Connect with us

China

ရန်အိုက်ကျောင်း(Ren’ai Jiao)နှင့်စပ်လျဉ်းသည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ပြောကြား

ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
ရန်အိုက်ကျောင်း(Ren’ai Jiao)နှင့်စပ်လျဉ်းသည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်အပေါ် သတင်းထောက်များ၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၈ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။

သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီရက်များတွင် ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံ နန်ရှား ကျွန်းစု(Nansha Qundao) ရှိ ရန်အိုက်ကျောင်း(Ren’ai Jiao) သို့ တရားမဝင် ဆောက်လုပ်ရေးပစ္စည်းများ ပို့ဆောင်ခြင်းကြောင့် ပင်လယ်ပြင်တွင် အဖြစ်အပျက်အချို့ ဖြစ်ပွားခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အသေးစိတ်ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့် အလေးအနက် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်အိုက်ကျောင်း(Ren’ai Jiao)သည် တရုတ်နိုင်ငံ နန်ရှား ကျွန်းစု(Nansha Qundao)၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အလေးထားပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ရန်အိုက်ကျောင်း(Ren’ai Jiao)တွင် တရားမဝင် အခြေချထားသော စစ်သင်္ဘောကို ရွှေ့ပြောင်းပေးမည်ဟု ကြိမ်ဖန်များစွာ အတိအလင်း ကတိပြုပြောကြားခဲ့သော်လည်း ၂၄ နှစ်ကြာသည့်တိုင်အောင် ဖယ်ရှားခြင်းမရှိသည့်အပြင် ယင်းနေရာတွင် အခိုင်အမာ တိုးချဲ့ ပြင်ဆင်၍ ရန်အိုက်ကျောင်း(Ren’ai Jiao)တွင် ထာဝရအခြေချရန် ဖော်ဆောင်လျက်ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ လုပ်ဆောင်ချက်များက နိုင်ငံတကာ ဥပဒေ၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ လက်မှတ်ရေးထိုးထားသော 《တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေညာစာတမ်း》(DOC)ကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံကို ရန်အိုက်ကျောင်း(Ren’ai Jiao)တွင် အခြေထိုင်နေသည့် စစ်သင်္ဘောအား ချက်ချင်း ရွှေ့ပြောင်းပေးရန်၊ ရန်အိုက်ကျောင်း(Ren’ai Jiao)တွင် လူသူနှင့်အဆောက်အဦမရှိ အနေအထားသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ရန် နောက်ထပ်တစ်ကြိမ် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တောင်တရုတ်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်ချက်သည် 《ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း》(UNCLOS)အပါအဝင် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ရာ တရားဝင်မှု အကျုံးဝင်မှုမရှိကြောင်း ၊ ယင်းစီရင်ချက်ကို တရုတ်နိုင်ငံက လက်မခံသလို အသိအမှတ်လည်း မပြုကြောင်း၊ ယင်း စီရင်ချက်ကို အခြေပြုသော အယူအဆနှင့်လုပ်ဆောင်ချက်မှန်သမျှကို လက်မခံကြောင်း ၊ ဤရပ်တည်ချက်မှာ ခိုင်မာရှင်းလင်းမှုရှိပြီး နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို ကာကွယ်ထိန်းသိမ်းသည့် မှန်ကန်သောဆောင်ရွက်ချက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်အိုက်ကျောင်း(Ren’ai Jiao)အရေးကိစ္စအပေါ် တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို သံတမန်ရေးလမ်းကြောင်းဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ရာ ဖိလစ်ပိုင်အနေဖြင့် တရားမဝင် အခြေချထားသော စစ်သင်္ဘောထံ အခိုင်အမာ တိုးချဲ့ပြင်ဆင်သည့် ဆောက်လုပ်ရေးပစ္စည်းများ မပို့ဆောင်ရန် အတိအလင်း တောင်းဆိုခဲ့ပြီး ရန်အိုက်ကျောင်း(Ren’ai Jiao)အခြေအနေကို အမြန်ဆုံး တွေ့ဆုံဆွေးနွေးခြင်းဖြင့် စီမံထိန်းချုပ်ရန် အဆိုပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
သို့သော် တရုတ်နိုင်ငံ၏စိတ်ရင်းစေတနာမှန်စွာ ပြောကြားမှုကို ဖိလစ်ပိုင်နိုင်ငံက လျစ်လျူရှု၍ ရန်အိုက်ကျောင်း(Ren’ai Jiao)၌ အခြေချထားသော စစ်သင်္ဘောထံသို့ အခိုင်အမာ တိုးချဲ့ ပြင်ဆင်ရန် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းမှာ ယခုအခြေအနေ ဖြစ်ပွားရသည့် အကြောင်းရင်း ဖြစ်ကြောင်း ၊ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဥပဒေနှင့်အညီ တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာ၊ ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းခြင်း ဖြစ်ရာ အချင်းဖြစ်နေရာ၌ လုပ်ဆောင်မှုသည် ကျွမ်းကျင်စွာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရာ အငြင်းပွားဖွယ်မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံ၏ အရေးကြီးသော ပင်လယ်ချင်းဆက်စပ်နေသော အိမ်နီးချင်း ဖြစ်ကြောင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုစီမံထိန်းချုပ်ရေးကို တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံအတူ ဆောင်ရွက်ခဲ့ဖူးရာတွင် အရေးကြီး သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် ပင်လယ်ရေကြောင်းရေးရာကိစ္စရပ်များကို သင့်လျော်စွာ စီမံဆောင်ရွက်ကာ နှစ်ဖက်ဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းရေးရာ အခြေအနေ တည်ငြိမ်ရေး အတူကာကွယ် ထိန်းသိမ်း သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
外交部发言人就菲律宾外交部发表关于仁爱礁问题的声明答记者问
新华社北京8月8日电 外交部发言人8日就菲律宾外交部发表关于仁爱礁问题的声明答记者问。
发言人表示,关于近日菲律宾向中国南沙群岛仁爱礁非法运送建筑物资并引发海上事态的情况,中国海警局新闻发言人已作了详细介绍。中国外交部已向菲方提出严正交涉。
发言人强调,仁爱礁是中国南沙群岛的一部分。菲方多次明确承诺拖走在该礁非法“坐滩”的军舰,但24年过去了,菲方不但未拖走该军舰,还企图对其大规模维修加固,实现对仁爱礁的永久占领。菲方行为严重违反国际法和中国与东盟国家签署的《南海各方行为宣言》。中方再次敦促菲方立即从仁爱礁拖走“坐滩”军舰,恢复仁爱礁无人无设施的状态。
发言人指出,南海仲裁案所谓裁决违反包括《联合国海洋法公约》在内的国际法,是非法的、无效的。中国不接受、不承认该裁决,不接受任何基于该裁决的主张和行动。这一立场是明确的、坚定的,是维护国际法治的正当举措。
发言人表示,一段时间以来,中方通过外交渠道多次同菲方就仁爱礁问题进行沟通,明确要求菲方不得向非法“坐滩”军舰运送用于大规模维修加固的建筑物资,并提议双方尽快商谈管控仁爱礁局势的措施。但菲方无视中方的善意和诚意,执意向仁爱礁“坐滩”军舰运送用于维修加固的建筑物资,这是此次事态的起因。中国海警依法采取措施维护中方主权和海洋权益,现场操作专业、克制,无可非议。
发言人说,菲律宾是中国重要的海上邻国,中菲双方曾就管控海上争议达成重要共识。中方愿继续通过对话协商与菲方妥善处理海上问题,共同维护双边关系和海上局势稳定。