Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် က စက်တင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပမည့် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh ၊ အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတ Ma’ruf Amin ၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့်စီးပွားကူးသန်းဝန်ကြီး Phumtham Wechayachai စသည့် နိုင်ငံခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn တို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………..
(Chinese Version)
李强将出席第20届中国—东盟博览会和中国—东盟商务与投资峰会
新华社北京9月14日电 外交部发言人毛宁14日宣布:国务院总理李强将于9月17日出席在广西南宁举行的第20届中国—东盟博览会和中国—东盟商务与投资峰会开幕式并致辞。
柬埔寨首相洪玛奈、老挝总理宋赛、马来西亚总理安瓦尔、越南总理范明政、印度尼西亚副总统马鲁夫、泰国副总理兼商业部长普坦等外国领导人和高级官员以及东盟秘书长高金洪将出席本届东博会开幕式。