Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အမှတ် ၇၈ တပ်ပေါင်းစုသို့ သွားရောက်စစ်ဆေးကြည့်ရှု

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အမှတ် ၇၈ တပ်ပေါင်းစုသို့ သွားရောက်စစ်ဆေးကြည့်ရှုရာ အရေးကြီးမိန့်ခွန်းပြောကြားနေသည်ကို စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၈ ရက်က အမှတ် ၇၈ တပ်ပေါင်းစုသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အမှတ် ၇၈ တပ်ပေါင်းစု သို့ သွားရောက်စစ်ဆေးကြည့်ရှုရာ တပ်ဖွဲ့အရာရှိ၊ တပ်ဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံနေသည်ကို စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့ သွားရောက် စစ်ဆေးကြည့်ရှုရာတွင် ရှီကျင့်ဖိန်က ခေတ်သစ် အင်အားကြီး စစ်တပ်အတွေးအခေါ်ကို နက်ရှိုင်းစွာ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရန်၊ ခေတ်သစ် စစ်ရေး မဟာဗျူဟာ မူဝါဒများကို ဖော်ဆောင်ရန်၊ တပ်ဖွဲ့၏ စီမံခန့်ခွဲမှုနှင့် စစ်ဆင်ရေး နည်းလမ်းများကို ဆန်းသစ်ဖန်တီးရန်၊ တပ်ဖွဲ့၏ တိုက်ပွဲဝင် အသင့်ပြင်မှုနှင့် စွမ်းရည်ကို ဘက်စုံ မြှင့်တင်ရန်၊ ပါတီနှင့်ပြည်သူမှ ပေးအပ်သော သမိုင်းပေးတာဝန်ကို ထိရောက်စွာ ထမ်းဆောင်ရန် အလေးထား ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်သည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်း ၉ နာရီခွဲ့ခန့်က အမှတ် ၇၈ တပ်ပေါင်းစုသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ရာ လှိုက်လှဲစွာ ကြိုဆိုသည့် လက်ခုပ်သံများကြားတွင် တပ်ပေါင်းစု အရာရှိနှင့် တပ်ဖွဲ့ဝင် ကိုယ်စားလှယ်များအား ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံ ရိုက်ကူးခဲ့သည်။

ရှီကျင့်ဖိန်က ပြီးခဲ့သည့်ကာလတွင် တရုတ်နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းဒေသ စသည့်နေရာများ၌ အစွန်းရောက်မိုးရွာသွန်းမှုနှင့် ဆိုးဝါးသည့်ရေကြီးရေလျှံမှု ဘူမိဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ရာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက သတင်းကြားသည်နှင့် ချက်ချင်း ကြီးမားသည့်တာဝန်ကို ထမ်းဆောင်ခဲ့ကြကြောင်း၊ ရေကြီးရေလျှံမှု ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ခဲ့ကြရာ အထူးတပ်ဖွဲ့၏ကဏ္ဍနှင့် ပြည်သူများ၏တပ်မတော်သားကောင်းဟူသော ပုံရိပ်ကို ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(Chinese Version)
习近平在视察78集团军时强调  创新集团军建设管理和作战运用方式  全面提高部队备战打仗能力
新华社哈尔滨9月10日电(记者梅常伟)中共中央总书记、国家主席、中央军委主席习近平8日到78集团军视察,强调要深入贯彻新时代强军思想,贯彻新时代军事战略方针,创新集团军建设管理和作战运用方式,全面提高部队备战打仗能力,有效履行党和人民赋予的使命任务。
上午9时30分许,习近平来到78集团军机关,在热烈的掌声中,亲切接见该集团军官兵代表,同大家合影留念。
习近平首先指出,前段时间,我国华北、东北等地遭遇极端降雨和严重洪涝地质灾害。解放军和武警部队闻令而动,勇挑重担,迅速投入防汛抗洪救灾工作,全力保障人民群众生命财产安全,很好发挥了突击队作用,展现了人民子弟兵良好形象。
1. 9月8日,中共中央总书记、国家主席、中央军委主席习近平到78集团军视察。这是习近平发表重要讲话。
2. 9月8日,中共中央总书记、国家主席、中央军委主席习近平到78集团军视察。这是习近平亲切接见78集团军官兵代表。