Connect with us

Africa & Middle East

တရုတ်ရေတပ် ဆေးသင်္ဘော “ငြိမ်းချမ်းရေးသင်္ဘောကြီး”၏ တွန်ဂါနိုင်ငံ ခရီးစဉ် ပြီးဆုံး၊ တွန်ဂါရေတပ်နှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့

တွန်ဂါနိုင်ငံ နူကူအလိုဖာဆိပ်ကမ်းမှ ထွက်ခွာသွားသော တရုတ်ရေတပ် ဆေးသင်္ဘော “ငြိမ်းချမ်းရေး သင်္ဘောကြီး”အား ၂၀၂၃ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ငြိမ်းချမ်းရေးသင်္ဘော၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ်ရေတပ် ဆေးသင်္ဘော “ငြိမ်းချမ်းရေး သင်္ဘောကြီး”၏ တွန်ဂါနိုင်ငံသို့ အလည်အပတ်ခရီးစဉ်နှင့် ဆေးကုသရေးဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများသည် ဩဂုတ် ၄ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ပြီးဆုံးခဲ့ပြီး နူကူအလိုဖာ ဆိပ်ကမ်းမှ “ချစ်ကြည်သင့်မြတ်ရေး-၂၀၂၃”မစ်ရှင် တတိယနေရာဖြစ်သော ဗနွားတူနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

တရုတ်ရေတပ် ဆေးသင်္ဘော “ငြိမ်းချမ်းရေး သင်္ဘောကြီး” တွန်ဂါနိုင်ငံ နူကူအလိုဖာဆိပ်ကမ်းမှ ထွက်ခွာချိန် တာဝန်ကျအရာရှိဝန်ထမ်းများက ပို့ဆောင်နှုတ်ဆက်သူများအား လက်ပြနှုတ်ဆက်နေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အချိန်ပြည့် ဆေးကုသရေးဝန်ဆောင်မှုပေးသည့် တစ်ချိန်တည်းတွင်ပင် “ငြိမ်းချမ်းရေး သင်္ဘောကြီး”က ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့ ၈ ဖွဲ့ကို တွန်ဂါနိုင်ငံ ကျွန်းများရှိ ကျေးရွာအဆင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ၃ ခု နှင့် Viola ဆေးရုံသို့ စေလွှတ်၍ ဒေသခံဆေးဝန်ထမ်းများနှင့်အတူ ဆေးကုသမှုများ လုပ်ဆောင်ပေးခဲ့သည်။ ဆေးကုသရေး ရဟတ်ယာဉ်ဖြင့် ဆေးတပ်ဖွဲ့ကို Eua ကျွန်းသို့ ပို့ဆောင်ခဲ့ပြီး ကျေးရွာသူကျေးရွာသား ၃၀၀ ကျော်အတွက် ဆေးကုသရေးဝန်ဆောင်မှုပေးခဲ့ကြောင်း ၊ တရုတ်ရေတပ် ဆေးပညာရှင်အဖွဲ့က တွန်ဂါ ရေတပ်အတွက် တိုက်ပွဲတွင်ဒဏ်ရာရရှိသူများ ကယ်ဆယ်ရေး စွမ်းရည် မွမ်းမံသင်တန်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တွန်ဂါနိုင်ငံ ဘုရင် Tupou VIက သင်္ဘောကြီးသို့ လာရောက်၍ တရုတ်ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေကြသော တွန်ဂါပြည်သူလူထုကို လာရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် Tupou VIက “ယခုအကြိမ် ခရီးစဉ်သည် အလွန်အောင်မြင်မှုရှိရာ ‘ငြိမ်းချမ်းရေးသင်္ဘောကြီး’အနေဖြင့် နိုင်ငံအသီးသီး ပြည်သူများအတွက် ကောင်းမွန်သော ဆေးကုသရေးဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးပေးနိုင်ပါစေ”ဟူသော မှတ်တမ်းတင် သတင်းစကားအား သင်္ဘောပေါ်တွင် ရေးသားခဲ့သည်

“ငြိမ်းချမ်းရေး သင်္ဘော” ဆေးသင်္ဘောကြီး ဆိပ်ကမ်းမှ ထွက်ခွာ၍ သတ်မှတ်ပင်လယ်ပြင်သို့ ရောက်ရှိသည့်အခါတွင် တွန်ဂါနိုင်ငံ ရေတပ် Ngahau Koula (Golden Arrow)ကင်းလှည့် သင်္ဘောနှင့်အတူ တပ်ဖွဲ့ဖွဲ့စည်းပြီးနေရာချထားခြင်း၊ ဆက်သွယ်ရေး လေ့ကျင့်မှုနှင့် ရေပြင်-ဝေဟင် ပူးတွဲရှာဖွေကယ်ဆယ်ရေး စသည့် ကဏ္ဍများအတွက် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………
(Chinese Version)

(军事)中国海军“和平方舟”号医院船结束汤加访问 与汤加海军举行联合演练
新华社和平方舟8月4日电(黎云 徐巍)当地时间4日上午10时,中国海军“和平方舟”号医院船圆满结束对汤加的访问和医疗服务,解缆驶离努库阿洛法港,前往“和谐使命-2023”任务的第三站瓦努阿图。
在为期7天的医疗服务中,“和平方舟”号医院船为当地民众、华侨华人等诊疗服务6895人次,完成包括体表巨大肿物切除、胆囊切除、白内障摘除及人工晶体植入等手术39例。单日主平台诊疗量和手术量,均创下执行“和谐使命-2023”任务以来最高纪录。
在全天候开展医疗服务的同时,“和平方舟”号医院船还先后派出8批医疗专家赴本岛3个村级卫生中心和维奥拉医院,与当地医护人员开展联合诊疗。医疗救护直升机搭载医疗分队前出外岛埃瓦岛,为300多名村民提供医疗服务。中国海军医疗专家还为汤加海军进行了战伤救护技能培训。
汤加国王图普六世登船看望慰问了中方医护人员和汤加住院民众,并与任务指挥员共同为1名白内障术后患者揭开纱布。图普六世在“和平方舟”号医院船上留言:“这次访问非常成功,希望‘和平方舟’继续为各国民众提供优质医疗服务。”
“和平方舟”号医院船离开码头抵达指定海域后,与汤加海军“金箭”号(舷号P301)巡逻艇举行了以编队运动、通信操演和海空立体搜救为主要科目的联合演练。
1. 8月4日,中国海军“和平方舟”号医院船解缆驶离努库阿洛法港。
2. 8月4日,中国海军“和平方舟”号医院船解缆驶离努库阿洛法港,任务官兵向欢送人群挥手告别。