Connect with us

China

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပထမ ၇ လအတွင်း ၀.၄ ရာခိုင်နှုန်း မြင့်တက်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်ကျိုးမြို့ ပေပုပင်လယ်ကွေ့ဆိပ်ကမ်းရှိ ကွန်တိန်နာဆိပ်ခံတံတားကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပထမ ၇ လအတွင်း စုစုပေါင်း ပို့ကုန်၊ သွင်းကုန်သည် ယွမ် ၂၃.၅၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၂၉ ထရီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၀.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဩဂုတ် ၈ ရက်ထုတ်တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။

ပို့ကုန်အနေဖြင့် ယွမ် ၁၃.၄၇ ထရီလီယံ ရရှိခဲ့ပြီး ယခင်နှင့် ကာလတူထက် ၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ သွင်းကုန်အနေဖြင့်မူ ယွမ် ၁၀.၀၈ ထရီလီယံရရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာနအရ သိရသည်။

ဇူလိုင်လ တစ်လတည်းတွင် နိုင်ငံခြားကုန်သွယ်မှုမှာ ယခင်နှစ် ကာလတူထက် ၈.၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)
………………………………
(English Version)
China’s foreign trade up 0.4 pct in first 7 months
BEIJING, Aug. 8 (Xinhua) — China’s total imports and exports expanded 0.4 percent year on year to 23.55 trillion yuan (about 3.29 trillion U.S. dollars) in the first seven months of the year, official data showed Tuesday.
Exports grew 1.5 percent year on year to 13.47 trillion yuan while imports declined 1.1 percent from a year earlier to 10.08 trillion yuan, according to the General Administration of Customs.
In July alone, foreign trade dropped 8.3 percent year on year, the data showed.
Photo: This aerial photo taken on July 22, 2023 shows a container wharf of the Beibu Gulf Port in Qinzhou, south China’s Guangxi Zhuang Autonomous Region. (Xinhua/Cao Yiming)