Connect with us

Media

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ဒုတိယအကြီးအကဲ လိုက်ချင်းသဲ အမေရိကန်သို့ ဖြတ်သန်းသွားလာမည့်ကိစ္စအပေါ် သတင်းထောက်၏မေးမြန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ဒုတိယအကြီးအကဲ လိုက်ချင်းသဲ အမေရိကန်သို့ ဖြတ်သန်းသွားလာမည့်ကိစ္စအပေါ် သတင်းထောက်၏မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၃ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။

ထိုင်ဝမ်ဒေသ ဒုတိယအကြီးအကဲ လိုက်ချင်းသဲက ပါရာဂွေးနိုင်ငံ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် ဩဂုတ် ၁၂ ရက်တွင် ထိုင်ဝမ်မှ ထွက်ခွာမည် ဖြစ်ပြီး အသွားအပြန်ခရီးစဉ်များတွင် အမေရိကန်နိုင်ငံ နယူးယောက်နှင့် ဆန်ဖရန်စစ္စကိုသို့ ဖြတ်သန်းသွားလာမည် ဖြစ်သည်ဟု ထိုင်ဝမ် အာဏာရပါတီ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ(DPP)က ဩဂုတ် ၂ ရက်တွင် ကြေညာခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထိုမေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေဖြင့် အမေရိကန်-ထိုင်ဝမ် အစိုးရသွားလာမှုပုံစံမှန်သမျှကို ခိုင်မာစွာ ကန့်ကွက်သလို “ထိုင်ဝမ် သီးခြား ရပ်တည်ရေး” ခွဲထွက်ရေးသမားများ၏ မည်သည့်အမည်နာမ၊ မည်သည့်အကြောင်းပြချက်နှင့်မဆို အမေရိကန်သို့ ဖြတ်သန်းသွားလာခြင်းကို ပြတ်သားစွာ ကန့်ကွက်ကြောင်း၊ “ထိုင်ဝမ် သီးခြား ရပ်တည်ရေး”ခွဲထွက်ရေးသမားများနှင့် ၎င်းတို့၏လုပ်ရပ်ကို အမေရိကန်က လက်ခံသော မည်သည့်ပုံစံကိုမဆို အခိုင်အမာ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွား၏ ပင်မအချက်အချာဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ကျော်လွန်၍မရသော မျဉ်းနီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ကို တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ် သတ်မှတ်ချက်များကို လိုက်နာရန်၊ အမေရိကန်နိုင်ငံ ခေါင်းဆောင်၏ “ထိုင်ဝမ်သီးခြားရပ်တည်ရေး” အားမပေး ဟူသော ကတိကဝတ်များကို လက်တွေ့ဖော်ဆောင်ရန်၊ အမေရိကန်-ထိုင်ဝမ် အစိုးရ အသွားအလာများကို ရပ်တန့်ရန်၊ အမေရိကန်-ထိုင်ဝမ် လက်တွေ့ဆက်ဆံရေးမြှင့်တင်မှုများကို ရပ်တန့်ရန်၊ “ထိုင်ဝမ်သီးခြားရပ်တည်ရေး”ခွဲထွက်ရေးအင်အားစုများအား မှားယွင်းသော အချက်ပြမှုများကို ရပ်တန့်ရန်၊ လိုက်ချင်းသဲအနေဖြင့် အမေရိကန်သို့ ဖြတ်သန်းသွားလာ လည်ပတ်မှုကို မစီစဉ်ရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အခြေအနေများကို အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်ပြီး နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ပြတ်ပြတ်သားသား ကာကွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ ‘ထိုင်ဝမ် သီးခြားရပ်တည်ရေး’က လမ်းစ မရှိသလို အမေရိကန်ကို ချဉ်းကပ်ပြီး ထိုင်ဝမ်ကို ရောင်းချမယ့်လုပ်ရပ်က ထိုင်ဝမ်ပြည်သူလူထုကို ဒုက္ခဖြစ်စေမှာ ဖြစ်တယ်။ ပြည်ပအင်အားစုနဲ့ချိတ်ဆက်ပြီး သီးခြားရပ်တည်ရေးကြိုးပမ်းသည့် ရန်စတဲ့လုပ်ရပ်မှန်သမျှက နောက်ဆုံးမှာ အရှုံးနဲ့ အဆုံးသတ်ရမှာ ဖြစ်တယ်လို့ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ(DPP)ကို သတိပေးလိုက်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
外交部发言人就中国台湾地区副领导人赖清德拟“过境”窜美答记者问
新华社北京8月3日电外交部发言人3日就中国台湾地区副领导人赖清德拟“过境”窜美答记者问。
有记者问:据报道,台湾民进党当局2日宣布台湾地区副领导人赖清德将于12日自台出发赴巴拉圭出席巴总统就职典礼,往返“过境”美国纽约、旧金山。发言人对此有何评论?
发言人表示,中方坚决反对任何形式的美台官方往来,坚决反对“台独”分裂分子以任何名义、任何理由窜美,坚决反对美方以任何形式纵容支持“台独”分裂分子及其分裂行径。
发言人说,台湾问题是中国核心利益中的核心,是中美关系不可逾越的红线。中方敦促美方恪守一个中国原则和中美三个联合公报规定,切实履行美国领导人作出的不支持“台独”等承诺,停止美台官方往来,停止升级美台实质关系,停止向“台独”分裂势力发出错误信号,不得安排赖清德“过境”窜美。中方将密切关注事态发展,采取坚决有力措施捍卫国家主权和领土完整。
“我们正告民进党当局,‘台独’没有出路,媚美卖台祸害台民众,任何勾连外部势力谋‘独’挑衅的行径都注定以失败告终。”发言人说。