Connect with us

Europe

ဆီပတ်စတိုပိုမြို့ကို ယူကရိန်းစစ်တပ် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ရေယာဉ် ၂ စင်း ပျက်စီး၍ လူ ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ခရိုင်းမီးယား တံတား၏ မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ပင်လယ်နက်ဆိပ်ကမ်းမြို့ ဖြစ်သည့် ဆီပတ်စတိုပိုမြို့ရှိ Ordzhonikidze သင်္ဘောကျင်းကို ယူကရိန်း လက်နက်ကိုင် အင်အားစုက စက်တင်ဘာ ၁၃ ရက်တွင် ခရုဇ်ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ရေယာဉ် ၂ စင်း ပျက်စီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီပတ်စတိုပိုမြို့ မြို့တော်ဝန် Razvozaev က ယင်းနေ့တွင်ပင် အတည်ပြုပြောကြားခဲ့သည်။
ယူကရိန်းဘက်က Ordzhonikidze သင်္ဘောကျင်းကို ခရုဇ်ဒုံးကျည် ၁၀ ခု ပစ်လွှတ်ခဲ့ရာတွင် ၇ ခုကို ရုရှား၏ လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ယူကရိန်းဘက်က မောင်းသူမဲ့ ရေယာဉ် ၃ စင်းဖြင့် ပင်လယ်နက် ရေယာဉ်အုပ်စု သင်္ဘောများကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အဆိုပါမောင်းသူမဲ့ ရေယာဉ်အားလုံးကို ရုရှားကင်းလှည့်ရေယာဉ်များက ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ပြုပြင်နေသည့် ရေယာဉ် ၂ စင်းသည် ယူကရိန်းခရုဇ်ဒုံးကျည်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးမှုရှိကြောင်း ရုရှားဘက်က ဝန်ခံ ပြောကြားခဲ့သည်။

ယူကရိန်း ဒုံးကျည်တိုက်ခိုက်မှုကြောင့် သင်္ဘောကျင်း တောင်ဘက်အခြမ်း မီးလောင်ခဲ့ကြောင်း Razvozaev က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ ကနဦး အခြေအနေများအရ တိုက်ခိုက်မှုအတွင်း လူ ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆီပတ်စတိုပိုပင်လယ်အော်ရှိ သင်္ဘောများမှာ လက်ရှိတွင် ပုံမှန် သွားလာလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
俄国防部:乌军导弹袭击塞瓦斯托波尔致两船受损24人受伤
新华社莫斯科9月13日电(记者华迪)俄罗斯国防部13日发表声明说,乌克兰武装力量当天用巡航导弹袭击了位于黑海港口城市塞瓦斯托波尔的奥尔忠尼启则修船厂,两艘船只在袭击中受损。
塞瓦斯托波尔市市长拉兹沃扎耶夫同日证实,这起袭击还造成24人受伤。
声明说,乌方向奥尔忠尼启则修船厂发射了10枚巡航导弹,其中7枚被俄防空系统击落。乌方还曾试图使用3艘无人艇攻击黑海舰队船只,所有无人艇被俄方巡逻舰击毁。俄方承认,两艘正在维修的船只被乌方巡航导弹击中并受损。
拉兹沃扎耶夫在社交媒体上发文说,乌方导弹袭击导致修船厂南区起火。初步情况显示,24人在袭击中受伤。他还说,塞瓦斯托波尔湾的船只目前正常航行。
1. 这是8月12日拍摄的克里米亚大桥。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.