Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရို တွေ့ဆုံ ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရို တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၁၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်လည်ပတ်သော ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-ဗင်နီဇွဲလား ဆက်ဆံရေးကို အချိန်အခါမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက ကြေညာခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရို တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၁၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံသည် အပြန်အလှန် ယုံကြည်မှုရှိကြသည့် မိတ်ဆွေကောင်း၊ အတူဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြသည့် မိတ်ဖက်ကောင်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်ပိုင်းများတွင် တရုတ်-ဗင်နီဇွဲလား နှစ်နိုင်ငံသည် သာမာန်နှင့်မတူသည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ဖြတ်သန်းခဲ့ကြရကြောင်း ၊ နိုင်ငံတကာအပြောင်းအလဲများကြားတွင် အပြန်အလှန် အားပေးထောက်ခံပြီး “အမာခံ” ချစ်ကြည်ရေးကို တည်ဆောက်ခဲ့ကြကြောင်း ၊ တရုတ်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံနှင့်ဆက်ဆံရေးကို မဟာဗျူဟာ ၊ ရေရှည်အမြင် ရှုထောင့်မှ အစဉ် ရှုမြင်ပြီး ပြည်ပအင်အားစု စွက်ဖက်မှုအပေါ် ဆန့်ကျင်သည့် ဗင်နီဇွဲလား၏ မှန်ကန်သည့်လုပ်ငန်းကို ခိုင်မာစွာ ထောက်ခံကြောင်း၊ တရုတ်-ဗင်နီဇွဲလား နှစ်နိုင်ငံအကြား အချိန်အခါမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် တည်ဆောက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံမျှော်မှန်းမှုနှင့် ကိုက်ညီသလို သမိုင်းဖွံ့ဖြိုးတိုးတက်ရေးအခြေအနေနှင့်လည်း လျော်ညီကြောင်း၊ နှစ်နိုင်ငံ အနေဖြင့် တရုတ်-ဗင်နီဇွဲလား မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးရလဒ်များ ပိုမို ရရှိစေရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပို၍ အကျိုးပြုနိုင်စေရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်သလို ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောစွမ်းအင်များ ဖြည့်တင်းသွားရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရို က ဗင်နီဇွဲလား-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးသည် နက်ရှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်း များပြားကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲနိုင်ငံများ ဆက်ဆံရေး၏ စံနမူနာ ဟူ၍ပင် ဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံ တရားမဝင် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုနှင့် ကိုဗစ်ကပ်ရောဂါ အခက်အခဲများစွာ ခံစားရချိန်တွင် တရုတ်အစိုးရနှင့်ပြည်သူများက အဖိုးတန်သည့် ကူညီထောက်ခံအားပေးမှုများအတွက် ဗင်နီဇွဲလား ပြည်သူများက ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ညီအစ်ကိုများ၏ ကူညီမှုကြောင့် ဗင်နီဇွဲလားပြည်သူများက အခက်အခဲစမ်းသပ်မှုများ၏ဒဏ်ကို ခံနိုင်ရည် ရှိခဲ့ပြီး နိုင်ငံ့ စီးပွားရေးတည်ဆောက်မှုတွင် သာမန်မဟုတ်သည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ လက်ရှိ ဗင်နီဇွဲလားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗင်နီဇွဲလား-တရုတ် ဆက်ဆံရေး အရေးကြီးကာလတွင် မိမိအနေဖြင့် တရုတ်နိုင်ငံသို့ နိုင်ငံတော် ခရီးစဉ် လာရောက်၍ သမ္မတ ရှီကျင့်ဖိန်နှင့်အတူ ဗင်နီဇွဲလား-တရုတ် ဆက်ဆံရေးကို အချိန်အခါမရွေး မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ဆောင်ရွက်ရန် ကြေညာခြင်းသည် သမိုင်းဝင် အနက်အဓိပ္ပါယ်ရှိရာ ဗင်နီဇွဲလား-တရုတ် ဆက်ဆံရေး ခေတ်သစ်ကို ဖွင့်လှစ်မည် ဖြစ်ကြောင်း နီကိုလပ်စ် မာဒူရိုက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များက “ရပ်ဝန်းနှင့်ပိုးလမ်းမ”အတူတည်ဆောက်ရေး၊ ကုန်သွယ်စီးပွား၊ ပညာရေး၊ ခရီးသွား၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ အာကာသ၊ လေကြောင်း စသည့်ကဏ္ဍများ၏ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်ကို အတူသက်သေပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
习近平同委内瑞拉总统马杜罗会谈
新华社北京9月13日电(记者刘华)9月13日下午,国家主席习近平在人民大会堂同来华进行国事访问的委内瑞拉总统马杜罗举行会谈。两国元首宣布,将中委关系提升为全天候战略伙伴关系。
习近平指出,中国和委内瑞拉是相互信赖的好朋友、共同发展的好伙伴。近年来,中委两国都走过了极不平凡的发展历程,双方在国际风云变幻中相互支持,结下了“铁杆”情谊。中方始终从战略高度和长远角度看待发展同委内瑞拉关系,坚定支持委方维护国家主权、民族尊严、社会稳定的努力,坚定支持委方反对外部干涉的正义事业。中委建立全天候战略伙伴关系,符合两国人民共同期待,顺应历史发展大势。双方要推动中委战略合作结出更多硕果,给两国人民带来更多福祉,也为世界和平和发展注入更多正能量。
马杜罗表示,委中两国友谊深厚,合作成果丰硕,两国关系堪称全球南方国家关系的典范。委内瑞拉人民衷心感谢中国政府和人民在委遭受非法单边制裁和新冠疫情多重困难时提供的宝贵支持和帮助。正是得益于中国兄弟的帮助,委内瑞拉人民经受住了考验,在国家经济建设事业中取得了不凡的成就。当前委国家发展和委中关系都处于重要时期,我对中国进行国事访问并同习近平主席一道宣布将委中关系提升为全天候战略伙伴关系具有历史意义,必将开启委中关系新时代。
会谈后,两国元首共同见证签署共建“一带一路”、经贸、教育、旅游、科技、卫生、航天、民航等领域多项双边合作文件。
1. 9月13日下午,国家主席习近平在北京人民大会堂同来华进行国事访问的委内瑞拉总统马杜罗举行会谈。 新华社记者 刘彬 摄