Connect with us

Europe

ဂရိနိုင်ငံ အလယ်ပိုင်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၁၅ ဦးအထိ တိုးလာ

ဂရိနိုင်ငံ အလယ်ပိုင်း Thessaly ဒေသတွင် ကူညီကယ်ဆယ်ရေးသမားများ ရာဘာလှေသယ်ဆောင်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အေသင်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံ အလယ်ပိုင်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဂရိနိုင်ငံပိုင် ရုပ်မြင်သံကြားဌာန၏ စက်တင်ဘာ ၁၀ ရက် သတင်းများအရ သိရသည်။

လက်ရှိ ဂရိနိုင်ငံ အလယ်ပိုင်းရှိ ဘေးဒဏ်သင့်ဒေသဖြစ်သည့် Thessaly မြေပြန့်လွင်ပြင်ဒေသတွင် အဆိုးဝါးဆုံး ရေနစ်မြုပ်နေဆဲဖြစ်ပြီး ကျေးရွာအများအပြားကို ရေယာဉ်နှင့်ရဟတ်ယာဉ်သုံး၍ သွားလာမှသာ ရောက်ရှိနိုင်ကြောင်း နှင့် လူပေါင်း ဒါဇင်နှင့်ချီ ပိတ်မိနေကြောင်း သိရသည်။ ကပ်ဘေးကြောင့် မြေယာဟက်တာပေါင်း ၇ သောင်းကျော် ရေနစ်မြုပ်ခဲ့ကြောင်း အေသင်မိုးလေဝသ နက္ခစောင့်ကြည့်ရေးဌာနက ပြောကြားခဲ့သည်။

ဂရိ ဝန်ကြီးချုပ် Kyriakos Mitsotakis က စက်တင်ဘာ ၁၀ ရက်တွင် Thessaly ဒေသသို့ ထပ်မံသွားရောက် ကြည့်ရှုခဲ့ပြီး ဘေးဒဏ်သင့်ဒေသများအတွက် စီးပွားရေးအကူအညီများ ပံ့ပိုးပေးမည်ဟု ကြေညာခဲ့သည်။

စက်တင်ဘာ ၄ ရက်မှစတင်သည့် ရာသီဥတုဆိုးဝါးမှုကြောင့် ဂရိနိုင်ငံ အနောက်ပိုင်းမှ အရှေ့ပိုင်းအထိ သက်ရောက်မှု ရှိခဲ့ကြောင်း ၊ အလယ်ပိုင်းဒေသများဖြစ်သည့် Volos ၊ Trikala ၊ Karditsa စသည့်ဒေသများက ထိခိုက်မှုဆိုးရွားဆုံး ဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆည်ကျိုးကျမှုကြောင့် နေအိမ် ရာနှင့်ချီ ရေနစ်မြုပ်ခဲ့သလို ယင်းဒေသရှိ လယ်ယာမြေ၊ မွေးမြူရေးခြံ ၊ စီးပွားရေးအဆောက်အဦနှင့် ရေမီးအသုံးပြုမှုများကို ထိခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)

ဂရိနိုင်ငံ အလယ်ပိုင်း Thessaly ဒေသတွင် ကပ်ဘေးဒဏ်သင့်မြင်ကွင်းများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


……………………….
(Chinese Version)
希腊中部地区暴雨和洪水致死人数增至15人
新华社雅典9月10日电(记者陈占杰)希腊国家电视台10日报道,该国中部地区暴雨和洪水已导致15人死亡。
目前,希腊中部受灾严重的色萨利平原大部分地区仍然被水淹没,很多村庄要靠船只和直升机才能抵达,数十人被困。雅典天文台说,灾情已导致超过7万公顷的土地被淹没。
希腊总理米佐塔基斯10日再次视察色萨利大区,并宣布向灾区提供经济援助。
从4日开始,恶劣天气由西向东影响希腊,中部沃洛斯、特里卡拉、卡尔季察等地受影响最为严重,暴雨和溃坝导致数百栋房屋被淹没,当地农田、养殖场、商业设施和供水供电均受到影响。
1. 9月10日,在希腊中部色萨利地区,救援人员携带橡皮艇参与救援。
2. 这是9月10日在希腊中部色萨利地区拍摄的受灾景象。