင် အဖွဲ့ဝင် ဖြစ်လာသည့်အတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း၏ အနာဂတ်ကံကြမ္မာသည် ဒေသတွင်းနိုင်ငံများနှင့်ပြည်သူများ၏ လက်ဝယ်တွင် တည်ရှိကြောင်း၊ ပါလက်စတိုင်းအရေး ဆောလျင်စွာ၊ တရားမျှတမှုနှင့်သင့်လျော်မှုရှိစွာ ဖြေရှင်းနိုင်ရေး တရုတ်နိုင်ငံအနေဖြင့် ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။

Adel Al Asoomi က အာရပ်အနေဖြင့် တရုတ်နိုင်ငံကို ယုံကြည်စိတ်ချရသော မဟာဗျူဟာမိတ်ဖက်အနေဖြင့် ရှုမြင်သလို သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော အရေးကြီးအဆိုပြုချက်များကို အထူး တန်ဖိုးထား၍ ပံ့ပိုးသွားမည် ဖြစ်ကြောင်း ၊ အာရပ်-တရုတ် ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(Chinese Version)
王毅会见阿拉伯议会议长欧舒米
新华社北京8月30日电中共中央政治局委员、中央外办主任王毅29日在北京会见阿拉伯议会议长欧舒米。
王毅表示,中国愿同阿拉伯国家坚定相互支持,深化务实合作,密切文明交流互鉴。祝贺埃及、沙特、阿联酋成为金砖机制正式成员。
王毅强调,中东的前途命运应掌握在地区国家和人民手中。中方支持巴勒斯坦问题早日得到公正合理解决。
欧舒米表示,阿方视中方为可信赖的战略伙伴,高度赞赏并拥护习近平主席提出的系列重要倡议,愿推动阿中关系再上新台阶。
1. 8月29日,中共中央政治局委员、中央外办主任王毅在北京会见阿拉伯议会议长欧舒米。