Connect with us

China

တရုတ်ရေတပ် ၄၅ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေးတပ်ဖွဲ့ အေဒင်ပင်လယ်ကွေ့သို့ ထွက်ခွာ

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတစ်ခုမှ တရုတ်ရေတပ် ၄၅ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေးတပ်ဖွဲ့ ထွက်ခွာသွားသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်ရေတပ် ၄၅ ကြိမ်မြောက် ရေကြောင်း စောင့်ရှောက်ရေးတပ်ဖွဲ့သည် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီ ပင်လယ်ပြင်ရှိ ၄၄ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေးတပ်ဖွဲ့၏ တာဝန်ကို လွှဲပြောင်းထမ်းဆောင်ရန် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့သည်။

တရုတ်ရေတပ် ၄၅ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေးတပ်ဖွဲ့သည် တာဝန်ထမ်းဆောင်ရန် ပြင်ဆင်ချိန်ကာလတွင် သင်္ဘောတင် ရဟတ်ယာဉ်၏ ပျံသန်း၊ဆင်းသက်မှုကို လေ့ကျင့်နေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ရေတပ် ၄၅ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေးတပ်ဖွဲ့သည် တာဝန်ထမ်းဆောင်ရန် ပြင်ဆင်ချိန်ကာလတွင် ထောက်ပို့ရေးလေ့ကျင့်မှုများအား ၂၀၂၃ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၄၅ ကြိမ်မြောက် ရေကြောင်း စောင့်ရှောက်ရေးတပ်ဖွဲ့ကို တရုတ်နိုင်ငံ မြောက်ပိုင်းဒေသ စစ်ဌာနချုပ် ရေတပ် တပ်ဖွဲ့အင်အားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော ဝူးလူမုချီ၊ ပဲ့ထိန်းဒုံးကျည် ဖရီးဂိတ်စစ်င်္ဘော လျင်ရီ ၊ ဘက်စုံ ထောက်ပံ့ရေးသင်္ဘော တုန်းဖိန်ဟူ၊ သင်္ဘောတင် ရဟတ်ယာဉ် ၂ စင်းနှင့် အထူးတပ်ဖွဲ့ဝင်အချို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ရေယာဉ် ၃ စင်းသည် ထိုမတိုင်မီ ရေကြောင်း စောင့်ရှောက်ရေးတာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

တာဝန်ထမ်းဆောင်စဉ် ကာလအတွင်းမှာ တပ်ဖွဲ့အနေဖြင့် အခြေအနေများ၏ထူးခြားချက်ကို အတိအကျ သုံးသပ်လေ့လာသွားမည် ဖြစ်ပြီး ရေကြောင်းလိုက်ပါစောင့်ရှောက်ရေး၊ ရေကြောင်းထောက်ပံ့ရေး စသည့် နည်းလမ်းများနှင့်ပြင်ဆင်မှုများကို ကောင်းမွန် ပြည့်စုံအောင် ပြင်ဆင်ခြင်း၊ ဖွဲ့စည်းဆောင်ရွက်မှုများကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဓိကအားဖြင့် ပြန်ပေးဆွဲခံရသည့် ကုန်သည်သင်္ဘောများကို လက်နက်အင်အားသုံး ကယ်ဆယ်ခြင်း၊ အကြမ်းဖက်နှင့် ပင်လယ်ဓားပြ တိုက်ဖျက်ခြင်း ၊ လက်နက် လက်တွေ့အသုံးပြုခြင်းစသည့် ဦးတည်ချက်ထား လေ့ကျင့်မှုများ ပြုလုပ်ကာ တပ်ဖွဲ့၏ ရေကြောင်းလိုက်ပါစောင့်ရှောက်မှုစွမ်းရည်ကို တစ်ဆင့်တိုး မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………….
(Chinese Version)
中国海军第45批护航编队起航赴亚丁湾
新华社青岛9月12日电(孙鲁明、王冠彪)中国海军第45批护航编队12日上午从山东青岛某军港解缆起航,赴亚丁湾、索马里海域接替第44批护航编队执行护航任务。
第45批护航编队主要由北部战区海军兵力组成,包括导弹驱逐舰乌鲁木齐舰、导弹护卫舰临沂舰和综合补给舰东平湖舰,搭载2架舰载直升机和部分特战队员。3艘舰艇此前均执行过护航任务。
任务准备期间,编队精准分析形势特点,修订完善伴随护航、航行补给等方案预案,精心筹划部署、严密组织实施,重点开展了武力营救被劫持商船、反恐反海盗、实际使用武器等针对性训练,进一步提升了编队遂行任务能力。
1. 9月12日,中国海军第45批护航编队从山东青岛某军港解缆起航。
2. 中国海军第45批护航编队在任务准备期间组织舰载直升机起降训练(8月25日摄)。
3. 中国海军第45批护航编队在任务准备期间组织航行补给训练(8月24日摄)。